hit counter

Happy Birthday to 25 Years Old Mac!!

Happy Birthday Mac

ဒီနေ့ January 24 ရက်မှာ Mac လို့ခေါ်တဲ့ Macintosh က 25 နှစ်မြောက် Anniversary ကို ရောက်ခဲ့ပါပြီ။ January 24, 1984 မှာ Apple Inc ကနေ စတင်မိတ်ဆက်ခဲ့တဲ့ world first Graphical User Interface နဲ့ keyboard, mouse သုံးထားတဲ့ ကွန်ပျူတာ ဖြစ်ခဲ့တာပါ။ ဒီနေ့ ခေတ် ကွန်ပျူတာတွေရဲ့ ပထမဆုံး UI နဲ့ Operating System စတင်ခဲ့တာပါ။ အဲဒီ အချိန်ကနေ အဆင့်ဆင့်ပြောင်းလဲ ခဲ့တာ အခုဆိုရင် Macintosh ဟာ Mac OS X Leopard ဆိုပြီး နောက်ဆုံး version 10.5.6 ကို ရောက်နေခဲ့ပါပြီ။ ဒီနှစ်ကုန်လောက်မှာတော့ Snow Leopard လဲ အသစ်ထွက်တော့မှာပါ။

Apple က အမှန်တော့ မြန်မာပြည်က ကျောင်းတွေကို အရင် Multimedia Classroom Projects အတွက် ကွန်ပျူတာတွေ အများကြီး ရောင်းခဲ့ဖူးပါတယ်။ အခုတော့ အဆက်အသွယ်မရှိတော့ပါဘူး။ အခုထိလဲ ကျောင်းတော်တော်များများမှာ အရမ်းဟောင်းပြီး သုံးမရတော့တဲ့ သက်တံရောင် ပန်းသီးကိုထားတဲ့ ကွန်ပျူတာတွေ တွေ့နိုင်ပါသေးတယ်။ Mac OS ကို အခုထိသုံးကြည့်ရသလောက်ကတော့ Internet, Web App, iTunes တွေ သုံးရတာ တော်တော်မြန်ပါတယ်.. နောက် Graphic, Multimedia Software တွေ သုံးရတာ အဆင်ပြေပါတယ်။ စက်ဖွင့်တာ ပိတ်တာ အရမ်းမြန်ပါတယ်။ တစ်ခုပဲ Game အရမ်းနဲပါတယ်။ ကျန်တာတော်တော် ကောင်းပါတယ်.. အင်တာနက် သုံးရင် virus မ၀င်လို့ သုံးရတာ အဆင်ပြေပါတယ်။ ကျွန်တော်တော့ Mac ကို စွဲနေပြီ ဒါပေမယ့် တချို့ software, game တွေ အတွက် Windows ကိုလဲ BootCamp နဲ့ တင်ထားပြီး သုံးရပါတယ်။ နောက်မှပဲ Mac Software တွေ အကြောင်းရေးပါဦးမယ်။ ။

Mac in 1984

Macintosh

Mac in 2008

Mac OS X

Steve Jobs introduces the world to the Mac

Steve Jobs introduces the world to the Mac


Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: