Happy Birthday to 8 Years Old Wikipedia!!

ဒီနေ့မှာ ကမာႝ ပေါ်မှာ အစုံဆုံး နှင့် ဘာသာစကား အများဆုံး စွယ်စုံကျမ်း ဖြစ်တဲ့ Wikipedia က 8 နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ Wikipedia မှာ စွယ်စုံကျမ်းဆိုတဲ့ အတိုင်း သိလိုတာ အကုန်ရှာနိုင်ပါတယ် နောက် ကိုယ်တိုင်လဲ ပါဝင်ရေးသားနိုင်ပါတယ်။ ရှိပြီးသားတွေကိုလဲ အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။ နောက် မရှိသေးတဲ့ result ကို ကိုယ်တိုင် ၀င်ရေးနိုင်ပါတယ်။
သူ့မှာ ဘာသာ စကားမျိုးစုံနဲ့ ဖတ်နိုင်တာပါ။ မြန်မာလို ဖတ်ချင်ရင် my.wikipedia.org မှာ လဲ မြန်မာလိုဖတ်နိုင်ပါတယ်။ သူကတော့ Zawgyi font သုံးထားတာ မဟုတ်ပါဘူး အခြား တစ်ခုသုံးထားတာ ဖြစ်လို့ အဲဒီ ဖောင့်ရှိဖို့ လိုပါတယ်။ နောက် my ဆိုတာက နိုင်ငံတကာ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ အတွက် CCTLD မဟုတ်ပါဘူး my က မလေးရှား အတွက်ပါ မြန်မာက mm သာလျှင်ဖြစ်ပါတယ်။ မြန်မာလို ဖတ်ဖို့ အတွက် လိုအပ်တဲ့ Unicode ကိုလဲ အဲဒီမှာ Download ပေးထားပါတယ်။ မလေးရှား wiki ကို ရှာတဲ့သူတွေ အတွက်တော့ ms.wikipedia.org မှာ ကြည့်ရပါလိမ့်မယ်။
Zawgyi font နဲ့ Wikipedia ကို ကြည့်ချင်တယ်ဆိုရင်တော့ အခြားအနေနဲ့ Wiki Myanmar မှာ ကြည့်လို့ ရပါတယ်။ သူမှာ မြန်မာလို အလွယ်တကူ ကြည့်လို့ ရပြီး result ကတော့ my.wikipedia.org နဲ့ တူမှာ မဟုတ်ပါဘူး။ နောက် ထပ် မြန်မာ အခြား Wiki အနေနဲ့ Computer နည်းပညာတွေပဲ သီးသန့် ရေးထားတဲ့ Wiki.MysteryZillion.org လဲ ရှိပါတယ်။ သူ့တို့ အားလုံးမှာ ကိုယ်တိုင် ပါဝင်ရေးသားနိုင်ခွင့် ရှိပါတယ်။
Wikipedia.org က လက်ရှိ အနေနဲ့ Google, Yahoo!! တို့နဲ့ search အတွက် ချိတ်ဆက်ထားပြီး အခု flickr နဲ့ integrate လုပ်ဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ Mobile Phone users တွေအတွက်လဲ mobile.wikipedia.org ကို ပြုလုပ်ပေးထားပါတယ်။ Google ကလဲ Wikipedia.org ကို ယှဉ်ပြိုင်ဖို့ Knol ဆိုတဲ့ project လုပ်ထားပါသေးတယ်။ လက်ရှိတော့ အွန်လိုင်း စွယ်စုံကျမ်းမှာတော့ Wikipedia ကို ဘယ်သူမှ မကျော်နိုင်ပါဘူး။ ဒီလို အသုံးဝင်တဲ့ နောက် အခမဲ့ ရတဲ့ စွယ်စုံကျမ်း အတွက် Happy Birthday ပါလို့ ပြောချင်ပါတယ်။
Wikipedia Related Articles on Myanmar Sites
Myanmar Wikipedia by Friend 4
How to make Wiki by Saturngod
About Myanmar Wiki by Engineer 4 Myanmar
