iPhoto gets Face Recognition

iPhoto gets Face Recognition

iPhoto အသစ် မှာ အခု feature အသစ် အနေနဲ့ FaceLift (Face Recognition) နည်းပညာ အသစ် ပါလာပါတယ်။ ဒီနည်းပညာက iPhoto မှာ ထည့်တဲ့ လူပုံတွေကို သူ့ပုံ အလိုက် နာမည် တပ်ပေးလိုက်တာနဲ့ သူက ကျန်တဲ့ library ထဲက ပုံတွေ အကုန်လုံးကို သူ့ဘာသာ လူနာမည် အလိုက် album လုပ်ပေးနိုင်ပါတယ်။ နောက် အုပ်စုလိုက်ပုံတွေမှာ ပုံပေါ် mouse over တင်လိုက်ရင် လူနာမည် ပြပေးပါတယ်။

ဒီနည်းပညာက ဓာတ်ပုံ studio တွေ ဓာတ်ပုံ သမားတွေ အတွက် အတော် အသုံးဝင်မှာပါ။ ဓာတ်ပုံ သောင်းချီ ရှိတဲ့ ထဲကနေ ကိုယ်လိုချင်တဲ့ ပုံကို ရှာချင်ရင်လဲ အရမ်းလွယ်ကူသွားပါမယ်။ ဒီ face recognition နည်းက အခု iPhoto မထွက်ခင် ၁ ပတ်လောက်စောထွက်တဲ့ Google ရဲ့ Mac အတွက် ထုတ်တဲ့ Picasa (Beta) မှာ လဲပါ ပါတယ်။

iphoto-facelift

နောက် အခု အသစ် iPhoto မှာ GeoTag ဆိုတာလဲ ပါပါတယ်။ ဒါက ဓာတ်ပုံတွေ ရိုက်ခဲ့တဲ့ နေရာ ဒေသလိုက်ပြီး Google Map နဲ့ မြေပုံပါ ပြပေးတာပါ။ ဒါက Online Picasa Web မှာ လဲရနိုင်ပါတယ်။ အခု အသစ် iPhoto ကို update လုပ်မယ်ဆိုရင် 11MB လောက် update လုပ်ရပါမယ်။ ကျွန်တော်တော့ ညကပဲ လုပ်ထားလိုက်ပြီ။ ။

Via : Tech Crunch

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 2