hit counter

Tweetvisor

tweetvisor

Tweetvisor ဆိုတာကတော့ Ajax နဲ့ Twitter API သုံးပြီး ဆောက်လုပ်ထားတဲ့ အခြား web base twitter application ပါ။ ဒီဆိုဒ်မှာ ကိုယ့်ရဲ့ ကိယ်ပိုင် twitter account နဲ့ log in ၀င်ပြီးတာနဲ့ ကိုယ် follow လုပ်ထားသူတွေရဲ့ timeline ကို စကြည့်လို့ ရပါပြီ။ UI က နဲနဲ ရှုပ်တယ်ထင်ရပေမယ့်.. နဲနဲ ကြည့်လိုက်ရင် သုံးတတ်သွားမှာပါ။ အကောင်းဆုံးကတော့ page ကို refresh လုပ်စရာမလိုပါဘူး သူ့ဘာသာ timeline tweet တွေ အားလုံး auto refresh လုပ်နေတာပါ။ ဒါမျိုးက twitter ဆိုဒ်မှာ မရပါဘူး။ ရတာဆိုလို့ Twitter က Election 2008 တုန်းက page တစ်ခု သာရပါတယ်။

Tweetvisor

ဒါဆို သူနဲ့ မူရင်း twitter ဘာလို ခြားနားသလဲ ဆိုတော့ သူမှာ Direct Message, Reply, Friends’ timeline တွေကို page တစ်ခုထဲကနေ ဖတ်လို့ရတယ်။ မူရင်းမှာတော့ မရပါဘူး။ နောက် အားလုံး auto refresh လုပ်ပါတယ်။ Refresh rate ကိုလဲ box တွေ အပေါ်က slider မှာကိုယ်တိုင် သတ်မှတ်လို့ ရပါတယ်။ ကိုယ်တိုင်လဲ post လုပ်လို့ ရတယ်.. url short လုပ်ဖို့ အတွက် tinyURL လို ဆိုဒ်ကို သွားစရာမလိုပါဘူး။ သူ့မှာ Snipr ရဲ့ service တပါတဲ ပါပါတယ်။ LinkBunch လို service မျိုးတော့ မရသေးပါဘူး။

Search ကလဲ result တစ်ခါတဲ ပြပေးသလို ကိုယ်ကြည့်ချင်တဲ့ သူ timeline ကို လဲ ကိုယ့် page refresh မလုပ်ပဲ ကြည့်လို့ ရပါတယ်။ Follow လုပ်ထားတဲ့သူတွေ ရဲ့ message အော်ဘက်တိုင်းမှာ RT (Retweet), Reply, DM (Direct Message) ဆိုတာတွေလဲ တစ်ခါတဲ ပါပြီးသားပါ။ တစ်ခုပါပဲ ကျွန်တော်ကတော့ interface မကြိုက်ပါဘူး အရောင်ကောပဲ နောက် သူကတော့ twitter လို background ပြောင်းလို့ မရပါဘူး။ ဒါပေမယ့် သုံးရတာ အဆင်ပြေပါတယ်။ Beta အနေနဲ့ လက်ရှိ run နေတာ ဖြစ်ပေမယ့် TechCrunch ကတော့ ” Tweetvisor is the best browser based solution we’ve seen. ” ဆိုပြီး ညွှန်းထားပါတယ်။ ။


Related Posts

2 Comments so far »

  1. exiter said,

    Wrote on January 30, 2009 @ 4:05 pm

    သုံးကြည့်လိုက်ဦးမယ်.. :D

  2. Zatlite said,

    Wrote on January 31, 2009 @ 10:01 pm

    Hmm… Gotta try this now. Thanks.

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: