Unofficial MBS Logos

ဒီနေ့တော့ ဘာမှ လုပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်.. ဒီရက်ပိုင်း စိတ်ဓာတ်ကျနေတယ်.. ဒါနဲ့ ဟို အရင်တုန်းက MBS community အတွက် ဆွဲခဲ့တဲ့ လိုဂိုလေးခုပဲ စက်ထဲကနေယူပြီး တင်လိုက်တယ်။ ဒီလေးခု ဖြစ်ဖို့ တော်တော်လေးကို စဉ်းစားခဲ့တာ ဒါပေမယ့် ဘယ်သူမှတော့ မကြိုက်ဘူး ထင်တယ်.. ကျွန်တော်လဲ အခြားသူတွေ ကြိုက်မလားဆိုပြီး အီးမေးလ်နဲ့ အသိ လေး၊ ငါးယောက် ပို့ကြည့်သေးတယ်။ စိတ်မ၀င်စားကြဘူး ထင်တယ်ဗျ ကျွန်တော်ကတော့ ကိုယ်လုပ်ထားတာ မို့ထင်တယ် တော်တော် ကြိုက်တယ်။ စာရွက်တွေထဲလဲ အကြိမ်ကြိမ် အကျမ်းခြစ်ကြည့်ရင်း နဲ့ လုပ်ဖြစ်ခဲ့တာ နာရီတော့ တော်တော်ကြာခဲ့တာ။ အခုတော့ အမှတ်တရပဲ တင်ထားလိုက်တော့မယ်။




ဆူးလင်းသစ် said,
Wrote on January 19, 2009 @ 5:28 pm
စိတ်ဓါတ်ကျမှာပေါ့ ကြည့်မြင်တိုင်ကို လိုက်ခဲ့ပါလို့ပြောတာ တေဇာမှမလိုက်တာ စိတ်ဓါတ်ကျရင် ဆူးလင်းကိုလက်တို့လိုက် အဲ့ဒါကိုဖြေရှင်းတဲ့နေရာ ငါအတော်ဆုံးဟ…း)
Like or Dislike:
0
0
zawzaw said,
Wrote on January 26, 2009 @ 11:56 am
စိတ်ဓါတ်မကျပါနဲ့ ပေဂျာလေးရယ်။ ဘာအကြောင်းနဲ့ဖြစ်ဖြစ်ပေါ့ ၊ အားတင်းထားစမ်းပါ။
နောက်တခုက မင်းပေးတဲ့လိုဂိုလေးကိုတို့တွေ ကြိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ကို သုံး ဖို့ အကြောင်းအရာက သုံးခွင့်မပေးနိုင်အောင် ဟန့်တားခဲ့သလိုဖြစ်ခဲ့တာ စိတ်မကောင်းပါ ဘူး။ မင်းရဲ့ ကြိုးစားအားထုတ် မှုကို ငါတို့အသိအမှတ်ပြုပါတယ်။
ကိုဇော်
Like or Dislike:
0
0