WordPress.tv
Automattic ကနေ အခု WordPress.tv ဆိုတဲ့ site အသစ်ကို launch လုပ်ထားပါတယ်။ ဒီဆိုဒ်မှာ WordPress.com နဲ့ WordPress.org (self-hosted WP) အတွက်ပါ tutorial, tips & tricks video တွေ ကြည့်လို့ ရမှာပါ။ နောက် အခြား WordCamp နဲ့ Interview video တွေ လဲရှိပါတယ်။
ဗီဒီယိုတွေက HD ပါ support လုပ်ပါတယ် နောက် ကိုယ့်ဆိုဒ်မှာ ထည့်ဖို့ embed လဲ ယူလို့ ရပါတယ်။ အခု လက်ရှိမှာ ဗီဒီယို 150 ရှိတယ်လို့လဲ သိရပါတယ်။ ဒီဆိုဒ်မှာ ဗီဒီယိုတွေ ကြည့်လို့ ရသလို ကိုယ်တိုင် တင်ချင်ရင်လဲ ရပါတယ်။ WordPress.com အကောင့်ရှိတဲ့ သူတွေ အနေနဲ့ အကောင့် အသစ်လုပ်စရာ မလိုပါဘူး။ အခု အပေါ်က ဗီဒီယိုကတော့ WordPress.tv အကြောင်း ဗီဒီယိုပါ။
News Via : RWW
