Archive for February, 2009

Sony Ericsson Idou

Sony Ericsson Idou

Sony Ericsson ရဲ့ အသစ်ထွက်မယ့် mobile phone အသစ် Idou ပုံပါ။ သူက camera က 12.1 Megapixels CyberShot ပါမှာ ဖြစ်ပြီး touch screen နဲ့ပါ။ လက်ရှိ ထွက်ထားတာက C905 ရဲ့ 8.1 Megapixels ကို ကျွန်တော်က တော်တော်မြင့်တယ်ထင်နေတာ အခု အသစ်ထွက်မှာက 12.1 တဲ့။ Sony Ericsson က ပြောတာ နောက် 2 နှစ် အတွင်းမှာ 20 Megapixels ကင်မရာ ဖုန်းထုတ်မယ်လို့လဲ ပြောထားပါတယ်။ အခုထိတော့ Idou ရဲ့ detail spec ကို မသိရသေးပါဘူး.. ဘယ်တော့ ထုတ်မယ်လဲ မသိရသေးပါဘူး။ Idou page ကတော့ Sony Ericsson မှာ စပြီး တက်နေပါပြီ။

Read the rest of this entry »

Happy Birthday to 54 Years old Steve Jobs

Apple Cake

မနေ့က February 24 ရက်မှာ Apple Inc ရဲ့ CEO Steve Jobs ရဲ့ 54 နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ Apple Inc မှာ တာဝန်ထမ်းနေတာ မဟုတ်ပါဘူး ရောဂါ ကြောင့် ၆ လခန့် အနားယူနေတယ်လို့ သတင်းတွေမှာ ပြီးခဲ့တဲ့ လက ဖတ်ရပါတယ်။ သူဟာ Apple ကို စပြီး တည်ထောင်ခဲ့တဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်.. နောက်ပိုင်း 1990 ကျော်လောက်မှာ Apple နာမည် ကျလာပြီးတဲ့ နောက် သူ့ရဲ့ iPod ထုတ်ကုန်တွေနဲ့ Apple ကို ပြန်အသက်ဆက်ပေးခဲ့တာပါ။

Read the rest of this entry »

Gmail Fail Cartoon

Gmail Down

မနေ့က Gmail ဟာ သူ့သမိုင်းမှာ အဆိုးဆုံး အခြေအနေနဲ့ down ခဲ့ပါတယ်။ ဒီနေ့တော့ ပြန်ရနေပါပြီ။ မနေ့က Gmail goes down ပို့စ်မှာ ရေးသွားတဲ့ PC Disorder ရဲ့ကွန်မန့်က ကာတွန်းလေး ပြန်တင်လိုက်ပါတယ်။ တကယ်ပါ ကျွန်တော် Gmail ကို west မှာ သိပ်မသုံးလောက်ဖူး ထင်ထားတာ.. ထင်တာ Yahoo mail, Hot mail, AIM, Apple’s Me တို့ အသုံးများမယ် ထင်ထားတာ နောက်ပိုင်း သူတို့လဲ Gmail ကို သုံးလာကြတာပဲ။

Read the rest of this entry »

Breaking News : Google, Gmail go down

Gmail Down ~ 403 Error

ဒီနေ့ Gmail ကော Google.com ကော မကြာမကြာ down နေပါတယ်။ အရင်လဲ တစ်ခါတလေ ကြုံတာမျိုး ရှိပေမယ့်.. ဒီနေ့ ကတော့ အဆိုးဆုံးပါပဲ ကမ္ဘာအနှံ့ က Gmail users တွေ ဒီနေ့ twitter မှာ ပြောနေကြတာ အများကြီးတွေ့ရတယ်. ကျွန်တော် ဆီမှာတော့ တခါတလေ ရနေပြီး တခါ refresh လုပ်ရင် မရတော့ပြန်ဘူး။ Google.com မှာ search လုပ်ဖို့လဲ တခါတလေ ရတယ် တခါ မရတော့ပြန်ဘူး။ CNN သတင်း ကတော့ ပြောသွားပါတယ် အခုဖြစ်နေတာကို Google က အမြန်ပြင်ဖို့ ကြိုးစားနေပါတယ်တဲ့။

Read the rest of this entry »

Congratulation Heath Ledger

Heath Ledger

Oscar 2009 ဆုပေးပွဲမှာ Heath Ledger ဟာ Batman ~ The Dark Knight ဇာတ်ကားမှာ ဂျိုကာ အဖြစ် သရုပ်ဆောင်ရာကနေ Best Supporting Actor ဆုကို ရရှိခဲ့ပါတယ်။ ကျွန်တော် ထင်ပါတယ် အစကတဲက ဒီနှစ်သူ ရလိမ့်မယ်လို့ သူရသင့် မရသင့်က စာဖတ်သူ Dark Knight ကြည့်ခဲ့ဖူးရင် သိမှာပါ။ သူသေပြီးမှ ရခဲ့တာပါ။ စိတ်မကောင်း စရာပဲ ဒါပေမယ့် ဂုဏ်ယူပါတယ်..

Read the rest of this entry »

You, Me And Bourgeoisie

The Submarines

ဒီနေ့တော့ မီးပျက်နေတာ ဘာမှမတင်တော့ဘူး.. သီချင်း တစ်ပုဒ်ပဲ တင်တော့မယ်။ The Submarines ရဲ့ You, Me & Bourgeoisie ဆိုတဲ့ သီချင်းပါ။ စန္ဒယားသံနဲ့ စတယ်.. အဲဒီ အသံကို မိတ်ဆွေလဲ ကြားဖူးချင် ကြားဖူးမယ်.. လောလောဆယ် iPhone 3G Ads တွေမှာ နောက်ခံ အသံအနေနဲ့ သုံးနေပါတယ်။ Shazem App ကြော်ငြာမှာ လဲတွေ့နိုင်ပါတယ်။ အခုတလောတော့ ခဏတိုင်း နားထောင်ဖြစ်တယ်.. စာသားလဲ ကြိုက်တယ်။ မိတ်ဆွေလဲ ကြိုက်မှာပါ။ Hosting မရှိတာရယ်. နောက် copyright တွေကြောင့် သီချင်းဖိုင်တော့ တင်မပေးတော့ဘူး လိုချင်ရင် အခု ပို့စ်မှာ comment မှာ ရေးတောင်းနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Nuclear ~ Nightmare Of The Earth ?

Nuclear Explosion

Nuclear ဆိုတာကို ဒီနေ့ ကမ္ဘာပေါ်မှာ စွမ်းအားပြင်း ဗုံး ပြုလုပ်တဲ့ နေရာမှာ အများဆုံး အသုံးချပါတယ်။ Nuclear ကို အစ္စရေး ဂျူး လူမျိုး အနွယ် ဂျာမနီနိုင်ငံ မြို့နယ်လေး တစ်ခုမှာ မွေးဖွားတဲ့ သိပ္ဗံပညာရှင် အဲလ်ဘတ် အိုင်စတိုင်း က စတင် ဖော်ထုတ်ခဲ့ပါတယ်။ E = mc2 သီအိုရီက နေဖော်ထုတ်ခဲ့တာပါ။ အခု ဒီပို့စ်မှာတော့ အကြောင်းအရာ အပြည့်အစုံ မရေးသေးပဲ အကျဉ်းချုံးပြီး Nuclear ရဲ့ စွမ်းအင်တွေ ဗဟုသုတမျိုးကိုပဲ ရေးသွားမှာပါ။

Read the rest of this entry »

iPhoney

iPhoney

iPhoney ဆိုတာ iPhone Web page တွေကို iPhone, iPod touch မှာ မြင်ရတဲ့ ပုံစံကို သိရအောင် လုပ်ပေးနိုင်တဲ့ tool တစ်ခုပါ။ Web designer, developer တွေ အတွက် အသုံးဝင်ပါလိမ့်မယ်။ Safari လိုပဲ Webkit engine ကို သုံးထားတာပါ။ ဆိုဒ်တွေကို ဒေါင်လိုက် အလျားလိုက် ပြောင်းကြည့်ချင်ရင် command + T နှိပ်ပြီး ကြည့်နိုင်ပါတယ်။ Mac OS အတွက်ပါ။ iPhone Apps တွေ စမ်းဖို့ simulator မျိုးတော့ မဟုတ်ပါဘူး။

Read the rest of this entry »

Singles Awareness Day

Singles Awareness Day

ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်က Singles Awareness Day ပါ။ ကျွန်တော့်နေ့ပေါ့ :D ဒီလိုပါပဲ ဒီနေ့လဲ ဆိုင်သွား ကူရမယ်။ ပြီးရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်။ နောက် သူငယ်ချင်းတစ်ယောက်ကို tutorial အခွေ ကူးပေးမယ်။ သီချင်းနားထောင်မယ် ဂစ်တာတီးမယ် ပြီးရင် အိပ်မယ်။ တခါတလေ တစ်ယောက်တဲ နေရတာ ကောင်းတယ်လို့ ခံစားမိတယ်.. တခါတလေ တော့လဲ နောက်တစ်ယောက်လောက် အဖော် ရှိရင် ကောင်းမယ်လို့ တွေးမိတယ်။ အိမ်မှာ နေလဲ သီချင်းနားထောင်ရင် ဘယ်တော့မှ အချစ် သီချင်း နားမထောင်ဖြစ်ဘူး.. အချစ်သီချင်း နားထောင်ရတာ ရှက်စရာကောင်းတယ်လို့ ထင်တယ်.. ကာတွန်းကားတွေထဲက သီချင်းတောင် နားထောင်ရတာ မရှက်ဘူး။ အိမ်မှာ အသံကုန်ဖွင့်တာပဲ.. ဂစ်တာတီးရင် အချစ် သီချင်း မတီးတတ်ဖူး တီးရင်တော့ နားညီးတဲ့ သီချင်းတွေတီးတယ် စာသားက သေတဲ့ အကြောင်းရယ်၊ သင်္ချင်းကုန်းတို့၊ လူသတ်တာတို့ ငရဲအကြောင်းတို့ လို စာသားတွေ ပါတဲ့ သီချင်းတွေ ပဲ ကြိုက်တယ်။

Read the rest of this entry »

Happy Valentine to YOu!!

bemyvalentine

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် Valentine Day မှာ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။ Valentine နီးကတဲက အတွဲတွေကို နေရာတကာတွေ့နေရတာ ဒီနေ့ မနက် ကတည်းက အမေ့ကို ဆိုင်မှာ လိုက်ကူနေတာ အတွဲတွေပဲ တွေ့နေရတယ်။ ဒီလိုပါပဲ နှစ်တိုင်း ဘယ်မှမသွားဘူး။ =) သွားစရာမှ မရှိပဲကိုး… :P ဈေးတွေမှာ ချောကလတ် မှိုတက်တွေ ပန်းမှိုတက်တွေ ထုတ်ရောင်းကြတယ်။ ပျော်ပွဲရွှင်ပွဲဆိုပြီး လုပ်ကြတယ်။ အရင်တုန်းက ဒီလောက် မဟုတ်ဘူး ဒီနှစ်တွေမှာ ပိုဆိုးလာတယ် နောက်ဆို ဒီနေ့က official holiday ဖြစ်တော့မယ်ထင်တယ်။ ဒီနေ့က ကျွန်တော်နဲ့ မဆိုင်ဘူး မနက်ဖြန် february 15 က မှ ကျွန်တော့်ရက် ဖြစ်လာမှာ. ဒီနေ့တော့ ဘာမှ မလုပ်ဘူး အိမ်မှာပဲ ဂစ်တာတီးတော့မယ်။ ။