Breaking News : Google, Gmail go down

ဒီနေ့ Gmail ကော Google.com ကော မကြာမကြာ down နေပါတယ်။ အရင်လဲ တစ်ခါတလေ ကြုံတာမျိုး ရှိပေမယ့်.. ဒီနေ့ ကတော့ အဆိုးဆုံးပါပဲ ကမ္ဘာအနှံ့ က Gmail users တွေ ဒီနေ့ twitter မှာ ပြောနေကြတာ အများကြီးတွေ့ရတယ်. ကျွန်တော် ဆီမှာတော့ တခါတလေ ရနေပြီး တခါ refresh လုပ်ရင် မရတော့ပြန်ဘူး။ Google.com မှာ search လုပ်ဖို့လဲ တခါတလေ ရတယ် တခါ မရတော့ပြန်ဘူး။ CNN သတင်း ကတော့ ပြောသွားပါတယ် အခုဖြစ်နေတာကို Google က အမြန်ပြင်ဖို့ ကြိုးစားနေပါတယ်တဲ့။

နောက် Google Groups မှာရှိတဲ့ Gmail group မှာ porn (Adult Content) ပုံတွေ တက်နေတဲ့ အကြောင်းကိုလဲ ခုဏကပဲ Tech Crunch သတင်း တက်လာပါတယ်။ အဲဒီ group က Official Gmail Group တော့ မဟုတ်ပါဘူး။ အခုတော့ အဲဒီ group မှာ ပုံတွေမရှိတော့ပါဘူး လွန်ခဲ့တဲ့ ၄၅ မိနစ် အတွင်းလောက်က ဖျက်လိုက်ပါပြီ။ ဒါပေမယ့် ဒီနေ့ ဘာတွေဖြစ်နေတာလဲ မသိပါဘူး။ Google Sever အားလုံး ဖြစ်နေတဲ့ ဒီပြသနာက တော်တော် ထူးဆန်းတာပါ။ အခုထိတော့ Google က တရားဝင် ဘာမှ မပြောသေးပါဘူး။ အခုထိတော့ တခါတလေ http://sorry.google.com/sorry/ ဆိုပြီး We are sorry error ပဲ တက်လာတယ်။ ။


David Miron (Soluto) said,
Wrote on February 24, 2009 @ 11:30 pm
Gmail Fail Cartoon
http://www.pcdisorder.com/2009/02/gmail-down-is-it-world-ending.html
Win Naing said,
Wrote on February 25, 2009 @ 9:40 am
Thanks for the post, I will bookmark your blog on our official site.
Gmail Fail Cartoon | My Burmese Blog said,
Wrote on February 25, 2009 @ 7:31 pm
[...] ဒီနေ့တော့ ပြန်ရနေပါပြီ။ မနေ့က Gmail goes down ပို့စ်မှာ ရေးသွားတဲ့ ကွန်မန့်က [...]