Happy Birthday to 54 Years old Steve Jobs

မနေ့က February 24 ရက်မှာ Apple Inc ရဲ့ CEO Steve Jobs ရဲ့ 54 နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ Apple Inc မှာ တာဝန်ထမ်းနေတာ မဟုတ်ပါဘူး ရောဂါ ကြောင့် ၆ လခန့် အနားယူနေတယ်လို့ သတင်းတွေမှာ ပြီးခဲ့တဲ့ လက ဖတ်ရပါတယ်။ သူဟာ Apple ကို စပြီး တည်ထောင်ခဲ့တဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်.. နောက်ပိုင်း 1990 ကျော်လောက်မှာ Apple နာမည် ကျလာပြီးတဲ့ နောက် သူ့ရဲ့ iPod ထုတ်ကုန်တွေနဲ့ Apple ကို ပြန်အသက်ဆက်ပေးခဲ့တာပါ။

နောက် သူဆက်ပြီး ထုတ်လုပ်တဲ့ Power Book, နောက် Macintosh သမိုင်းမှာ အရောင်းရဆုံး MacBook, နောက် ကမ္ဘာ အပါးဆုံး MacBook Air, iPhone တွေဟာ Steve Jobs ရဲ့ ကျွမ်းကျင်မှု၊ ခေါင်းဆောင်မှု အရည်အချင်းတွေကို ပြနေတာဖြစ်ပါတယ်။ သူ့မှာ နှလုံး ရောဂါဖြစ်နေတယ်လို့ လွန်ခဲ့တဲ့ နှစ်က သတင်းထွက်ခဲ့ပါသေးတယ်.. နောက်တော့ သိသိသာသာ ပိန်လာပြီး အခု အနားယူနေတာပါ။ ကွန်ပျူတာလောက မှာ Bill Gates, Jerry Yong, Tim O’Reilly, Eric Meyer တို့လိုပဲ ကျွန်တော် လေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ နောက် ဗုဒ္ဓဘာသာဝင် လဲဖြစ်တဲ့ Steve Jobs တစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ပြီး ကျန်းမာစွာနေနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ။
Happy Birthday to Steve Jobs





Images Via Credit : 13 Delecious Apple Birthday Cakes ~ Mr.Gadget

emoracket said,
Wrote on March 1, 2009 @ 3:38 pm
that is so cool
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on March 2, 2009 @ 2:51 pm
@emoracket ~ Do you wanna eat buddy?
Like or Dislike:
0
0
Apple said No Apple NetBook!! | My Burmese Blog said,
Wrote on April 24, 2009 @ 6:46 pm
[...] ရဲ့ CEO Steve Jobs လက်ရှိ ကျန်းမာရေး အရ [...]
Like or Dislike:
0
0