Mist Morning


Mist in the morning

ဒီရက်တွေမှာ မနက်ဆိုရင် မြူတွေ တော်တော်ကျတယ်.. ရှေ့ဘက်ဆို မနက်ခင်း သိပ်မမြင်ရဘူး။ ညဘက်မီးလာတဲ့ ရက်တွေဆိုရင် မနက်လမ်းလျှောက်ဖြစ်တယ်။ ညတစ်ညလုံး ကွန်ပျူတာသုံးပြီးရင် ၄ ခွဲဆို ကန်တော်ကြီးဘက် လမ်းလျှောက်တယ်။ အရင်လို လူသိပ်မများတော့ဘူး လူ ရင်းသွားတော့ လမ်းလျှောက်လို့ ကောင်းပါတယ်။ မနက်ဆို မြူကျတော့ ကားကို သတိထားရတာ တစ်ခုပဲ။

ပြီးရင် ၆ နာရီလောက်ဆိုရင်တော့ ပြန်ပြီ.. အဲဒီနားက အာလူးပူရီဆိုင်မှာ အ၀စားပြီး မှပြန်ဖြစ်တယ်။ မနက်ဆို အိမ်အနောက်ဘက်က လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ တိုက်ဆောက် အလုပ်သမားတွေ ယူလာတဲ့ ကြက်ဖကြီးက မနက်ဆို “ဥ ကြီးကြီး ဥ” လို့ ကြိမ်နှုန်းမှန်မှန်နဲ့ အော်သေးတယ်။ ပြီးရင်တော့ အိမ်ပြန်ရောက်ရင် အိပ်တော့တာပဲ။ နေ့ဖက်ဆို မီးမလာတော့ နေဖက်အိပ် ညဘက် စာလုပ်ရတဲ့ အကျင့်ဖြစ်နေတာ ကြာပြီ။ အခုတော့ မနက်မှာ ရိုက်ထားတဲ့ ပုံတွေ တင်ထားလိုက်ပါတယ်။ Good Morning….

Birds

Birds

Mist

Kandawgyi




Related Posts

3 Comments so far »

  1. Zatlite said,

    Wrote on February 3, 2009 @ 8:04 pm

    I miss misty mornings. The cold season here doesn’t bring the same kind of thick mist I so loved.

    Like or Dislike: Thumb up 0 Thumb down 0

  2. Myo Kyaw Htun said,

    Wrote on February 3, 2009 @ 8:34 pm

    ပုံတွေ မိုက်တယ်

    Like or Dislike: Thumb up 0 Thumb down 0

  3. Thant said,

    Wrote on February 4, 2009 @ 7:46 am

    ဟင်း…..ပုံတွေကြည့်ပြီး ငိုင်သွားတယ် ။ ငှက်ကလေးတွေရှိတဲ့ ဆောင်းမနက်ခင်းကို လွမ်းတယ်….း(

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: