Myanmar Academy Award 2007


Myanmar Academy Award 2007 ~ (2009)

၂၀၀၇ ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲကို မနေ့က ညနေ (ဖေဖော်ဝါရီ ၈) မှာ နေပြည်တော်၊ မြို့တော်ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ MRTV ကနေ လဲတိုက်ရိုက်ပြပေးပါတယ်။ ဒီနှစ်အတွက် အကယ်ဒမီဆု ၆ ဆုသာ ပေးတာဖြစ်ပြီး ၅ ဆုက ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားက ရခဲ့တာပါ။ ကျန်တဲ့ဆုဖြစ်တဲ့ ရုပ်ရှင် ဓာတ်ပုံဆုကို ငါ့သွေး၊ ငါ့ဓား၊ ငါ့ဧရာဝတီ က ရခဲ့တာပါ။

Nandar Hlaing

ဒီနှစ်မှာ ထူးထူးခြားခြား ရုပ်ရှင်ဇာတ်ညွှန်းဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု၊ ရုပ်ရှင်အသံဆု တို့ဆုပေးခြင်း မရှိပါဘူး။ ဆုရတဲ့ အထဲမှာ အမျိုးသားဇာတ်ပို့ဆုကို ဟာသ သရုပ်ဆောင် ဦးမိုးဒီက ရပါတယ်။ သူက ကျွန်တော့် အထင် ဒီဆုနဲ့ လွဲနေတာ အရင် ၃ ကားလောက် ရှိခဲ့ပြီ ထင်ပါတယ်။ ဒီနှစ်မှ ဆုရတာပါ။ ၂၀၀၇ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရသူတွေ ကတော့

ဇာတ်ကားဆု – ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု – မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု – ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု – မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)

ရုပ်ရှင်ဓါတ်ပုံဆု – ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု – စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)

အကယ်ဒမီ ဆုပေးပွဲ သတင်းအစုံ အလင်ကိုတော့ အောက်က လင့်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

Academy Related News

Academy Awards History ~ Planet Academy
၂၀၀၇ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွှန်ဆုပေးပွဲ ~ Planet
Academy Awards ~ Time to Time
Myanmar Motion Picture Academy Awards History on Wikipedia
Myanmar Academy Awards ~ Shwe Darling
Myanmar Academy Awards ~ Myanmar Chit Chat
Myanmar Academy History on People Magazine

Images Via : Planet



Related Posts

2 Comments so far »

  1. exiter said,

    Wrote on February 10, 2009 @ 11:06 am

    အင်းဒီနှစ်က ကျား နှစ်လို့ပြောရမလိုတောင်ဖြစ်နေပြီ အဟိ :D

    Like or Dislike: Thumb up 0 Thumb down 0

  2. သဉ္ဖာ said,

    Wrote on February 12, 2009 @ 8:20 am

    အမှန်က နောက်နှစ်မှ ကျားနှစ်ဟာကို.. :D ကြည့်ရတာ ဒါလဲ ယတြာချေတာ ဖြစ်လောက်တယ်။ အမျိုးသမီးတွေကို တတ်နိုင်သလောက် စင်ပေါ်ပေးမတက်ဘူး ဆိုတဲ့သဘောနဲ့လေ

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: