Myanmar ICT Exhibition 2009
ICT Exhibition 2009 ကို ဖေဖော်ဝါရီလ ၁၂ ၇က်ကနေ ၁၅ ရက် အထိ Myanmar Info-Tech (MICT) မှာ ပြုလုပ်ပါတယ်။ ဒီနှစ်လဲ သွားဖို့မရည်ရွယ်ထားပဲ ပထမဆုံးနေ့မှာပဲ ကိုsaturn, emoracket တို့နဲ့ ရောက်သွားပါတယ်။ ၀င်ပေါက်မှာကတဲက သတိထားမိတာ နေပူတယ်.. နောက် ဂျပန်ဝတ်စုံနဲ့ MSI က မော်ဒယ် ၂ ယောက်ကို စတွေ့တော့ နဲနဲ ပြန်ပျော်သွားတယ်.. ဆိုင်တွေက အရင် ကန်တင်းနေရာမှာ လုပ်ထားတာ အ၀င်ဖက်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ ၂ ပွဲတင်ထားတာတွေ့တယ် net ကောင်းအောင် ဖြစ်မယ်ထင်တယ်။ နောက် Wi Max ရောင်းတဲ့ Red Link တို့ အရင်ပါနေကြ ဆိုင်တွေပဲ ပါနေကြ ပစ္စည်းတွေ ရောင်းကြတယ်။ အရင်လိုပါပဲ ဒါပေမယ့် အရင်လို မော်ဒယ်တွေ သိပ်မငှားကြတော့ဘူး။
နောက် main hall ဘက်ထဲမှာတော့ Acer, MSI, Blu Ray, Ma Ma (noodle) တို့ ရှိပါတယ်။ ခေါက်ဆွဲက အလကားကျွေးတယ် ကျွန်တော်တို့တောင် စားမလို့ လူ အရမ်းများနေလို့.. အထဲမှာ game ပြိုင်ပွဲရှိပါတယ်။ Counter Strike နှင့် Warcraft Dota All Stars ပြိုင်ကြပါတယ်။ ခဏ ထိုင်ကြည့်ဖြစ်တယ်။ ကျွန်တော့်သူငယ်ချင်း clan လဲ ၀င်ပြိုင်တယ်ပြောတယ် မတွေ့ခဲ့ဘူး။ အပေါ်ထပ်က အခန်း 205 မှာလဲပြိုင်ကြပါတယ်။ နောက်တော့ ကျွန်တော်တို့ အအေးဆိုင် ခဏထိုင်ပြီး ပြန်ကြတယ်။ Info-Tech ထဲမှာ wireless လိုင်း အဲဒီ ပြပွဲကာလမှာ အတော်များများ ရှိပါတယ်။ RedLink, Public Wi Fi, eTrade တော်တော်များများပဲ။ ဒါပေမယ့် တစ်ခုမှ သုံးမရဘူး။ Public WiFi ကလဲ တက်မလာဘူး။ ဒါနဲ့ စိတ်ကုန်ပြီး ပြန်ခဲ့တယ်။ နောက်ရက် ၁၃ ရက်နေ့ကလဲ ရောက်ဖြစ်ခဲ့သေးတယ်။ Stick တစ်ချောင်းပဲ ၀ယ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာလဲ ကြည့်ရတာ ဒါမျိုးတွေ အများကြီးလုပ်မယ်နဲ့ တူပါတယ်။ ဓာတ်ပုံ တချို့တော့ အခုတင်ထားလိုက်ပါတယ်။ ။
Myanmar ICT Related News
Web Show 2008
10th Anniversary ICT Exhibition (2008)
Foxconn Dota All Stars Tournament
Myanmar ICT Exhibition 2008


















နေယံဦး said,
Wrote on February 16, 2009 @ 1:45 pm
မာမား ခေါက်ဆွဲက အလကားကျွေးတာလား။ အာ . . မသိလိုက်ဘူးဗျာ။ ကျွန်တော်က ဝယ်စားရတယ်မှတ်လို့။ ပိုက်ဆံကုန်မှာစိုးလို့ ဒီအတိုင်း ဗိုက် ဟောင်းလောင်းနဲ့ ပြန်လာခဲ့တယ်။ အလကားမှန်းသိရင် တွယ်တာပေါ့။
ကျွန်တော်ကတော့ ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြပွဲကို တစ်ကိုယ်တည်းရောက်ခဲ့ကြောင်းပါ။ အကျီ င်္ဆင်တူတွေ ဝတ်ထားတဲ့ အတွဲလေးတွေကိုတော့ အများကြီးတွေ့ခဲ့ရကြောင်းပါ။
Htoo Tay Zar said,
Wrote on February 17, 2009 @ 7:01 pm
@နေယံဦး ~ ဟုတ်တယ်ဗျ အလကားကျွေးတာ ကျွန်တော်တို့ တန်းစီမလို့ အကြာကြီး စောင့်ရမှာ မို့မစားလိုက်ရတာ
၁၄ ရက်နေ့မှာ ဆင်တူဝတ်စုံတွဲတွေ မြင်ရင် ကျွန်တော်ကတော့ ရေနဲ့ လိုက်ပတ်ချင်တာ ကြည့်မရလို့ အဟဲ=D
NyiNyiKhine said,
Wrote on March 12, 2009 @ 4:19 pm
နောက်လည်း seminor တွေပွဲတွေရှိရင်မေးလ်လေးတစ်ချင်လောက်ကမ်းပေးပါဗျို့ ။
အခုလို share လုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
Myamar ICT Exhibition May 2009 | My Burmese Blog said,
Wrote on May 6, 2009 @ 7:09 pm
[...] Myanmar ICT Exhibition Feb, 2009 Related PostsMyanmar Weather and Natural Disaster InformationStorm in Bay Of BangleMessage from Myanmar TeleportOver Clocking SeminarMyanmar ICT Exhibition 2009Myanmar Academy Award 2007Fire At Yuzana Plaza, Yangon [...]