hit counter

Nuclear ~ Nightmare Of The Earth ?

Nuclear Explosion

Nuclear ဆိုတာကို ဒီနေ့ ကမ္ဘာပေါ်မှာ စွမ်းအားပြင်း ဗုံး ပြုလုပ်တဲ့ နေရာမှာ အများဆုံး အသုံးချပါတယ်။ Nuclear ကို အစ္စရေး ဂျူး လူမျိုး အနွယ် ဂျာမနီနိုင်ငံ မြို့နယ်လေး တစ်ခုမှာ မွေးဖွားတဲ့ သိပ္ဗံပညာရှင် အဲလ်ဘတ် အိုင်စတိုင်း က စတင် ဖော်ထုတ်ခဲ့ပါတယ်။ E = mc2 သီအိုရီက နေဖော်ထုတ်ခဲ့တာပါ။ အခု ဒီပို့စ်မှာတော့ အကြောင်းအရာ အပြည့်အစုံ မရေးသေးပဲ အကျဉ်းချုံးပြီး Nuclear ရဲ့ စွမ်းအင်တွေ ဗဟုသုတမျိုးကိုပဲ ရေးသွားမှာပါ။

ကျွန်တော်လဲ ရူပဗေဒ ကျောင်းသား အနေနဲ့ nuclear ကို မေဂျာ တစ်ခုအနေနဲ့ သင်ယူရပါတယ်။ အဲဒီထဲက ကောက်နှုတ်ချက်တွေ၊ အခြား ဆောင်းပါးတွေ၊ မဂ္ဂဇင်း၊ နောက် web sites တွေကနေ ကိုးကားပြီး ဗဟုသုတအနေနဲ့ ရေးပါဦး မယ်။ အခုလောလောဆယ် ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ နျူ ဆိုတဲ့ စာအုပ်ထဲက အချို့ ကို ပြန် တင်လိုက်ပါတယ်။

FatMan Bomb
Fat Man is the codename for the atomic bomb that was detonated over Nagasaki

1 ~ ပထမဆုံး ဟီရိုရှိးမားမြို့ ကိုကျဲချခဲ့တဲ့ nuclear bomb ဟာ အခြေပြောင်း ဒြပ်ထုပမာဏ ၅ ပေါင် ရှိခဲ့လျင် ပေါက်ကွဲအားဟာ TNT ယမ်းဘီလူး တန်ချိန် ၄၀၀၀၀ နှင့် ညီခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ထွက်ပေါ်လာတဲ့ ပမာဏဟာ ၂၀၀၀၀၀ ခန့်သာရှိခဲ့ပါတယ်။

2 ~ 1945 မှာ ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့ တွေမှာ ကျဲခဲ့တဲ့ bomb တွေဟာ ပေါက်ကွဲအား ပြင်းပေမယ့် တကယ်တန်းတော့ အမေရိကန်က အဲဒီ ဗုံးတွေကို အစမ်းဖောက်ခွဲဖို့ ပြုလုပ်ခဲ့တာသာ ဖြစ်ပါတယ်။ ၃ လုံး လုပ်ခဲ့တာ ဖြစ်ပြီး ၁ လုံးကို စမ်းသပ်ခဲ့ပါတယ်။ ကျန် ၂ လုံးကို ဒုတိယ ကမ္ဘာစစ်မှာ မလွဲမရှောင်သာ ကျဲခဲ့တာပါ။ တကယ်ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဗုံးဆိုလျင် ပိုပြီး အားပြင်းမှာ ဖြစ်ပါတယ်။

3 ~ 1952 ခုနှစ် နို်ဝင်ဘာလ မှာ အမေရိကန် ပြည်ထောင်စုဟာ ပစိဖိတ် သမုဒ္ဒရာမှာ nuclear bomb တစ်လုံး စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။ ဒီ bomb ဟာ 64 တန်လေးပြီး ဟီရိုရှီးမားမြို့မှာ ကျဲခဲ့တဲ့ ဗုံးထက် အဆ ၅၀ ပိုပြီး ပြင်းပါတယ်။

4 ~ ကမ္ဘာသမိုင်းမှာ အကြီးကျယ်ဆုံးနှင့် စမ်းအား အများဆုံးရှိတဲ့ ယမ်းဘီလူး မီဂါတန် ၆၀ ကျော်ရှိတဲ့ thermonuclear bomb ကို ရုရှားနိုင်ငံက 1961 အောက်တိုဘာ ၂၉ ရက်နေ့မှာ စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။

5 ~ Bikini Island မှာ အမေရိကန်ပြည်ထောင်စု စမ်းသပ် ကြဲခဲ့တဲ့ သာမိုနျူးကလီးယားဗုံးဟာ ယမ်းဘီလူးတန် ၁၅ သန်း ရှိပြီး ဟီရိုရှီးမားမှာ ကြဲခဲ့တဲ့ဗုံးရဲ့ အဆ ၇၅၀ ခန့်ရှိပါတယ်။ Bomb ရဲ့ အလယ် ဗဟိုမှာ သာမန် Fission bomb တစ်ခုတဲ မဟုတ်ပဲ ယူရေနီယမ် ၂၃၈ ကို bomb ပြင်ပမှာ လဲ ၀ိုင်းရန်ထားပါတယ်။ ၃ ဆင့်ပေါက်ကွဲ ခြင်းဖြစ်ပြီး Fission-Fusion-Fission (FFF type) Bomb လို့ ခေါ်ပါတယ်။

6 ~ 1961 ခုနှစ်မှာ စတင် အသုံးပြုခဲ့တဲ့ အမေရိကန်၏ ပထမဆုံး နျူးကလီးယား စွမ်းအင်သုံး လေယာဉ်တင် သဘောင်္ Enterprise ဟာ တန်ချိန် 85350 လေးပြီး သဘောင်္သား 4600 ပါရှိပါတယ်။ ဓာတ်ပေါင်းဖို ၈ ခုပါရှိပြီး နှစ်ပေါင်းများစွာ လောင်စာ ထပ်ဖြည့်ဖို့မလိုပဲ မြင်းကောင်ရေ 200,000 အားနှင့် မောင်းနှင်နို်င်ပါတယ်။

7 ~ 1954 မှာ ရေချခဲ့တဲ့ အမေရိကန်ရဲ့ ပထမဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သဘော် နောတိလပ်စ် ဟာ ပေ ၂၀၀ ရှည်ပြီး တန်ချိန် ၃၈၅၀ လေးပါတယ်။ တစ်နာရီ ရေမိုင် ၃၀ သွားနိုင်ပြီး ၁ လကို လိုအပ်တဲ့ နျူးကလီးယား လောင်စာ ပမာဏဟာ ဂေါက်သီးဘောလုံး တစ်လုံး စာခန့် ရှိတဲ့ ယူရေနီယမ် လောင်စာ ၁ ပေါင်သာ ဖြစ်ပါတယ်။

8 ~ ယူရေနီယမ် ၁ ပေါင်က ရရှိတဲ့ စွမ်းအင်ဟာ ကျောက်မီးသွေး ပေါင်ချိန် ၁ သန်းက ရရှိတဲ့ စွမ်းအားနှင့် ညီမျှပါတယ်။

9 ~ အမေရိကန် နီဗားဒါး သဲကန္တာရမှာ ဖောက်ခွဲခဲ့တဲ့ nuclear bomb ကြောင့် ဖြစ်လာတဲ့ မှိုပွင့် တိမ်တိုက်ကြီးဟာ အမြင့်ပေ ၄၃၀၀၀ ရှိပါတယ်။ မှိုပွင့်ကြီးကို မိုင် ၃၀၀ လောက်အထိကနေ မြင်နိုင်ပါတယ်။

10 ~ ဟီရိုရှီးမားမြို့မှာ ကျဲခဲ့တဲ့ နျူကလီးယား ဗုံးဒဏ်က လွတ်ဖို့ အတွက် ဗုံးကြဲလေယာဉ်ဟာ ကြဲပြီး ၄၃ စက္ကန့် အကြာမှာ အနည်းဆုံး ၈ မိုင် အကွာမှာ ရှိနေမှ လွတ်မှာ ဖြစ်ပါတယ်။

11 ~ အမေရိကန်ဟာ နျူဗုံးကို ကြဲဖို့ ဟီရိုရှီးမားမြို့ ကို အတိအကျ သတ်မှတ်ထားခဲ့တာ မဟုတ်ပါဘူး ကျိုတို၊ ကိုကူရာ၊ နီဂါတာ နှင့် ဟီရိုရှီးမား မြို့တွေကို ကျဲဖို့ ပမာဏသတ်မှတ်ခဲ့တာ ဖြစ်ပြီး ဟီရိုရှီးမားမြို့ကို နှင်းမကျနေတဲ့ အတွက် ကျဲချခဲ့ခြင်းဖြစ်ပါတယ်။ မဟုတ်ရင် အခြား တစ်မြို့ ကို ရွေးခဲ့မှာပါ။

12 ~ ဟီရိုရှီးမားမြို့ မှာ ကျဲခဲ့တဲ့ bomb ရဲ့ ကုဒ် အမည်ဟာ little boy ဖြစ်ပြီး ပေါက်ကွဲအား ကြီးမားပေမယ့် ပေါင် ၁၂၀၀၀ လေးပြီး လက်မ ၁၂၀ အရှည် အချင်း ၂၈ လက်မ သာရှိပါတယ်။

13 ~ ဟီရိုရှီးမားမြို့ မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးရဲ့ မီးလုံးဟာ ထောင့်ဖြတ် ၁၈၀၀ ပေခန့် ကျယ်ဝန်းပြီး အလယ်ဗဟိုမှာ အပူချိန် ဒီဂရီ သန်း ၁၀၀ ခန့် ရှိပါတယ်။

14 ~ ပေါက်ကွဲအား ၂၀ ကီလိုတန် ရှိတဲ့ ဗုံး တစ်လုံး အမြင့်ပေ ၂၀၀၀ မှာ ပေါက်ကွဲလျှင် တစ်စက္ကန့်၏ အပုံ ၁ သန်းပုံ ၁ ပုံကြာပြီးတဲ့ နောက် ထွက်လာမည့် ထိန်လင်းတဲ့ မီးလုံးကြီးဟာ အချင်း ပေ ၉၀ ခန့် ရှိပြီး အပူချိန် ၃၀၀၀၀၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ပတ်ဝန်းကျင်လေထုဟာ အလွန်ပူပြီးလာပြီး အဖြူရောင်များထွက်လာပြီး တောက်ပလာပါတယ်။ အလင်းရောင်ကိုလဲ မိုင် ၁၀၀ ကျော်က မြင်နိုင်မှာပါ။

15 ~ 1960 မှာ အမေရိကန်ပြည်ထောင်စုက နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သဘောင်္ ထရွိုင်တင် ဟာ လောင်စာထပ်မဖြည့်ပဲ ရေအောက်ကို တကြိမ်ထဲ ငုပ်လျှိုးပြီး ရေအောက်ကနေ ကမ္ဘာကို တစ်ပတ်ပတ်ခဲ့ပါတယ်။

Chernobyl Disaster
Chernobyl Nuclear Disaster

16 ~ နျူကလီယား ဓာတ်ပေါင်းဖို မတော်တဆ ဖြစ်ရပ်တွေထဲမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ ရုရှားနိုင်ငံ၊ ယူကရိန်းနယ် ကိဗ်မြို့ အနီးရှိ ချာနိုလ်ဘိုင်းလ် နျူးကလီးယား ဓာတ်ပေါင်းဖိုမှာ ၁၉၈၆ ခု၊ ဧပြီလ ၂၆ ရက်မှာ ပေါက်ကွဲမှုဖြစ်ပွားပါတယ်။ လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး ဥရောပ တစ်ဝှမ်းလုံး နီးနီး နျူးကလီးယား ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့ပါတယ်။

Nuclear ဟာ တကယ်တော့ စွမ်းအင် အရင်းအမြစ်တစ်ခုပါ လျှပ်စစ်ဓာတ်အားမျိုးလဲ ထုတ်ယူနိုင်ပါတယ်။ သို့ပေမယ့် အမှားမခံပါဘူး အလွယ်တကူ ယိုစိမ့်နိုင်ပြီး ဓာတ်ရောင်ခြည် အသင့်ခံရသူဟာလဲ အနံ၊ အငွေ့၊ အရောင်၊ အရသာ တွေ ဘာမှထူးထူးခြားခြား မတွေ့လိုက်ရပဲ ဓာတ်သင့်ခံရပါတယ်။

လက်ရှိ အချိန်မှာ ကမ္ဘာပေါ်က နိုင်ငံ ၁၀ နိုင်ငံခန့်ဟာ ဒီ အဖျက်ကြီးမားတဲ့ လက်နက်ကို ပိုင်ဆိုင်ထားပါတယ်။ ဓာတ်ပေါင်းဖိုလဲရှိ၊ နည်းပညာလဲ ရှိပြီး လက်နက်မထုတ်တာဆိုလို့ ကနေဒါ နိုင်ငံသာ ရှိပါတယ်။ နောက် အခု နောက်ဆုံး Nu လက်နက်ပိုင်ဆိုင်မယ့် နိုင်ငံဟာ အီရန် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ တတိယ ကမ္ဘာစစ်သာ ဖြစ်လာခဲ့မယ်ဆိုရင် သုံးကြမယ့် လက်နက်တွေဟာ နိုင်ငံ တစ်နိုင်ငံတင်မကပါဘူး ကမ္ဘာကိုပါ ဒိုင်နိုဆော တွေ မျိုးတုန်းသွားခဲ့သလို အကုန်ပြောင်းလဲ သွားနိုင်ပါတယ်။

ရာသီဥတုတင် မက သတ္တ၀ါတွေရဲ့ အသက်တွေ၊ မသေပဲ ကျန်ခဲ့လျှင်တောင် DNA တွေ ပြောင်းလဲ သွားမှာပါ။ ကမ္ဘာနိုင်ငံကြီးတွေမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ကြပြီး အနည်းငယ် ဖောက်ခွဲရုံမျှနဲ့ ကမ္ဘာကြီးဟာ အလင်းရောင်ပျောက်သွားမှာ ဖြစ်ပြီး အပူချိန်ဟာ လပေါင်းများစွာ အအေးမှတ်အောက်ကို ကျရောက်သွားမှာပါ။ ဒါကို Nuclear Winter လို့ ခေါ်ပြီး အအေးရာသီကြောင့် သက်ရှိအားလုံူး ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားမှာပါ။ အိုဇုန်းလွှာလဲ ပျက်စီးမှာ ဖြစ်ပြီး အလွန်အားပြင်းတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ DNA တွေဖျက်ဆီးပြီး ကင်ဆာလို ရောဂါတွေ ကျရောက်လာမှာပါ။

သာမို နျူကလီးယားဗုံး သတ္တုအိမ်ကို ယူရေနီယမ် ၂၃၈ အစား Cobalt သတ္တုနဲ့ ပြုလုပ်ထားတဲ့ဗုံးကို Cobalt Bomb လို့ခေါ်ပါတယ်။ ဒီဗုံးဟာ neutron အများအပြားကို စုပ်ယူပြီး gamma ray ကို ထုတ်ကာ ပြင်းထန်တဲ့ ရေဒီယို သတ္တိကြွမှုကို ဖြစ်စေနိုင်ပါတယ်။ FFF type bomb လုပ်နည်းနဲ့ ဆင်တူပေမယ့် ပိုပြီး ပြင်းပါတယ်။ ဗုံး အိမ်အခွံ့ က ပေါက်ကွဲတဲ့ အချိန်မှာ အငွေ့ပျံသွားပြီး လေနဲ့ သယ်ဆောင်ခြင်းခံရပြီး ကမ္ဘာမြေမျက်နှာပြင်တွေပေါ်ကို ရေဒီယိုသတ္တိကြွပြာများ အနေနဲ့ ကျရောက်မှာပါ။ စွမ်းအင်က သေလောက်တဲ့ အနျူမြူ ရောင်ခြည် ဖြာဟပ်တာကိုလဲ ခံစားရမှာပါ။

လေထုညစ်ညမ်းတာကလဲ အချိန်အကြာကြီး တည်ရှိနေမှာ ဖြစ်ပြီး ကမ္ဘာအနှံ့ကို ပျံ့နှံ့မှာ ဖြစ်ပါတယ်။ ဒီဗုံးဟာ နျူကလီးယားဗုံးထက် ပိုပြီး အန္တရာယ်ပေးနိုင်ပါတယ်။ မီဂါတန် ၅၀၀၀ ထိ ပေါက်ကွဲအားရှိတဲ့ Cobalt bomb ပြုလုပ်ဖို့ စဉ်းစားခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီဗုံးဟာ ကမ္ဘာပေါ်မှာ သက်ရှိ သတ္တ၀ါတွေ သစ်တောတွေ လုံးဝ မကျန်အောင်ကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ ဒီလို ဗုံးတွေသာ လူတွေတိုးတက် ထုတ်လုပ်လာနိုင်ပေမယ့် ငြိမ်းချမ်းရေးကို တိုးတက်လာအောင် မလုပ်နိုင်သရွေ့ ကျွန်တော်တို့ တစ်ချိန်မှာ နောက်ထပ် Nuclear စစ်ပွဲကို ထပ်ကြုံရဦး မှာပါပဲ။ ။

Flag Of IAEA

Flag Of Internation Atomic Energy Agency


Related Posts

6 Comments so far »

  1. exiter said,

    Wrote on February 19, 2009 @ 6:04 am

    အားပါးအရမ်းကောင်းပါတယ်… မသိတာလေးတွေ တော်တော်သိလိုက်ရပါတယ်… ကျေးဇူး :)

  2. Andy said,

    Wrote on February 21, 2009 @ 7:12 pm

    သိပြီးသားတွေကော မသိရသေးတာတွေပါသိရတယ်ဗျာ… ကူသွားတယ်

  3. sthanm said,

    Wrote on April 29, 2009 @ 10:35 am

    အားပါး…..ကောင်းတယ်ဗျား……..ဆက်ရေးနော်….
ွှtop story တွေကိုပေါ့……..Mac OS တို့လို့……အိုင်ဖုန်းတို့ ကို မျိုးကိုပေါ့..

  4. xinxinaung said,

    Wrote on May 11, 2009 @ 9:20 am

    ကြောက်စရာပဲဗျို့။……. အခုလို မျှဝေပေးတာ ကျေးဇူး တင်ပါတယ်။

  5. alwanlulin said,

    Wrote on June 28, 2009 @ 4:29 pm

    ဒီ nuclear အကြောင်းကို ဒီလောက်သိရတာကိုပဲ ကျွန်တော့် အတွက်တော့ တော်တော်အကျိုးရှိတယ်..တကယ်တော့ ဒီကမ္ဘာကြီး ပျက်စီးဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတယ်…ဘယ်တော့လဲ ဘယ်အချိန်လဲ ဆိုတဲ့ date မတပ်ထားတာပဲ ရှိတယ်..တော်တော်လေးတော့ နီးစပ်နေပါပြီ…ဒီComment ရေးနေတဲ့အချိန် မှာပဲ ကျွန်တော်တော့ ကိုယ့်ကိုကိုယ် ဘာလုပ်သင့်သလဲဆိုတဲ့အဖြေ တွေ့သွားပြီမို့…ကိုတေဇာ ကို ကျေးဇူး အထူးတင်ပါတယ်..နောက်ပြီး http://myanmarmp3album.com/category/myanmar-albums/dama/page/3/
ီဒီ link က ယမမင်းစစ်ခန်း တရားတော်ကို နားထောင်ပြီး ကတည်းက တော်တော်
    ကြောက်နေပြီ..တကယ်ကြောက်စရာ ကောင်းတဲ့ လူ့ဘဝကြီးမှာ အခုထိ ဘာမှမပြင်ဆင်ရသေးတဲ့အတွက် ကိုယ့်ကိုကိုယ် နောင်တရမိတယ်…ကျွန်တော့် လိုပဲ
    နောင်တရချင်သူတွေအတွက် အပေါ်က link လေးကိုညွန်း လိုက်ပါတယ် ဗျာ…

  6. ဏီ(န်)ကင်း said,

    Wrote on November 5, 2009 @ 9:26 am

    ဗဟုတုသတွေအများကြီးရပါတယ်။တချို့အချက်အလက်တွေဆိုကျွန်တော် လုံးဝမသိခဲ့ဘူး။ အကျိုးကျေးဇူးတွေအပြင်သံဝေဂတွေပါရသွားပါတယ်ဗျာ

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: