Archive for February, 2009

Myanmar ICT Exhibition 2009

Myanmar ICT Exhibition 2009

ICT Exhibition 2009 ကို ဖေဖော်ဝါရီလ ၁၂ ၇က်ကနေ ၁၅ ရက် အထိ Myanmar Info-Tech (MICT) မှာ ပြုလုပ်ပါတယ်။ ဒီနှစ်လဲ သွားဖို့မရည်ရွယ်ထားပဲ ပထမဆုံးနေ့မှာပဲ ကိုsaturn, emoracket တို့နဲ့ ရောက်သွားပါတယ်။ ၀င်ပေါက်မှာကတဲက သတိထားမိတာ နေပူတယ်.. နောက် ဂျပန်ဝတ်စုံနဲ့ MSI က မော်ဒယ် ၂ ယောက်ကို စတွေ့တော့ နဲနဲ ပြန်ပျော်သွားတယ်.. ဆိုင်တွေက အရင် ကန်တင်းနေရာမှာ လုပ်ထားတာ အ၀င်ဖက်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ ၂ ပွဲတင်ထားတာတွေ့တယ် net ကောင်းအောင် ဖြစ်မယ်ထင်တယ်။ နောက် Wi Max ရောင်းတဲ့ Red Link တို့ အရင်ပါနေကြ ဆိုင်တွေပဲ ပါနေကြ ပစ္စည်းတွေ ရောင်းကြတယ်။ အရင်လိုပါပဲ ဒါပေမယ့် အရင်လို မော်ဒယ်တွေ သိပ်မငှားကြတော့ဘူး။ :P

Read the rest of this entry »

Mac OS X on MSI Wind U100

Mac OS X on MSI WIND

Mac OS X 10.5.5 ကို MSI ရဲ့ Wind U100 မှာ တင်လို့ရပါတယ်။ U100 က Intel’ Atom CPU ကို သုံးထားပြီး RAM 1GB DDR2 ပါ။ အမှန်တော့ Mac ကို Asus EEPC တွေမှာလဲ ရပါတယ်။ MSI Wind တွေမှာ တင်ရတာက ပိုအဆင်ပြေပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ driver တွေ အတွက် support လုပ်တဲ့ forum.MSIWind.net မှာ ယူလို့ ရတယ်။ ဒါပေမယ့် သူ့နဂို Apple product မဟုတ်တဲ့ အတွက် RAM 1GB က Apple’s 1 GB ထက်တော့ နှေးပါတယ်။ MZ က ကိုစည်သူ ရဲ့ laptop မှာ တင်ထားတာပါ။

Read the rest of this entry »

Myanmar Academy Award 2007

Myanmar Academy Award 2007 ~ (2009)

၂၀၀၇ ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲကို မနေ့က ညနေ (ဖေဖော်ဝါရီ ၈) မှာ နေပြည်တော်၊ မြို့တော်ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ MRTV ကနေ လဲတိုက်ရိုက်ပြပေးပါတယ်။ ဒီနှစ်အတွက် အကယ်ဒမီဆု ၆ ဆုသာ ပေးတာဖြစ်ပြီး ၅ ဆုက ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားက ရခဲ့တာပါ။ ကျန်တဲ့ဆုဖြစ်တဲ့ ရုပ်ရှင် ဓာတ်ပုံဆုကို ငါ့သွေး၊ ငါ့ဓား၊ ငါ့ဧရာဝတီ က ရခဲ့တာပါ။

Read the rest of this entry »

Chinese New Year 2009

Myanmar Chinese New Year 2009

ဒီနှစ် တရုတ်နှစ်ကူးမှာ အရင်နှစ်ထက်ပိုပြီး နဂါးတွေ ပိုတွေ့လာရတယ်။ ကားတွေနဲ့ လှည့်နေကြတာ တွေ့ ရတယ်။ တချို့တွေကတော့ ကားပေါ်မှာ သံ ဖရိမ်တွေနဲ့ ကတဲ့ အိမ်တွေရှေ့မှာ ချပြီး ကကြတယ်။ လမ်းမတော်မှာတော့ နှစ်တိုင်းလုပ်နေကြ ပြိုင်ပွဲလဲရှိပါတယ်။ အရင်နှစ်တွေကတော့ ကျောင်းကပြန်လာတိုင်း လမ်းမတော်မှာ ပွဲစတာတွေ့နေကြပါ။ ဒီနှစ်အတွက်တော့ ဓာတ်ပုံတွေ ပဲ တင်လိုက်ပါတယ်။ အခု ပုံထဲက နဂါးက ပထမဆုရခဲ့တာလို့ ပြောပါတယ်။ ဓာတ်ပုံတွေကို ကိုပြည့်ဖြိုး က ရိုက်ထားတာပါ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Age Calculation

Age Calculation

Age Calculation ဆိုတဲ့ Excel ဖိုင်လေးနဲ့ စာဖတ်သူရဲ့ လက်ရှိ အချိန်အထိ ကုန်ခဲ့ပြီးတဲ့ အချိန်၊ နာရီ၊ စက္ကန့်တွေ အထိ အတိအကျ သိလို့ ရမှာပါ။ နေဖို့ လက်ကျန် အချိန်တော့ တွက်မပေးနိုင်ပါဘူး။ ဒါပေမယ့် နာရီပိုင်းလောက်တော့ တကယ်အချိန်နဲ့ ကွာနေမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ တွက်ဖို့ မွေးနေ့ ရက်၊ ခုနှစ်ပဲ ထည့်ပေးရတယ်။ အချိန် အတိ အကျ မထည့်ရလို့ပါ။ သူက excel formula သုံးထားတဲ့ ဖိုင်ပါ။ နောက်ဆုံး မွေးနေ့လဲ အလိုလျောက်တွက် ပေးပါတယ်။

Read the rest of this entry »

TwitterSheep

twittsheep

TwitterSheep ဆိုတာက twitter မှာ ကိုယ် follow လုပ်ထားတဲ့သူတွေ၊ ကိုယ်ကို follow လုပ်ထားတဲ့ သူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို tag Cloud နဲ့ ပြပေးတာပါ။ ဒီ tool ကို သုံးဖို့ twitter ယူဇာ နဲ့ password ရိုက်ပြီးရင် ကြည့်လို့ ရပါပြီ။ account တွေ မခိုးပါဘူးလို့ ပြောထားပါတယ်။ ကျွန်တော် စမ်းကြည့်တာတော့ အောက်က result ထွက်လာတယ်။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

Mist Morning

Mist in the morning

ဒီရက်တွေမှာ မနက်ဆိုရင် မြူတွေ တော်တော်ကျတယ်.. ရှေ့ဘက်ဆို မနက်ခင်း သိပ်မမြင်ရဘူး။ ညဘက်မီးလာတဲ့ ရက်တွေဆိုရင် မနက်လမ်းလျှောက်ဖြစ်တယ်။ ညတစ်ညလုံး ကွန်ပျူတာသုံးပြီးရင် ၄ ခွဲဆို ကန်တော်ကြီးဘက် လမ်းလျှောက်တယ်။ အရင်လို လူသိပ်မများတော့ဘူး လူ ရင်းသွားတော့ လမ်းလျှောက်လို့ ကောင်းပါတယ်။ မနက်ဆို မြူကျတော့ ကားကို သတိထားရတာ တစ်ခုပဲ။

Read the rest of this entry »