Singles Awareness Day
ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်က Singles Awareness Day ပါ။ ကျွန်တော့်နေ့ပေါ့
ဒီလိုပါပဲ ဒီနေ့လဲ ဆိုင်သွား ကူရမယ်။ ပြီးရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်။ နောက် သူငယ်ချင်းတစ်ယောက်ကို tutorial အခွေ ကူးပေးမယ်။ သီချင်းနားထောင်မယ် ဂစ်တာတီးမယ် ပြီးရင် အိပ်မယ်။ တခါတလေ တစ်ယောက်တဲ နေရတာ ကောင်းတယ်လို့ ခံစားမိတယ်.. တခါတလေ တော့လဲ နောက်တစ်ယောက်လောက် အဖော် ရှိရင် ကောင်းမယ်လို့ တွေးမိတယ်။ အိမ်မှာ နေလဲ သီချင်းနားထောင်ရင် ဘယ်တော့မှ အချစ် သီချင်း နားမထောင်ဖြစ်ဘူး.. အချစ်သီချင်း နားထောင်ရတာ ရှက်စရာကောင်းတယ်လို့ ထင်တယ်.. ကာတွန်းကားတွေထဲက သီချင်းတောင် နားထောင်ရတာ မရှက်ဘူး။ အိမ်မှာ အသံကုန်ဖွင့်တာပဲ.. ဂစ်တာတီးရင် အချစ် သီချင်း မတီးတတ်ဖူး တီးရင်တော့ နားညီးတဲ့ သီချင်းတွေတီးတယ် စာသားက သေတဲ့ အကြောင်းရယ်၊ သင်္ချင်းကုန်းတို့၊ လူသတ်တာတို့ ငရဲအကြောင်းတို့ လို စာသားတွေ ပါတဲ့ သီချင်းတွေ ပဲ ကြိုက်တယ်။
အပြင်သွားရင် တစ်ယောက်တဲပဲ ဖုန်းက နားကျပ်တပ်ပြီး သီချင်းနားထောင်ရင် လျှောက်သွားတယ်။ ဘယ်သူခေါ်ခေါ် မကြားဘူး။ သွားရင် အစုတ်တွေပဲဝတ်တယ်။ အခုတော့ ဆိုင်သွားလိုက်ဦးမယ်။ တစ်ယောက်ထဲနေ တစ်စိတ်တဲ ထားတာပဲ ကောင်းတယ်။ ကိုယ့်ဖာသာတောင် ပူနေတာ သူများနဲ့ သွားကပ်ရင် ပိုပူကုန်လိမ့်မယ်။ လောလောဆယ်တော့ တစ်ယောက်တဲ နေရတာ ကြိုက်တယ် နောက်ဆိုရင်တော့ မပြောတတ်ဖူး.. ကံအတိုင်းပဲပေါ့
သေချင်သေသွားမှာ ပဲလေ။ ။


Zatlite said,
Wrote on February 15, 2009 @ 5:00 pm
Happy SAD!
Like or Dislike:
0
0
Thant said,
Wrote on February 15, 2009 @ 5:52 pm
Absolutely Right !!!
Like or Dislike:
0
0
MhawSayar said,
Wrote on February 15, 2009 @ 11:52 pm
ဆာဟာရကန္တာရထဲက ဖြတ်တိုက်လာတဲ့ လေလိုပဲ . ဒီပို့စ် တစ်ပုဒ်လုံး ခြောက်ကပ် ပူလောင် နေလိုက်ပုံ။
ခြေကုန် လက်ပန်း မကျခင် .အိုအေစစ် တစ်ခုမြန်မြန်ရှာတော့ ကိုယ့်လူ..
ကောင်းကောင်း အနားယူ အားမွေး၊ သက်တောင့်သက်သာ နေ။ ပေါ့ပေါ့ ပါးပါးပြုံး။
ပြီးရင် ခရီးဆက်ဖို့ ရှိသေးတယ် မလား.
)
Like or Dislike:
0
0
သဉ္ဖာ said,
Wrote on February 16, 2009 @ 9:42 am
ဒီလိုနေ့လည်း ရှိတာလား မသိလိုက်ဘူး။ ပြီးသွားမှ သိတယ်။ တစ်ယောက်တည်း လျှောက်လည်ပစ်လိုက်ရမှာ
Like or Dislike:
0
0
layma said,
Wrote on February 17, 2009 @ 6:30 pm
အပူမရှာပါနဲ့  ဇီးကွက်ရာလို့ ပဲ အားပေးအားမြှောက်ပြုရမလား.. မကြုံဖူးသေးလို့ ပါလို့ ပဲ.. တိုက်တွန်းရမလား…။ မှော်ဆရာကတော့ ဆာဟာရဆိုပဲနော်…။
Like or Dislike:
0
0
Ei said,
Wrote on February 18, 2009 @ 9:44 am
Take it ezy for everything, bro!
Like or Dislike:
0
0
အေးချမ်းသူ said,
Wrote on February 18, 2009 @ 6:58 pm
ထိုင်နေ အကောင်း၊ ထသွားမှ ကျိုးမှန်းသိနေမယ် သူငယ်ချင်းရေ၊ သူများညှို့တိုင်းလည်း မညို့နဲ့းD
banner မှာ များလိုက်တဲ့ တန်ဆာပလာတွေ၊ အရှင်လေးတွေသာဆို ပိုစိတ်လှုပ်ရှားရမယ်။
Like or Dislike:
0
0
February 15 is Happy Single Awareness Day | My Burmese Blog said,
Wrote on February 15, 2010 @ 2:18 am
[...] February 15 ရက်က Single Awareness Day လို့ခေါ်တဲ့ တစ်ယောက်ထဲသမားတွေ (အတွဲ [...]
Like or Dislike:
0
0
ကိုကြီးသက် said,
Wrote on February 15, 2010 @ 3:26 pm
ဟုတ်ပဘရားသားရာဒီလိုမှန်းစောစောကသိရင်အသားကုန်ကဲလိုက်ပါတယ်အခုတော့နေ့ တစ်ဝက်ကျိုးနေပီ
Like or Dislike:
0
0