MacBook Air Style Netbooks from MSI & Asus

Asia ရဲ့ computer ထုတ်လုပ်သူတွေ ဖြစ်တဲ့ MSI, Asus တို့ ကနေ netbook တွေကို Apple ရဲ့ MacBook Air style နဲ့ ထုတ်လိုက်ပြန်ပါပြီ။ MSI နဲ့ Asus က အာရှ ဈေးကွက်မှာ အပြိုင်ဖြစ်နေတာ ဖြစ်ပြီး Asus က Eee PC နဲ့ ဈေးကွက်ရသွားချိန်မှာ MSI ကလဲ Wind နဲ့ netbook တွေထုတ်ပါတယ်။ အခုတော့ MSI က X Slim ဆိုပြီး ပုံမှန်ထက်ပါးတဲ့ laptop ကို မကြာခင် ထုတ်တော့မှာပါ။
MSI X Slim

MSI ရဲ့ X340 Pro (X Slim) ဟာ CPU ကို 1.4GHz ရှိတဲ့ Intel ထုတ် ပါဝါ အစား သက်သာတဲ့ Core2Solo processor တပ်ထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းက MacBook Air လိုပါပဲ။ DVD drive မပါပါဘူး။ ဖြန့်မယ့်ရက် အတိအကျ မသိရသေးပေမယ့် ဈေးက $700 ကနေ $1000 ၀န်းကျင်ဖြစ်မယ်လို့ ပြောပါတယ်။


News Via : PCWorld
Asus Eee PC 1008HA

Asus ရဲ့ Eee PC 1008HA က Ultra-Thin ဖြစ်ပြီး CeBiT Expo မှာ နမူနာ ပြသခဲ့တာပါ။ ဒီ laptop က အရင် Eee PC S101 ထုတ်ပြီးကတည်းက သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ Ultra-Thin ဆိုပေမယ့် 1 inch ထူပြီး MacBook Air လောက်တော့ မပါးသေးပါဘူး။ ဒီဇိုင်းက တော့ ကျွန်တော့် အမြင် အရင် Eee PC series တွေထက် လှတယ်။ Detail Spec ကို မသိရသေးပါဘူး။ ကျွန်တော့် အထင်တော့ CPU က အရင်လိုပဲ Intel ရဲ့Atom ဖြစ်ပါလိ့မ်မယ်။ 10 inch ရှိတဲ့ ဒီ netbook မှာ 802.11n, Bluetooth, 3G and WiMAX တို့ ပါမယ်လို့ ပြောပါတယ်။ ဒီ 1008HA ကို April လမှာ စပြီး ဈေးကွက်တင်မယ်လို့ ဆိုပါတယ်။

News Via : Engadget

