Over Clocking Seminar

ဒီနေ့ Info-Tech မှာ Asus ရဲ့ Authorized Dealer ဖြစ်တဲ့ Golden Power နှင့် Personal Computer Magazine တို့ က ပူးပေါင်းပြီး Over Clocking Seminar တစ်ခုကို ပြုလုပ်ပါတယ်။ နေ့လည် ၁ နာရီမှာ လုပ်တာ ဖြစ်ပြီး Over Clocking အကြောင်းကို အကြောင်းအရာစုံ ရှင်းပြခဲ့ပါတယ်။ လက်တွေ့ကိုတော့ Asus Striker II Extreme နဲ့ Core i7, DDR 3 RAM တွေကို သုံးပြီး သရုပ်ပြခဲ့ပါတယ်။ နောက် ပရိတ်သတ်တွေက သိလိုတာတွေမေးပြီးနောက် OC ကို စိတ်ဝင်စားသူများကို စုစည်ပြီးတဲ့ နောက် ပွဲပြီးဆုံးပါတယ်။
Over Clock ကို စက်အမြင့်တွေကို သုံးပြီး သရုပ်ပြခဲ့တာ ဖြစ်လို့ လာတဲ့ ပရိတ်သတ်တွေက စက်အနိမ့်တွေက မရဘူးလားလို့လဲ မေးစရာဖြစ်ခဲ့ပါတယ်။ သရုပ်ပြတာမှာ Water Cooling System ကိုသုံးထားပါတယ် အခြားနည်းတွေ အနေနဲ့ Liquid Nitro (LN2) လိုမျိုးတွေလဲ လုပ်လို့ ရတယ်လို့ ပြောပါတယ်။ အန္တရာယ်လဲ များပါတယ်။ LN2 က အသားနဲ့ ထိမိရင် ပဲ့သွားလောက်အောင်ကို ပြင်းပါတယ်။ လောလောဆယ်တော့ safe ဖြစ်လောက်တဲ့ ပုံစံပဲ ပြသွားပါတယ်။ နောက်ဆိုရင်လဲ seminar တွေ လုပ်ဦးမယ်လို့ သိရပါတယ်။











khinmarlaraung said,
Wrote on March 7, 2009 @ 10:08 pm
Seminar တွေလုပ်ပေးအုန်းမယ်ဆိုတော့ ကောင်းတာပေါ့ ။
ပုံလေးတွေနဲ့  ပြန်တင်ထားပေးတဲ့ အတွက်ကျေးဇူး ။
NyiNyiKhine said,
Wrote on March 12, 2009 @ 4:22 pm
နောက်လည်း seminor တွေ ပွဲတွေရှိရင် အကြောင်းကြားပေးပါဦးဗျာ။
အခုလို share လုပ်ပေးတဲ့အတွက်ကျေးဇူးမအများကြီးတင်ပါတယ်။