Songs from Beijing Olympics 2008

ဒီနေ့တော့ သီချင်းတင်လိုက် ပါဦးမယ်.. ဒီသီချင်းတွေ တင်မလို့ ပဲ လုပ်နေတာ ကြာပြီ အရင် နှစ် Olympics ကတည်းက ဒါပေမယ့် ကွန်နက်ရှင် မကောင်းတာရော ပျင်းတာရော ကြောင့် ၂၀၀၉ မှ တင်ဖြစ်တော့တယ်။ Beijing Olympics 2008 တုန်းက သီချင်းတွေပါ။ ၂ ပုဒ်တင်ထားတာ Welcome to Beijing နှင့် Official Theme song You And Me သီချင်း ပါ။
Welcome to Beijing
ဒီသီချင်းက တရုတ် အဆိုတော်တွေ အများကြီး ဆိုထားတာ Jackie Chan ကလွဲရင် တစ်ယောက်မှ နာမည် မသိဘူး။ အဆိုတော် ကောင်မလေးတွေတော့ နာမည် သိချင်တယ် =P မြင်ဖူးတာတွေတော့ များပါတယ်.. Korea က boyband Little Junior က တစ်ယောက်ပါတယ် လို့ပြောတယ် နောက် Korea မ တစ်ယောက်လဲ ပါတယ်လေ.. နောက် So Close ကားထဲက ရဲမေ လုပ်တဲ့သူ နောက် အသိတွေ တော်တော်များများပါပဲ။ ဘာတွေ ဆိုနေလဲတော့ မသိဘူး သီချင်းတော့ ကြိုက်တယ် ကာလာ မတူတဲ့အသံတွေ အဲဒီလို သီချင်းတွေ စုပြီး ကိုယ်ဆိုတဲ့ အပိုင်းရောက်ရင် tempo လေးတွေ ပြောင်းပြောင်းပြီး ဆိုတာ မျိုး နားထောင်ရတာ ကြိုက်ပါတယ်။ အကုန်လုံး ဆိုတာ နားထောင်လို့ ကောင်းပါတယ်။ ဒီ သီချင်းက Official Theme song မဟုတ်ပေမယ့် ကျွန်တော်ကတော့ ပိုကြိုက်တယ်။
နောက် ရိုက်ထားတာ တော်တော်ကောင်းပါတယ်။ သူတို့ ရိုးရာ တွေကို ဖော်ပြသွားနိုင်တယ် စက္ကူစွန်တွေ လုပ်ကြတာ, ပန်းချီ စာလုံးရေးတာ, လက်ဖက်ရည်ကြမ်း ခွက်လေးတွေ ရိုက်ပြသွားတာမျိုးနောက် Great Wall, နန်းတော်တွေ လဲ မကျန်ဘူး ကြွားသွားတာ။ ကစားကွင်းတွေရော နောက် တိုးတက်နေပုံတွေ ပြသွားတယ်။ ငှက်သိုက် အားကစားကွင်းကြီးလဲ ကြွားသွားတာ ကျွန်တော်တောင် Beijing အလည် သွားချင်လာတယ်။ နားတော့ မလည်ပေမယ့် အခုထိ နားထောင်ဖြစ်ပါတယ်။ mp3 လိုချင်ရင် comment မှာ ရေးပေးပါ ကျွန်တော် ပို့လိုက်ပါ့မယ်။
You And Me
ဒီသီချင်းကတော့ Liu Huan နှင့် Sarah Brightman တို့ ဆိုထားတာပါ။ ကျွန်တော် အထင် နဲနဲတော့ ပျင်းစရာကောင်းတယ် ဒါပေမယ့် စာသားတွေကို ကြိုက်ပါတယ်။ နောက်ဆုံးမှာ ကလေးလေးတွေ စုဆိုတဲ့ အသံမျိုးကို အရမ်းကြိုက်ပါတယ်။ ပုံစံက POD ရဲ့ Youth Of The Nation လို Michael Jackson ရဲ့ Heal The World လိုပဲ အဆုံးမှာ ကလေးလေးတွေ ဆိုတဲ့ အသံမျိုးနဲ့ပါ။ အဆိုတော်တွေကတော့ အသံတော်တော် ဆွဲနိုင်တာပဲ အဆိုမှာ ကျွမ်းကျင်မှန်း သိသာပါတယ်။ Theme song ပေမယ့် သိပ်ပြီး တက်ကြွလာသလိုတော့ မခံစားရဘူး။
အပေါ်က သီချင်း ၂ ပုဒ်လုံးကို Olympics 2008 (8.8.08) မတိုင်ခင်ကတည်းက Channel တွေ တော်တော်များများမှာ လာနေတာ တွေ့ရမှာပါ။ MRTV 4 မှာ တောင် လာခဲ့သေးတာပဲ။ ပိုပြီး စိတ်ဝင်စားတာက 2012 London မှာ လုပ်မယ့် Olympics မှာ ဘယ်သူတွေ ဆိုမလဲ ဆိုတာပါပဲ 2008 Olympics Closing Ceremony တုန်းကတောင် Jimmy Page ဂစ်တာနဲ့ solo တီးပြသွားတာ ကြိုက်တယ်။ London က Rock Music က ဘိုးအေတွေ ရှိခဲ့တဲ့ နေရာပဲ Beetle, Led Zepplin, Sex Pistoles, Ozzy Osbourne တို့လို band တွေ အများကြီး ရှိခဲ့တယ်။ Underground Rock bands တွေ အများကြီး ထွက်ခဲ့တဲ့ နိုင်ငံမှာ ဘယ်လို သီချင်းတွေ ကြားရမလဲ လို့ စိတ်ဝင်စားမိပါတယ်။ 2012 ဆိုတော့ နဲနဲ လိုသေးတယ် မသေသေးရင် ကြားရဦးမယ် ထင်ပါတယ်။ ။
Olympics Related Articles
How Beijing Created 2008 Olympics Logo
Beijing Olympcis 2008 Opening Ceremony
Breath Taking Images Around Olympics 2008


white said,
Wrote on March 12, 2009 @ 5:15 pm
mp3 လိုချင်ပါသည်။ ပို့ပေးပါနော်။ ကျေးဇူး။
Like or Dislike:
0
0
khinmarlaraung said,
Wrote on March 12, 2009 @ 6:11 pm
Welcome to Beijing သီချင်းလေးကတော့ တော့တော့ကို မြူးတာနော်။
အဆိုတော် ကောင်လေးတွေကလည်း တော်တော်ချော …….:P ဒါပေမဲ့လည်း
(ထူးတေဇာ) ကိုတော့ ဘယ်မှီမလဲနော် ။
Like or Dislike:
0
0