10 Reasons Why You Shouldn’t buy Mac

ဒီနေ့တော့ Macintosh ကို ဘာကြောင့် မ၀ယ်သင့်တဲ့ အကြောင်းရေးလိုက်ပါဦးမယ်။ အားနေလို့ပါ =D အရင်လဲ iPhone ဘာကြောင့် မ၀ယ်သင့်လဲကို iWon’t Do နဲ့ iPhone Suck, Why? ဆိုပြီး ရေးခဲ့ဘူးသေးတယ်လေ။ ကျွန်တော် သိသလောက် မ၀ယ်သင့်တဲ့ အကြောင်း ၁၀ ချက်ပေါ့..
1 – Mac တွေက PC တွေနဲ့ ယှဉ်လိုက်ရင် ဈေးကြီးတယ်..
Apple ရဲ့ Macintosh Computers တွေဟာ ပုံ Personal Computers တွေနဲ့ ယှဉ်လိုက်ရင် ဈေးနဲနဲပိုကြီးပါတယ်။ Spec ချင်းတူရင်တောင် သူက ဈေးနဲနဲပိုကြီးပါတယ်။ အခုကတော့ ဈေးနှုန်းတွေက နဲနဲပဲ ကွာတော့တာပါ အရင်ကဆိုရင် spec တူ နာမည်ကြီး PC brand နဲ့တောင် US 500 $ လောက်က အနဲဆုံးကွာတာပါ။ အခုတော့ အဲဒီလောက် မကွာတော့ပါဘူး။
2 – Software, Free Software, Open-Source တွေ ရှားတယ်..
Macintosh မှာ Windows လို Software တွေ အများကြီး သိပ်မရှိပါဘူး.. ရှားပါတယ်။ ရှိတာတွေက ရောင်းတာများပါတယ်။ (ကောင်းတာကတော့ Windows Software တွေထက် အများကြီးကွာပါတယ်.. နောက်ရက်မှ ဆက်ပြောပါမယ်) Free Software, Open Source လဲ Windows လောက် မများပါဘူး။ သို့သော် Linux တွေ ရှိသလောက်တော့ ရှိပါတယ်။ ရှာချင်ရင် Google Code, SourceForge, OpenSourceMac တို့မှာ ရှာနိုင်ပါတယ်။ Linux မှာ ရှိရင် Mac မှာလဲ ရှိတာများပါတယ်..
3 – Accessories တွေ ဈေးကြီးတယ်..
Mac ၀ယ်မယ်ဆိုရင် ကိုယ်ဝယ်မယ့်စက် ဈေးနှုန်းကို တင်ကြည့်လို့ မရပါဘူး.. အခြား Accessories ဈေးနှုန်းတွေကိုပါ တွဲကြည့်သင့်ပါတယ်။ စာဖတ်သူ ၀ယ်မယ့် စက်အတွက် အခြားအရာတွေ လိုအုံးမှာပါ.. ဥပမာ – MacBook ၀ယ်တယ်ဆိုပါစို့ သူ့ အတွက် Hard Shield, Screen Cover, Silicon Keyboard Cover ဖိုးတွေပါ ထပ်ကုန်ပါတယ်။ ပွန်းတာမျိုးကို ဂရုမစိုက်ဖူးဆိုရင်တော့ မ၀ယ်လဲ ရပါတယ်။ ကျွန်တော်မှာတော့ တစ်ချက်ပွန်းတိုင်း အသဲကို ဓားနဲ့ မွှန်းသလိုပါပဲ =P iPod, iPhone လိုမျိုးတွေတောင် ၀ယ်ထားသင့်ပါတယ်။
4 – Repair services ကို 3 rd party တွေမှာ လုပ်ဖို့ အဆင်မပြေနိုင်ဘူး..
Mac တွေ ပျက်ပြီဆိုရင် (Hardware ကိုပြောတာပါ.. Software ကြောင့်ဖြစ်တဲ့ ပြသနာ လုံးဝ 95% လောက်ကို မရှိသလောက်နဲပါတယ်.. ရှိခဲ့ရင် မူရင်း OS ခွေ တစ်ချက်ပြန် run တာနဲ့ ရှင်းပေးပါတယ်) ပြင်ဖို့က Apple Services မဟုတ်ပဲ အခြား ကပေးတဲ့နေရာမှာ ပြင်ဖို့ လုံးဝ မလွယ်ပါဘူး။ နိုင်ငံခြား US မှာတောင် ပြင်ဖို့ မလွယ်ပါဘူး.. Apple က သူ့ hardware သူကိုယ်တိုင်ထုတ်တဲ့ အပြင် technology က အခြား services တွေ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။
5 – ပြည်တွင်းမှာဆိုရင် Hardware, Accessories ဘာတစ်ခုမှ မရနိုင်ဘူး..
ပြည်တွင်းမှာ Apple products တစ်ခုမှ သွင်းတဲ့သူမရှိပါဘူး။ စမ်းသွင်းလာတာမျိုး သာရှိခဲ့ဖူးပါတယ်။ Accessories ဆိုရင် ပိုဝေးပါတယ် ဘယ်မှာမှ မရှာပါနဲ့.. power adapter ပျောက်သွားတယ် ဆိုပါစို့ နိုင်ငံခြားမှာမှ ရပါမယ်။ Accessories ဆိုရင် iPod, iPhone အတွက် ပစ္စည်းအချို့အနဲ အကျဉ်းသာ ဆိုင်တချို့မှာ ရောင်းတာတွေ့ဖူးပါတယ်။
6 – ပြည်တွင်းက လူတွေ အတွက် နိုင်ငံခြား အဆက်အသွယ် ကောင်းကောင်း မရှိဘဲ မမှာသင့်ဘူး…
Mac သုံးဖို့ နိုင်ငံခြား အဆက်အသွယ် မပျက်ရှိဖို့လိုပါတယ်.. ပိုပြောတယ်လို့ မထင်ပါနဲ့.. Power adaptor ပျက်တယ်လို့ပဲ စဉ်းစားကြည့်ပါ.. ပြည်တွင်းမှာ ၀ယ်လို့ မရနိုင်ပါဘူး.. ကိုယ်တိုင်ထွက်ဝယ်ဖို့ကလဲ ပိုက်ဆံပိုကုန်နိုင်တယ် ဒါကြောင့် နိုင်ငံခြား အဆက်အသွယ်ရှိနေမှ မှာလို့ ရပါမယ်။ နောက် Warrenty, Apple ID တွေ အတွက် နိုင်ငံခြား လိပ်စာလိုပါတယ်။
7 – ပြည်တွင်းမှာ Software pirate လုံးဝ ၀ယ်လို့ မရနိုင်ဘူး…
ပြည်တွင်းက computer အခွေဆိုင်တွေမှာ Windows ခွေတွေသာရှိပါတယ်.. Mac အတွက် software ရော Game ရော လုံးဝ မရနိုင်ပါဘူး။ Photoshop ဆိုရင် 7 ပဲရှိပါတယ်။ အသစ်ထွက်တာ ရနိုင်တာဆိုလို့ Microsoft Office 2008, Maya 3D, iWork 09 ခွေတွေသာရှိပါတယ်။ နိုင်ငံခြား အဆက်အသွယ်၊ High Speed Internet မရှိရင်တော့ မိတ်ဆွေ Mac က နဂိုပါတဲ့ Applications, Online Open Source Apps တွေနဲ့ အထီးကျန်နေရပါလိမ့်မယ်။ ကျွန်တော်တောင် Exiter download ယူပေးတဲ့ software တွေ ရှိလို့ သုံးရတာပါ။
8 – ကွန်နက်ရှင် ကောင်းကောင်း ရှိဖို့လိုတယ်..
High Speed Connection က မရှိမဖြစ်လိုပါတယ်။ Apple Software, Firmware, Version Updates တွေ အတွက် High Speed Connection မရှိရင် မလွယ်ပါဘူး။ သာမန် iLife update ဖိုင်တွေက 200 ~ 400 MB လောက်ရှိနိုင်ပြီး OS update – Ex. 10.5.6 update က 1.5 GB လောက်ရှိပါတယ်။ နောက် software တွေ ဂိမ်းတွေ download လုပ်ဖို့ အတွက်လဲ လိုပါတယ်။ ဒါကြောင့် High Speed Connection က မရှိမဖြစ်လိုပါတယ်။
9 – High-Level Game ရှားတယ်။
Mac မှာ ဂိမ်းက အရမ်းရှားပါတယ်။ EA က ထုတ်တဲ့ ဂိမ်းတွေက Mac အတွက်ပါ ရနိုင်ပေမယ့် Ubisoft လိုမျိုး company ထုတ်တွေက Mac အတွက် မထုတ်ကြပါဘူး။ Open Source Games တွေတော့ ရှိပါတယ် တချို့တွေဆို Commercial Game တွေနဲ့ ယှဉ်လို့ ရနိုင်တဲ့ ရုပ်ထွက်မျိုးတွေပါရှိပါတယ်။ သာမာန် Windows ဂိမ်း အများစုက Mac မှာ မရနိုင်ပါဘူး။ Game ဆော့မယ်ဆိုရင်တော့ Windows ကို ရွေးတာပိုကောင်းပါတယ်။
10 – Internet ကောင်းကောင်း မသုံးတတ်ရင် မသုံးသင့်ဘူး…
Internet ကောင်းကောင်း မသုံးတတ်ရင် မသုံးသင့်ဘူးလို့သာရေးထားပေမယ့် အမှန်တကယ်တော့ Document, Manual Book တွေ ဖတ်ရမှာ ပျင်းရင် မသုံးသင့်ပါဘူး။ Macintosh Architecture က Linux သုံးဘူးတဲ့ သူတွေအတွက် ဖိုင်တည်ဆောက်ပုံမျိုးတွေ ခဏနဲ့ သိနိုင်ပေမယ့်။ Windows သုံးတဲ့သူကတော့ start menu, task bar တွေ ပျောက်လို့ လည်နေမှာ သေချာပါတယ်။
တစ်ခုခုဖြစ်တာနဲ့ ဆိုင်ပို့မယ်. သိတဲ့သူမေးမယ်ဆိုတာ မျိုးလုပ်ဖို့ မလွယ်ပါဘူး။ နောက် တချို့ Application ဥပမာ Apple Script မျိုးတွေဆို Online မှာ tutorial တွေ ရှာဖတ်မှ သုံးတတ်မှာပါ။ Terminal ကတော့ linux သုံးတတ်သူတိုင်း သုံးလို့ ရပါတယ်။ နောက် ဆော့ဝဲတွေ ရှာဖို့၊ system mod လုပ်ဖို့တွေက အင်တာနက်ကို သုံးတတ်ဖို့ လိုပါတယ်။
ဒါတွေက Mac မ၀ယ်သင့်တဲ့ အကြောင်းအရာတွေ စဉ်းစားမိသလောက် ရေးထားတာပါ။ နောက်မှ ၀ယ်သင့်တဲ့ အချက်တွေ ရေးပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။

ကြယ်စင်မင်း said,
Wrote on April 22, 2009 @ 6:15 pm
နည်းနည်းတောင်လန့်လာပြီ.. စိတ်တုံးတုံးမချနိုင်သေးခင်ဖတ်လိုက်ရလို့လေ..
ဒါပေမယ့် ခြုံကြည့်လိုက်တော့ ကောင်းတာတွေကိုလည်း တွေ့မိပါတယ်.. ( ကိုယ်နဲ့ကိုက်တဲ့ဟာလေးတွေပေါ့..)
အခုလို ရှင်းပြတဲ့အတွက် နောက်ထွက်မယ့် Mac User ( window ကိုစိတ်ကုန်လို့မဟုတ်.. စမ်းသစ်မူ့ကို ခံစားကြည့်ချင်တဲ့သူတွေ. ) အတွက် အကျိုးရှိပါတယ်…
ကျေးဇူးတင်ပါတယ်.. အချိန်ရရင် ဆက်ပါဦး.. မျှော်နေပါတယ်..
ကြယ်စင်မင်း
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on April 24, 2009 @ 6:54 pm
သူလဲ ဆိုးတာတွေ ရှိတယ်ဗျ.. iFriends တွေ ဆိုရင် major update တွေ အလကားမရတာ နောက် အဆိုးဆုံးက ဈေးကြီးတာပေါ့ဗျာ အဲဒါတွေ ရှိတယ် သုံးလို့ကတော့ တော်တော် ကောင်းပါတယ်.. =D
Like or Dislike:
0
0
soe said,
Wrote on June 4, 2009 @ 10:08 am
hey..
Do u have Myanmar font to write in I chat..? ( like we used in Gtalk @ window.)
and how to do it.?
any idea..?
or any available fredownload MS office for Mac.?
and how to talk using Mac- Ichat to Others window Gtalk friends.?
thks
Like or Dislike:
0
0
Using Gtalk with iChat And Adium | My Burmese Blog said,
Wrote on June 8, 2009 @ 4:48 pm
[...] အပတ်က 10 Reasons Why You Should Not Buy Mac ပို့စ်မှာ ကွန်မန့်နဲ့ မေးသွားတဲ့ [...]
Like or Dislike:
0
0
Thein Htike Zaw said,
Wrote on November 24, 2011 @ 11:11 am
ခုဆိုရင်တော့ Apple Product တွေ accessories တွေပြည်တွင်းမှာပဲဝယ်လို့ရပါပြီ…
KMD,Technoland,I.C.E စတဲ့ဆိုင်များမှာအကုန်လုံးဝယ်လို့ရပါတယ်..
Xenovia and Luugyi Min Ph Shop မှာဆိုရင် Apple ID နဲ့ account ဖွင့်လို့ရနေပါပြီ။
Mac OSX ဂိမ်းတွေလဲပေါပါတယ်…National လိုဆိုင်မျိုးမှာရောင်းနေပါပြီ..
COD Balck Ops, Left4Dead2,Need For Speed,CivilizationV အစရှိသဖြင်းပေါ့ဗျာ…
Apple ချစ်သူများပျော်ရွင်ကြပါစေ။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on November 24, 2011 @ 5:25 pm
@ Thein Htike Zaw ~ Thanks for your info bro. You may notice that too this article was written in 2009, so it was the past. So it’s different from these days as iPhone success brings other Apple products to Myanmar.
Like or Dislike:
0
0