Apple said No Apple NetBook!!

Apple ရဲ့ CEO Steve Jobs လက်ရှိ ကျန်းမာရေး အရ အနားယူနေချိန်မှာ ပြောရေးဆိုခွင့်ရှိသူ Tim Cook က သတင်းထွက်နေတဲ့ Apple NetBook လောကကို ၀င်မယ်ဆိုတဲ့ ကိစ္စကို တရားဝင်ငြင်းသွားပါတယ်။
သူပြောသွားတာကတော့ လက်ရှိ ဈေးကွက်ထဲက NetBook ဆိုတာတွေက junky hardware တွေနဲ့ လုပ်ထားတာလို့ ပြောသွားပါတယ် =D
“When I’m looking at what’s sold in the netbook market, I see cramped keyboards, junky hardware, very small screen, bad software. Not a consumer experience that we would put the Mac brand on. As it exists today, we’re not interested in nor would it be something customers would be interested in the long term. We are looking at the space. For those who want a small computer that does browsing/email, they might want an iPhone or iPod Touch. If we find a way we can deliver an innovative product that really makes a contribution, then we’ll do that. And we have some interesting ideas in this space.”
သူပြောပုံ အရဆိုရင် လက်တလောတော့ netbook ထုတ်လိမ့်မှာ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်လိုက်ရင် ကျွန်တော့် အမြင် iPod touch (iPhone ထက်) လို အရာမျိုးတွေ ရောင်းအားကျသွားနိုင်တယ်။ Customer အနေနဲ့ iPod လိုမျိုး ၀ယ်မလား netbook ၀ယ်မလားဆိုတာမျိုးဖြစ်သွားနိုင်တယ်။ အဓိကက သူ့ရဲ့ major OS နှစ်ခုဖြစ်တဲ့ iPhone OS နဲ့ Mac OS X ၂ ခု ထိပ်တိုက် တွေ့သွားလိမ့်မယ်။
အဲဒီ အချက်ကြောင့် သူလုပ်မှာ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာမှာ Crysis ကြုံနေရတာတောင် Apple ရဲ့ profit က အရမ်းထိုးတက်နေပါတယ်။ အဓိကက ရောင်းအားက iPhone, iPod, iTunes အသစ်ထုတ်လိုက်တဲ့ MacBooks, iMac လိုနေရာတွေကနေ ရခဲ့တာပါ။ ထူးခြားတာကို quote လုပ်ပြရရင် Apple’s second quarter ရောင်းအားကို ပြရမှာပါ။ Apple sold 2.22 million Macs for the quarter. 11.01 million iPods. And 3.79 million iPhones..
မနေ့က 23 ရက် 1:24:06 AM PST မှာ သူ့ရဲ့ 1 Billion App download ပြည့်သွားခဲ့တယ်။ Snow Leopard ကို June 18 မှာ လုပ်မယ့် WWDC မှာ စမိတ်ဆက်မယ်လို့ ကြားမိပါတယ်။ Apple က သူ့ရဲ့ iPhone ကိုလဲ generation အသစ်ထုတ်မယ်လို့ ကြားပါတယ်။ လက်ရှိ သူ့ iPhone မှာ RAM, CPU, Camera တွေက လက်ရှိ အချိန်မှာ နိမ့်နေတယ်လို့ ပြောလို့ ရပါတယ်။ နောက် iPhone OS 3.0 ကို တရားဝင် ထုတ်ပါလိမ့်မယ်။
News Via : Gizmodo, TechCrunch

