Bring Down IE6 ~ It’s Time to Unite!!
Internet Explorer 6 ဆိုတာ Windows XP မှာ တွဲပါတဲ့ Web Browser ပါ။ ဒီ browser က users တွေ အသုံးများပြီး အလွယ်တကူသုံးကြပေမယ့်.. Web Designer/Developer တွေ အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တာ ကြာပြီလို့ပြောလို့ရပါတယ်။
ဘာတွေ ခေါင်းခဲစေတာလဲ…. ကျွန်တော်လဲ အရင်က မသိခဲ့ဘူး ခေါင်းခဲစရာတစ်ခုမှန်းကို သို့သော်လဲ အင်တာနက် သုံးကတဲက IE 6 ကို မသုံးပဲ Opera ကို အဓိကသုံးဖြစ်ခဲ့တယ်။ IE 6 မှာ tab feature မပါတဲ့ အတွက် တပြိုင်တဲ web page အများကြီးဖွင့်တတ်တဲ့ ကျွန်တော့် အတွက် အရင်ကတဲကမကြိုက်ခဲ့ဘူး။
Web Design ဆိုဒ်တွေမှာ tutorial တွေလိုက်ဖတ်တော့မှ သိခဲ့တာပေါ့ IE6 က ဘယ်လိုဆိုးတဲ့ အကြောင်းကို ပြောရရင် .PNG image alpha, transparency ကို မသိတာ ရှိတယ်။ .gif ကလို transparent သူသိပေမယ့် .png ရဲ့ ထူးခြားတဲ့ alpha (opacity ကို လိုသလောက်ဖောက်ယူတာမျိုး) ကို မသိပါဘူး။ ဒီအချက်ကို သိချင်ရင် ကျွန်တော့် Home Page အပေါ် ညာဘက်ဒေါင့်နားက RSS icon ကို IE6 နဲ့ ကြည့်ကြည့်ရင် ရှင်းသွားမှာပါ။ ဒီအတွက် ဖြေရှင်းတဲ့နည်းက conditional CSS comment နဲ့ .htc, .js မျိုးထည့်ရပါတယ်။ သို့သော်လဲ အဲဒီနည်းတွေဟာ ကျွန်တော် Home Page မှာ RSS ကို သုံးထားတဲ့ CSS Sprite (Hove Design) မျိုးဆိုရင် အလုပ်မလုပ်ပြန်ပါဘူး။
နောက် အများကြီးရှိပါသေးတယ် ပြသနာတွေ ဥပမာပြောရရင် ကျွန်တော် အရင်က တင်ခဲ့တဲ့ Fixing WordPress Image Aligement မျိုး margin: 0 auto; မျိုးကိုလဲ မသိပါဘူး၊ နောက် double margin bug၊ box-model bug၊ double float bug စတာတွေ အများကြီး ရှိပါတယ်။ အဲဒီ bug တွေကို IE Tester လို tool သုံးပြီး ရှင်းယူရပါတယ်။

နောက် security hole တွေ အများကြီးရှိပါတယ်။ IE က web page တွေကို temp ဖိုင်မှာ သိမ်းတဲ့အခါ မူရင်းဖိုင် အတိုင်းသိမ်းတဲ့ အတွက် အန္တရာယ်များပါတယ်။ ကျွန်တော် တစ်ခါရေးခဲ့ဖူးပါတယ် အဲဒီ ဟာကွက်နဲ့ YouTube download လုပ်တဲ့ နည်းကိုလေ။ အဲဒီလို ပြသနာတွေ ရှိပါတယ်။
အဲဒီလို များပြားတဲ့ အချက်တွေကြောင့် users တွေ အတွက် Internet Explorer 6 ကို ခေတ်ဟောင်းမှာ ထားခဲ့ဖို့ အချိန်ရောက်နေပြီလို့ ပြောချင်ပါတယ်။ ဒီအချက်တွေက ပုံမှန်အားဖြင့် မသိသာပေမယ့်.. အခြား သူတွေကနေ IE 6 ဟာကွက်ကနေ data, account တွေကို ခိုးယူနိုင်ပါတယ်။ နောက် လက်ရှိ Web Sites တွေ အများစုက Web Standards လိုက်နဲ့ browsers ကိုပဲ support ပေးကြတာ များလာပါတယ်။ နောက် ယူဇာတွေမှာ .png ကို မမြင်ရတဲ့အတွက် web site design အလှတွေ web application တွေ သုံးတဲ့ အခါ စိတ်ပျက်စရာတွေ မြင်ကြရပါလိမ့်မယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အခြား Web Browsers တွေကို ပြောင်းလဲဖို့ အကြံပေးချင်ပါတယ်။
ဒါတွေကို Microsoft က မသိဘူးလား…?
Microsoft က Internet Explorer 6 မတိုင်ခင်မှာ Netscape က ထုတ်တဲ့ Netscape Navigator ဆိုတဲ့ browsers နဲ့ အသဲအသန် ဈေးကွက်လုပြီး ဖိုက်ခဲ့ရတာပါ။ နောက်တော့ Netscape Navigator တရားဆိုင်ရာမှာ ရှုံးသွားပြီးတဲ့နောက် IE က ပြိုင်ဘက်မရှိဘူးလို့ ထင်ပြီး IE 6 ထုတ်ပြီး 4 နှစ်လောက်ကြာမှ IE7 ကို ထုတ်ခဲ့တာပါ။
အဲဒီ အချိန်မှာပဲ တရားရှုံးသွားတဲ့ Netscape Navigator က Open Source ဖြစ်သွားပြီး Mozilla Firefox, Flock လို Gecko layout engine based browsers တွေ ထွက်လာပါတယ်။ တကယ်တော့ IE ရဲ့ ပြသနာတွေ ဖြေရှင်းဖို့က Microsoft မှာ တာဝန် အရှိဆုံးပါ.. သူက ယူဇာကို အလေးထားရင် IE ကို နောက်ထုတ်တဲ့ အခါမှာ forced update မျိုး ဒါမှမဟုတ် OS ခွေတွေမှာ ထည့်ပေးသင့်တာပါ။ အခုချိန် ကျွန်တော်တို့ Windows XP ခွေ ၀ယ်လဲ IE6 ပဲပါနေမှာပါပဲ IE7 stable ဖြစ်ပြီး 8 ထွက်ဖို့လုပ်နေတာတောင်.. နောက် ဆက်ပြောရရင် Internet Explorer တွေမှာ bug တွေ အမြဲပါနေကြပါ.. IE7, 8 မှာလဲ bugs တွေရှိပါတယ်။ ဒါတွေက ဘာလို့လဲ ဆိုရင် Microsoft က Web Standards ကို မလိုက်နာဘဲ သူ့ ကိုယ်ပိုင် Standard သာ အတည်ပြုဖို့ ကြိုးစားနေတာပါ။ Acid test မျိုးဆို pass မဖြစ်တာများပါတယ်။
Internet Explorer က ကမ္ဘာပေါ်မှာ လူသုံး အများဆုံးပါ အခုချိန်ထိပါပဲ.. ဒါကြောင့်လဲ သူက ခေါင်းမာနိုင်တာပါ.. လူသုံးများတာက Windows OS ကို လူသုံးများလို့ဖြစ်ပြီးတော့ မူရင်းပါတဲ့ IE ကို သုံးကြတာကြောင့်ပါ။ Internet Explorer မှာ ကောင်းတယ်လို့ ပြောလို့ ရတာဆိုလို့ Font Embedded Technology – Embedded Open Type (EOT) နဲ့ font ကို သွင်းပေးလို့ ရတာပါ။ နောက်ပိုင်း CSS 3 မှာ font face အတွက်လဲ ပါလာမယ်လို့တော့ ထင်ပါတယ်။ လက်ရှိမှာတော့ Text Replacement Solutions တွေနဲ့ လုပ်လို့တော့ ရပါတယ်။

ဒီလောက်ဆို စာဖတ်သူလဲ Internet Explorer နဲ့ ကြည့်နေတယ်ဆိုရင် အခြားတစ်ခုကို ပြောင်းချင်မယ်ထင်တယ် =D အခုပဲ Firefox ဆိုတဲ့ add-on 2000 နီးပါးလောက်ရှိတဲ့ browser ကို ပြောင်းသုံးကြည့ပ်ရအောင်ဗျာ။
အမှန်တော့ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က Bring Down IE6 ဆိုတဲ့ ဆိုဒ်ကိုပြောမလို့ပါပဲ ပြောရင်းနဲ့ သမိုင်းတွေ အင်းစိန် ဘက်တွေပါရောက်သွားတယ်။ Bring Down IE6 ဆိုဒ်က အင်တာနက် ယူဇာတွေကို Internet Explorer 6 မသုံးကြဖို့ လှုံ့ဆော်တဲ့ ဆိုဒ်ပါ.. UK based .Net Magazine က လုပ်ထားတာပါ။ Internet Explorer 6 က users တွေအတွက်ရော developers တွေ အတွက် မကောင်းတဲ့ အတွက် ပြောင်းသင့်တဲ့ အကြောင်း အသိပေးခြင်းပါ။ ဆိုတော့ ဒီနေ့ပဲ အခြား တစ်ခုကို ပြောင်းကြည့်လိုက်ရအောင်ဗျာ =D နောက်ဆုံးအနေနဲ့ Jeffery Zeldman ရဲ့ quote နဲ့ ပိတ်လိုက်တော့မယ်.. ပျော်ရွှင်ပါစေ။ ။
“IE6 is the new Netscape 4. The hacks needed to support IE6 are increasingly viewed as excess freight. Like Netscape 4 in 2000, IE6 is perceived to be holding back the web.”
Jeff Zeldman, standards guru



ကြယ်စင်မင်း said,
Wrote on April 18, 2009 @ 10:17 pm
ကျွန်တော်ကတော့ IE ကို မရှိသုံးသုံးပါတယ်.. အကြိုက်ဆုံးကတော့ Firefox ပါပဲ.. အဲ့ဒီကောင်ကိုပဲ စွဲ၂ မြဲ၂ သုံးပါတယ်.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို IE မှ IE ပဲ… ဘယ်လောက်မကောင်းပြောပြောလည်း မရဘူး..:D
xinxinaung said,
Wrote on April 19, 2009 @ 12:23 pm
I don’t understand until now. Please say me that I should learn how book.
Mg Pyone said,
Wrote on April 19, 2009 @ 2:09 pm
Yes… ! IE is not a nice one.. and I think it is very slow.. I am FFox Crazy
box02 said,
Wrote on April 22, 2009 @ 3:22 pm
ကိုထူးတေဇာ .. ကျနော်ခုလုပ်နေတဲ့ကုမ္ပဏီမှာ IE6 ကိုသုံးနေသေးတယ် ဘယ်နေရာတွေလဲဆိုတော့ company network အတွင်းမှာပဲ run လို့ရတဲ့ web-apps (ဥပမာ mercury – quality center) တို့လိုပါ.. IE6 မှာပဲ run နိုင်ပြီး IE7 8 တွေမှာ အလုပ်မလုပ်ပါဘူး ..
ကျန်တာတွေကတော့ FireFox ပေါ်မှာပဲ run တာပါ ..
အမ်မယ် ပြီးတော့ IE8 automatic update ဖြစ်မသွားရအောင် reg မှာတောင် block လုပ်ထားရသေးတယ် .. သူ့နေရာနဲ့သူပေါ့နော် ..
emoracket said,
Wrote on June 3, 2009 @ 11:29 pm
IE is a damn one bro!!!IE always make me want to DIE
Htoo Tay Zar said,
Wrote on June 4, 2009 @ 12:09 am
Yep bro, It’s nightmare one. Don’t forget to tell about that your friends. We need to kill that damn..
Let’s Fix OutLook!! | My Burmese Blog said,
Wrote on June 24, 2009 @ 10:49 pm
[...] Internet Explorer 6 ပြသနာလိုပါပဲ သူကတော့ user ရဲ့ [...]