hit counter

Disney * Pixar ~ UP

Disney Pixar ~ UP

အသက် 78 နှစ်ရှိနေပြီ ဖြစ်တဲ့ မိုးပျံပူဖောင်းရောင်းတဲ့ Carl Fredericksen က အရင်ကတဲက သူသွားချင်နေတဲ့ Adventure ကို မကြာခင် ခရီးထွက်တော့မှာပါ။ သူက တစ်ယောက်ထဲ နေရာကနေ တောင် အမေရိကကို စွန့်စားခန်း ထွက်တာပေါ့.. သူ့အိမ်ကို မိုးပျံပူဖောင်းတွေ အများကြီး ချည်ပြီး ကောင်းကင်က နေထွက် ခဲ့တဲ့ စွန့်စားခန်းပါ။ Fredericksen ကတော့ သူတစ်ယောက်ထဲ ကောင်းကင်မှာ အိမ်တစ်လုံးနဲ့ ထင်နေခဲ့တာ တကယ်တော့ ……

Disney Pixar UP

သူ့ရဲ့ စွန်စားခန်းကို 29 May မှာ စပြီး US က 3D Cinema တွေမှာ စပြပါလိမ့်မယ်။ ဒီကားကို Disney နဲ့ Wall E ကားနဲ့ Oscar ဆုရထားတဲ့ Pixar တို့က ရေးဆွဲတာဖြစ်ပါတယ်။ Trailer ကြည့်လိုက်တာနဲ့ကို 3D Graphic က detail ကျပြီး လူရုပ်တွေ နောက် ကလေးရုပ်လေးတွေက တကယ်ကို ကြည့်ကောင်း ပါတယ်။ အဘိုးကြီးရုပ်က ကြည့်ရတာ ကျွန်တော့် အဖိုးနဲ့ တူသလိုလို =D ကလေးလေးပုံက ၀တုတ်ဖက်တီးပုံနဲ့ ဆွဲထားတာ တော်တော် လိုက်ဖက်ပါတယ်။ ဦးထုပ် က ချည်သား လိုင်းလေးတွေက အစ အသေးစိတ်ဆွဲထားတာပါ။ နောက် မိုးပျံပူဖောင်းနဲ့ အိမ်ကို ချည်ပြီး ခရီးထွက်တဲ့ အိုင်ဒီယာက စိတ်ကူးကောင်းတယ်လို့ ပြောလို့ရပါတယ်။ အပြင်မှာလဲ အဲဒီလိုမျိုးပဲ ထိုင်ခုံကို မိုးပျံပူဖောင်းချည်ပြီး ကောင်းကင် တက်ဖူးသူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ Chicken Soup For Soul စာအုပ်ထဲမှာ ထင်တာပဲ မမှတ်မိတော့ပါဘူး။ ကာတွန်းရုပ်တွေ အသံတွေက တကယ်လိုက်ဖက်ပြီး Trailer ကြည့်တာနဲ့ တင်ကို ကြည့်ချင်စိတ်တွေ ဖြစ်လာမှာ သေချာပါတယ်။ Official Page မှာ အစုံကြည့်ကြည့်လို့ ရပါတယ်။

Disney Pixar UP

Disney Pixar ~ UP

Disney Pixar ~ UP

Disney Pixar ~ UP

Disney Pixar ~ UP


Related Posts

6 Comments so far »

  1. တောင်ငူသား said,

    Wrote on April 29, 2009 @ 9:17 pm

    ဟား
    ကာတွန်းအသစ် ကြည့်ရဦးတော့မယ်။
    သတင်းပေးတာ ကျေးဇူး ညီ

  2. ကြယ်စင်မင်း said,

    Wrote on April 29, 2009 @ 10:04 pm

    စောင့်တောင်မစောင့်ချင်တော့ဘူး.. မိုက်တယ်ဗျာ့

    ကျေးဇူးတင်ပါတယ်
    ကြယ်စင်မင်း

  3. winkabar said,

    Wrote on April 30, 2009 @ 9:20 pm

    သူက 3D နဲ့ဆိုတော့ ရုံတင်ရင်သွားကြည့်မယ်စဉ်းစားထားတာ။ ကြည့်လို့တော့တော်တော်ကောင်းမယ့်ပုံပဲ။ ကောင်လေးကလည်းချစ်စရာလေး။

  4. Soe Wai said,

    Wrote on May 2, 2009 @ 12:01 pm

    ဟာ
    ကြည့်ချင်တယ်ဗျ
    Wall E တော့ တော်တော်ကြိုက်တယ်
    ၃ ခါလားမသိဘူးရှိပြီ ပြန်ပြန်ကြည့်ဖြစ်နေတာ

  5. Htoo Tay Zar said,

    Wrote on May 11, 2009 @ 7:17 pm

    @ တောင်ငူသား, ကြယ်စင်မင်း, ကြယ်စင်မင်း, Soe Wai ~ ဇာတ်ကားက ကောင်းမယ့်ပုံပဲဗျ ဒီကိုတော့ အကြာကြီးနေမှ ရောက်မယ်ထင်တယ်.. ကောင်းရင် လက်တို့ကြပါဦး =D

  6. Kid From The Movie UP « My Burmese Blog said,

    Wrote on May 18, 2010 @ 10:34 pm

    [...] ~ Pixar ရဲ့ ကားတွန်းကား UP ထဲက ဖက်တီး ကလေးလေးပုံနဲ့ တူလို့ [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: