First Day Of Thin Gyan (Water Festival) 2009
ဒီနေ့ ၁၃ ရက် သင်္ကြန် အကြိုနေ့မှာ ညနေပိုင်းကို သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်ဖြစ်တယ်.. နောက် ပျင်းတာနဲ့ မြို့တော်ခန်းမဘက် ထွက်ခဲ့ကြတယ်။ ဒီနေ့ အကြိုနေ့က တနေ့လုံး မိုးအုံ့နေတယ်နောက် နဲနဲ ရွာတယ်။ ကြည့်ရတာ သင်္ကြန် ၄ ရက်လုံး မိုးအုံ့မယ်ပုံပဲ။ လည်တဲ့သူတွေ အသားမမည်းတော့ဘူးပေါ့။
ညနေပိုင်းမှာ ရေပက်ကြပါတယ် ကလေးတွေကော လူကြီးတွေကော မဏ္ဍပ်တွေကော ပက်ပါတယ်။ မြို့တော်ခန်းမ ဘက်မှာတော့ လမ်းပိတ်ထားတယ် လူတွေ အများကြီးပေါ့.. ခန်းမရှေ့က မဏ္ဍပ် မှာတော့ မမများ အဖွဲ့ ကနေတယ်။ ခဏ ကြည့်ပြီး ပြန်ခဲ့တယ်.. ဓာတ်ပုံ အချို့တော့ ရိုက်ခဲ့တယ်။ နောက်ရက်တွေမှာ အခြားနေရာတွေ ပတ်ရိုက်လိုက်ဦးမယ်။ ပြီးရင်တော့ ဒီမှာ ထပ်တင်ပေးပါဦးမယ်။ သင်္ကြန်မှာ ပျော်ရွှင်ပါစေ။ ။






jurassic said,
Wrote on April 14, 2009 @ 5:59 pm
ကျေးဇူးပဲဗျာ. သင်္ကြန် အလွမ်းပြေ ပုံလေးတွေ ကြည့်၇တာပေါ့…
Like or Dislike:
0
0
Moe Thout Marn said,
Wrote on April 14, 2009 @ 8:55 pm
ကျေးဇူးတင်ပါတယ် အခုလို သင်္ကြန်အလွမ်းပြေ ဓါတ်ပုံလေးတွေ တင်ပေးတာ နောက်နေ့တွေအတွက်လည်း စောင့်မျှော်နေပါတယ်ဗျာ။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on April 14, 2009 @ 9:37 pm
@ jurassic ~ ဟုတ်ကဲ့ ခင်ဗျ ကွန်မန့် အတွက် ကျေးဇူးတင်ပါတယ် နှစ်သစ်မှာ ပျော်ရွှင်ပါစေ =D
@ Moe Thout Marn ~ ဟုတ်ကဲ့ ကွန်မန့် ရေးပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ခင်ဗျာ.. နောက်ရက်တွေလဲ တင်ပေးပါ့မယ်..
Like or Dislike:
0
0
Tin Maung said,
Wrote on April 14, 2009 @ 11:45 pm
Thank you so much for your hard work.
Like or Dislike:
0
0
Black Dream said,
Wrote on April 15, 2009 @ 11:07 pm
ကြည့်ရင်းကြည့်ရင်း လွမ်းလာပြီကိုယ့်ဆရာရေ
Like or Dislike:
0
0
Soe Wai said,
Wrote on April 16, 2009 @ 10:46 pm
လွမ်းလိုက်တာဗျာ
Like or Dislike:
0
0