Honda ရဲ့ ကားကြော်ငြာ video ကို ဒီနေ့ Vimeo မှာ ကြည့်ဖြစ်ပါတယ်။ အရမ်းကြိုက်လို့ ပြန်တင်လိုက်တယ်။ သူကတော့ Let it Shine လို့ နာမည်ပေးထားတယ်။ Best Video Ads on the Planet လို့ပါ တပ်လိုက်တယ် Apple ကြော်ငြာတွေလိုပဲ စကားလုံး အကြီးကြီးတွေလျှောက်သုံးတယ်လို့ တော့မထင်ပါနဲ့။ ပြောတာမပိုဘူးဆိုတာ ကြည့်ရင် သိမှာပါ။ Pixel Art လိုပုံစံမျိုးကို ကားတွေနဲ့ လုပ်ပြသွားတာပါ။ လုပ်ရတာ တော်တော်ကျင့်မှရမယ့်ပုံပါ။ ဒါမျိုးပုံစံကို တစ်ခါကြည့်ဖူးတယ် တိုက်ခန်းတစ်ခုက အခန်းတွေ မီးတွေ အဖွင့်အပိတ်လုပ်ပြီး အရင်တုန်းက portable game က snake ဆော့သလို ဆော့ပြတာတော့ ကြည့်ဖူးတယ်။ အခုကတော့ ကားတွေနဲ့ လုပ်တာပေါ့။ တကယ်မိုက်ပါတယ်။
နောက်တစ်ခု stunning ဖြစ်အောင်လုပ်ထားနိုင်တဲ့ ကြော်ငြာတစ်ခုပါပဲ။ အခု ဖွင့်ကြည့်လိုက်ရင် တွေ့ရပါတယ် အခုပြောတာတွေကတော့ သူ့ မူရင်း Vimeo က Honda Insight Page မှာ ကြည့်မှ မြင်ရမှာပါ။ light box ပုံစံမျိုးနဲ့ video ကို focus လုပ်ပြသွားတယ်.. Lens Flare တွေ video ကို out of box လုပ်ပြသွားတာတွေက တကယ်ကို stunning ပါပဲ။ Flash ကို သုံးသွားတာပါ။ လွန်ခဲ့တဲ့ အပတ်ကမှ Vimeo က သူ့ Home Page ကို design ပြောင်းထားတာ သတိထားလိုက်မိသေးတယ်.. Water Proof Techno တင်ပြီး နောက်ရက်ပေါ့။ Video Advertisement ကို အခြားဆိုဒ်တွေမှာ တော်တော်များများကြည့်ဖူးပါတယ်။ တချို့က video ပေါ်မှာ စိတ်ပျက်စရာ လာကွယ်ပြီး pop up ads ပြတယ်.. တချို့ က video အပြီးမှာ ပြတယ် အစမှာ ပြတယ်။ အစုံပါပဲ ဒါပေမယ့် ဒီလို အံ့သြစရာကောင်းတဲ့ advertisement မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အခုတော့ Delicious မှာ bookmark လုပ်ထားလိုက်တယ်။ Vimeo ရဲ့technology နဲ့ အတူ Honda ပါ အောင်မြင်သွားပြီလို့ ပြောလို့ ရတာပေါ့ =D
တော်တော်မိုက်တယ်။ နောက်ခံတီးလုံးလေးလဲ အရမ်းနားထောင်လို့ကောင်းတယ်
Like or Dislike:
0
0
@ အမ သဉ္ဖာ ~ ကျွန်တော်လဲ ကြိုက်လို့ ခဏတိုင်း ကြည့်ဖြစ်နေတာ.. =D ကားတွေလဲနဲတာမဟုတ်ဘူးနော်.. တစ်စီးလောက် ၇ရင်ကောင်းသား =D
Like or Dislike:
0
0