hit counter

Mosquito Ringtone

mosquito_graphic2

The Mosquito လို့ခေါ်တဲ့ Mosquito Ringtone ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ လောက်ကတဲက ခေတ်စားတဲ့ ringtone ပေါ့.. အဲဒီတုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးတော့ သေသေချာချာ မစမ်းဖြစ်ဘူး။ ဒီနေ့မှ ပြန်သတိရလို့ ပြန်ရှာလိုက်တာ.. ဒီ ringtone က ခြင်နားနား လာပျံသလိုပဲ တ ၀ီ ၀ီ နဲ့ စိတ်ပျက်ဖို့ကောင်းတယ်.. တစ်ခုရှိတယ် အရမ်းကောင်းတာ.. ဖုန်းသံပေါ့ သူ့ အသံက 22khz ၀န်းကျင်လောက်ဆို အသက် ၅၀ ကျော် လူတွေ မကြားနိုင်တော့ဘူး။ သူ့ frequency လိုက်ပြီး သက်ကြီး ပိုင်းတွေ မကြားနိုင်ဘူး။

Can You Hear Me?

ဆိုတော့ ကျွန်တော်တို့ စာသင်ခန်းထဲမှာ အဲဒီ ringtone နဲ့ ဖုန်းလာရင် ဆရာမသိနိုင်ဘူး.. :P မိတ်ဆွေ အိမ်မှာ လူကြီးတွေက ညဘက်ဖုန်း ပြောလို့ ဆူရင် ဒီ ringtone သုံးပေါ့ (သိသွားလို့ ပြသနာတက်ရင်တော့ တာဝန်မယူ =D) အို.. Ringtone ပိတ်ထားပြီး vibrating alert ဖွင့်ထားလဲ ရတာပဲလို့ ပြောနေဦးမယ်.. သူက ညဘက်လို တိတ်နေတဲ့ အချိန်ဆို အထဲက မော်တာ သံက ကျယ်တာပါပဲ။ ဒီ ringtone က အခြေခံက Mosquito ဆိုတဲ့ စက်ကို အခြေခံထားတာ အဲဒါက UltraSound ကို အခြေခံတဲ့ နည်းကို သုံးပြီး ringtone လုပ်ထားတာ။ အသံက ပျင်းဖို့ ကောင်းပေမယ့် လူကြီးတွေ မကြားနိုင်တာမျိုးကတော့ စိတ်ချမ်းသာစရာကောင်းတယ်။

ကျွန်တော်က ringtone ဆို အဆန်းတွေသုံးတာများတယ် ရဲကား၊ မီးသတ်ကား အော်သံလိုမျိုးတွေပေါ့.. လူကြီးတွေကတော့ မကြိုက်ဘူး ကျက်သရေတုံးတယ်တဲ့ အဲဒီတော့လဲ မတတ်နိုင်ဘူး အဲဒီ မကြိုက်တဲ့ သူတွေဖုန်းတွေကိုပဲ အဲဒီ ringtone နဲ့ သတ်မှတ်ထားလိုက်တယ် =D သူတို့ မသိတော့ဘူးပေါ့။ အခု ပြောတဲ့ Ringtone ကို Mosquito Ringtone လို့ ခေါ်ပါတယ် နောက်ထပ် TeenBuzz လို့လဲ ခေါ်ပါသေးတယ်။ အသက် အပိုင်းအခြားနဲ့ ကိုယ်လိုချင်တဲ့ frequency ကို download လုပ်ယူနိုင်ပါတယ် နောက် နှစ်သက်ရာ file format နဲ့ပေါ့။ iPhone အတွက်လဲ ရနိုင်ပါတယ်။ ကဲ ကိုယ့်လူတို့ တိုးတိုး တိတ်တိတ်ပေါ့ =D

Download Mosquito Ringtone

Teen Buzz Org
Free Mosquito Ringtones Org
Free Mosquito Ringtone .Net


Related Posts

5 Comments so far »

  1. ကြယ်စင်မင်း said,

    Wrote on April 27, 2009 @ 9:03 pm

    အကို.. ကျွန်တော်စမ်းကြည့်သေးတယ်.. သူကို Iphone ရဲ့ ringtone ထဲ့ပြီးစမ်းကြည့်တာ ဖုန်းတွေ တော်တော်လွတ်သွားတယ်.. အသံမကြားလိုက်ရလို့လေ. :P ဖုန်းသံက တကယ့် ခြင်ကောင်ရဲ့ တ၀ီးဝီး အသံပဲဗျာ့.. :D

    ကျေးဇူးတင်ပါတယ်
    ကြယ်စင်မင်း

  2. Htoo Tay Zar said,

    Wrote on April 29, 2009 @ 4:36 pm

    @ ကြယ်စင်မင်း ~ ဟုတ်တယ်ဗျ ကျွန်တော်ဆို 22~26khz လောက်ဆို မကြားရဘူး.. သီချင်းနားကြပ်နဲ့ နားထောင်တာများသွားလို့ ထင်ပါရဲ့ဗျာ =D

  3. winkabar said,

    Wrote on April 30, 2009 @ 9:39 pm

    ၂၂ – ၂၆ က ၁၈ နှစ်အောက်တွေအတွက်လေ ကိုတေဇာက ၁၈ ကျော်ပြီကိုး :P .. ကြံကြံဖန်ဖန်နော် ထွင်တတ်တယ်။

  4. chitlar said,

    Wrote on May 14, 2009 @ 1:44 pm

    Mosquito Ringtone က ဖုန်းကြိုးထိုးပြီးမှ ဒေါင်းလို့ရတာထင်တယ် ဒီအတိုင်းဒေါင်းချင်လို့ဗျာ ရှိတဲ့သူများ ပြန်ရှယ်ပေးကြပါဦး

  5. Htoo Tay Zar said,

    Wrote on May 14, 2009 @ 1:48 pm

    @ chitlar ~ မဟုတ်ပါဘူးဗျာ ဒီအတိုင်း ကွန်ပျူတာထဲ တန်း download လုပ်လို့ ရပါတယ်..

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: