Myanmar Weather and Natural Disaster Information

တဖြည်းဖြည်းနဲ့ Nargis တိုက်ခဲ့တဲ့ အချိန်မျိုးကို ရောက်လာတော့မယ်။ အခုချိန်တွေမှာ ရန်ကုန်မှာ (မြန်မာပြည်အနှံ့လဲ တူမယ်ထင်တယ်) အရမ်းပူပါတယ်.. လေလဲ အရမ်းတိုက်တယ် ဒါပေမယ့် လေပူတွေ တိုက်တာပါ။ ရာသီဥတုက မငြိမ်ဘူး ဒီနေ့ နေအရမ်းပူပေမယ့် နောက်နေ့ မိုးအုံ့ပြန်ရော. ရာသီဥတုက တဖြည်းဖြည်းနဲ့ လူတိုင်းသက်ဆိုင်လာနေပြီ.. လက်ရှိ အွန်လိုင်းမှာ မြန်မာလို ရာသီဥတု သတင်း ပေးတဲ့ဆိုဒ် မရှိဘူးလို့ ပြောလို့ ရအောင်ရှားပါတယ်။ လက်ရှိကတော့ Myanmar Weather and Natural Disaster Information ဆိုတဲ့ Google Site တစ်ခုရှိပါတယ်။
မြန်မာလို ရေးတာပါ.. ရာသီဥတုသတင်းတွေ ဖတ်လို့ ရပါတယ် နောက် MMWeather Google Group မှာလဲ ရာသီဥတု ဆိုင်ရာတွေ ဆွေးနွေးနိုင်ပါတယ်။ နောက် Group Message, Mail နဲ့ အချက်အလက်တွေ ပို့ပါတယ်။ ဒီဆိုဒ်လုပ်ထားတာ အရင်က Ning မှာပါ နောက်တော့ ပြည်တွင်းက MPT ISP က IP တွေကို Ning က ban လိုက်တဲ့ အတွက် အခုလို လူတိုင်းဖတ်လို့လွယ်နိုင်တဲ့ Google Site ကို ပြောင်းလိုက်တာပါ။ အနည်းဆုံးတော့ ကျွန်တော်တို့ ပြည်တွင်းနဲ့ ဆိုင်တဲ့ မိုးလေ၀သတွေ၊ သုံးသပ်ချက်တွေကို ဖတ်နိုင်မှာပါ။ ပျော်ရွှင်ပါစေ။ ။





mmweather said,
Wrote on May 4, 2009 @ 5:17 pm
Thanks for your post, we are trying hard to get information up to date and post them up to date on both MMWEATHER sites on Google and NING.
Group subscriptions is also useful to our people to receive up to date weather and natural disaster informations.