The App Store is about to hit 1 Billion Download

Apple ရဲ့ iTunes Store မှာ iPhone, iPod Touch Apps တွေ download အရေအတွက်က မကြာခင်မှာ 1 Billion ပြည့်တော့မှာပါ။ ဒီအတွက် Apple က 1 Billion မြောက် app download လုပ်သူအတွက် ဆုပေးမယ်လို့ တရားဝင်ပြောထားပါတယ်။
အခုချိန် Apple.com ကို သွားကြည့်မယ်ဆိုရင် home page မှာတင်ကို Active download counter ကိုတွေ့ရပါလိမ့်မယ်။ 1 Billion ကို ကျွမ်းကျင်သူတွေ ခန့်မှန်းတာ မနက်ဖြန် 23 နေ့လည်လောက်မှာ ပြည့်မယ်လို့ ပြောကြပါတယ်။ 1 Billion downloader အတွက် ပေးမယ့်ဆုတွေက – $10,000 iTunes Gift Card, an iPod touch, a Time Capsule, and a MacBook Pro တို့ပါ။

1 Billion download ဆုကို ရဖို့ ကိုယ် ဒေါင်းလုဒ်လုပ်တာက free Apps ဖြစ်စေ paid Apps ဖြစ်စေ အကျုံးဝင်ပါတယ်။ ကျွန်တော်တောင် iPhone မရှိပဲ iTunes ကနေ ရမလားလို့ free Apps တွေ download လုပ်ကြည့်သေးတယ်။ အဲဒီဆုတွက် entry form ဖြည့်ဖို့လိုပါတယ် နောက် ဒီနိုင်ငံတွေထဲက ဖြစ်ဖို့လိုတယ်.. United States or the District of Columbia, Australia, Austria, Belgium, Canada (excluding the Province of Quebec), Denmark, Finland, France, Germany, Greece, Ireland, Italy, Japan, Luxembourg, Netherlands, New Zealand, Norway, Portugal, Spain, Switzerland, or the United Kingdom အမျိုးရှိရင်တော့ သူ့ လိပ်စာနဲ့ account နဲ့ download လုပ်ယူပေတော့ဗျာ ဆုက US $ 15,000 + တန်ပါတယ်။ =D ဘာရယ်မဟုတ်ပါဘူး ရမလားလို့ စမ်းကြည့်တာပါ။ ပျော်ရွှင်ပါစေ။ ။





Apple said No Apple NetBook!! | My Burmese Blog said,
Wrote on April 24, 2009 @ 6:51 pm
[...] 23 ရက် 1:24:06 AM PST မှာ သူ့ရဲ့ 1 Billion App download ပြည့်သွားခဲ့တယ်။ Snow Leopard ကို June 18 မှာ [...]
sthanm said,
Wrote on April 29, 2009 @ 10:22 am
အား…….အသိနောက်ကျသွားတယ်ဗျား……….
ကျေးဇူးပဲ……နောင်လည်း Apple နဲ့ ပတ်သက်တဲ့ သတင်းတွေတင်ပေးပါအုံး…
iphone အကြောင်းကို ပိုသိချင်တယ်…ရွှင်လန်းချမ်းမြေ့ပါစေ..