hit counter

The Day before Thin Gyan

Infront Of Yuzana Plaza (12.5.09)

မနက်ဖြန်ဆိုရင် 13 ရက် သင်္ကြန် အကြိုနေ့ ရောက်ပြီ.. ဒီရက်တွေမှာ ၃ ရက်လောက်ရှိပြီ မိုးတွေ အုံ့တယ် နဲနဲ ရွာတယ်။ ဒီနေ့ တော့ မနက်ကတည်းက တော်တော်ရွာတယ်.. လမ်းတွေပေါ်မှာ ရေတွေ လျှံနေတယ်။ ဒါပထမဆုံး သည်းတာပဲ အရင်ရက်တွေကဆို အရမ်းပူလို့ ခေါင်းတွေလဲ မူးနေခဲ့တာ..

ဒီရက်တွေက ဈေးတွေမှာ လူအရမ်းစည်တဲ့ ရက်တွေပါ ဈေးတွေ နောက်ဆုံးရက်ဆိုတော့ ဈေးသူ၊ ဈေးသားတွေ အချင်းချင်း ရေပက်ကြရာကနေ အပြင်လူတွေပါ လိုက်ပတ်ပြီး ဈေးသင်္ကြန်ဆိုပြီး ဖြစ်လာတာ။ ဒီနေ့ ယုဇနပလာဇာ ရောက်ဖြစ်တယ် နောက် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ FMI တို့ ရောက်တယ်။ မနက်အစော ပလာဇာရှေ့ရောက်တော့ ရေတွေက လမ်းပေါ်မှာ လျှံနေပြီ. ဒါနဲ့ ဓာတ်ပုံ ရိုက်ခဲ့တယ်။

FMI မှာတော့ လူနဲနဲရှင်းတယ် နောက် Punk ဒီဇိုင်း ၀တ်ထားတဲ့ လူငယ်တွေ တွေ့ခဲ့တယ်.. သူတို့တွေက နှစ်တိုင်း ဈေးသင်္ကြန်မှာ FMI က Heart Rock cafe’ မှာ လူစုတတ်ကြတယ်။ အသိတွေတော့ မတွေ့မိဘူး။ နောက် FMI အပေါ်ဆုံးထပ်က Jolly Bird Guitar ဆိုင် သွားခဲ့သေးတယ်။ ဆိုင်ကတော့ ပိတ်ထားတာနဲ့ BC Rich နဲ့ Washburn Guitar ၂ လက် သရေကျပြီး ပြန်လာခဲ့တယ်.. ဒီလိုပါပဲ အရင်လဲ ဘာမှ မ၀ယ်နိုင်ဘဲ သွားကြည့်နေကြ။ အရင်ရှိတဲ့ Zack Wylde ရဲ့ Epiphone Bulls Eye Guitar တော့ မတွေ့တော့ဘူး ရောင်းလိုက်ရပြီနဲ့ တူတယ်။

ဗိုလ်ချုပ်ဈေးဘက်မှာတော့ အခြောက်တွေ လဲတွေ့တယ် ကလေးတွေ ရေပက်နေကြတယ်။ နောက် Nazi ထောက်ခံ Skin ဆိုတဲ့ ဂတုံး စတိုင်နဲ့ လူငယ်တွေ တချို့တွေ့တယ်။ နိုင်ငံခြားသား တချို့လဲ ရေတွေရွဲပြီး တွေ့ခဲ့တယ်။ ဒီနှစ် ဗိုလ်ချုပ်ဈေးက မဏ္ဍပ် မလုပ်ပါဘူး.. ဒါပထမဆုံး မလုပ်တဲ့ နှစ်ပေါ့. အင်းလျားလမ်းမှာလဲ အရင်နှစ်တွေထက်စာရင် မဏ္ဍပ် နဲပါတယ်။ နောက် ကမ္ဘာအေး ဘုရားလမ်း အင်းလျားကန်ဘက် အခြမ်းမှာတော့ ပုံမှန်ရှိပါတယ်။ တာမွေ ဘက်မှာလဲ နဲသလိုပါပဲ။ မဏ္ဍပ်တွေနဲရခြင်းက အရင် စပွန်ဆာပေးနေကြ company တွေ crisis ထိနေတာရယ် လူတွေ ပိုက်ဆံ သိပ်မသုံးနိုင်ကြတာကြောင့်ဖြစ်မယ် ထင်ပါတယ်။

Alpine လို မဏ္ဍပ် ကြီးတွေက ဒီနှစ်မှာ မန္တလေးကို ရောက်သွားပါတယ် နောက် Air Bagan ကတော့ ကန်တော်ကြီးစောင်းမှာ ရှိမယ်လို့ အစောပိုင်းတုန်းက ကြားမိပါတယ်။ ပြည်လမ်းဘက်မှာ ဒီနှစ် မဏ္ဍပ် ပေးမဆောက်ပါဘူး။ နောက် မြို့ထဲဘက်မှာ မြို့တော်ခန်းမ၊ MotherLand အခြား ဗိုလ်ချုပ်လမ်းဘက်တွေမှာ တချို့ ရှိပါတယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက်စာရင် မဏ္ဍပ် နဲပါတယ်။

ကျွန်တော်လဲ ဒီနှစ်ကို မန္တလေးကို သွားဖို့ စီစဉ်ပေမယ့် လက်မှတ်မရတာကြောင့် ရန်ကုန်မှာပဲ နေရပါဦးမယ်။ သင်္ကြန်ကို အိမ်မှာပဲ နေမှာပါ နောက် အခွေတွေ စာအုပ်တွေ ဂိမ်းတွေ အများကြီး ကြိုဝယ်ထားပါတယ်။ နောက် လုပ်စရာရှိတဲ့ အလုပ်တွေအားရင် လုပ်ပါမယ်.. ပိုက်ဆံ ရအောင် အမျိုးမျိုး အကြံထုတ်ပါမယ်.. (အစက အင်းလျားလမ်းမှာ ဈေးရောင်းဖို့ စဉ်းစားထားတာပါ) ပိုက်ဆံ 80 လောက်ရရင် 3.0 ထွက်တဲ့ အခါ iPod touch ၀ယ်နိုင်ဖို့ မျှော်လင့်ထားပါတယ် =D (Crazy fanboy :D ) တစ်ရက်လောက်တော့ မြို့ အနှံ အရင်နှစ်ကလိုပဲ taxi တစ်စီးနဲ့ ဓာတ်ပုံ ပတ်ရိုက်ဖို့ စဉ်းစားထားပါတယ်။ ဒီကြားရက်တွေမှာလဲ အားရင် အားသလို ဘလော့ဂ်ရေးပါဦးမယ်။ သင်္ကြန်မှာ အားလုံး ပျော်ရွှင်ပါစေ။ ။


Related Posts

3 Comments so far »

  1. မျက်လုံး said,

    Wrote on April 12, 2009 @ 11:12 pm

    စုပြီး တီးကြ ဆိုကြဦးမလားလို့ တေဇာရေ..

  2. khinmarlaraung said,

    Wrote on April 13, 2009 @ 5:04 am

    အေးချမ်းပါစေ။ :)

  3. Htoo Tay Zar said,

    Wrote on April 13, 2009 @ 9:24 pm

    @ ကိုမျက်လုံး ~ ဟုတ်အကို အဆင်ပြေရင် လုပ်လေ အကို =D

    @ khinmarlaraung ~ အေးချမ်းပါစေ.. ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ… =D

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: