Third Day Of Thin Gyan (Water Festival) 2009
ဒီနေ့ သင်္ကြန် အကြတ်နေ့ပါ။ အကျနေ့ ညဘက်မှာ တီဗီ ကြည့်တုန်း အောက်ဖက်ကနေ မိုးလေ၀သက ပြောသွားတယ် ဘင်္ဂလားပင်လယ်အော်မှာ မုန်းတိုင်း တစ်ခုရှိတယ် လေတိုက်နှုန်း ၁ နာရီကို 40 လောက်နဲ့ မြောက် ဒါမှမဟုတ် အရှေ့မြောက်ကို ဦးတည်နေတယ်လို့ သတင်း ခဏတိုင်း ပြထားတော့ ဒီနေ့ မိုးသည်းမယ်ထင်တာ.. မနက်ရောက်တော့ နေက အရမ်းကို ပူနေခဲ့တယ်။
မနက်မှာ သူငယ်ချင်း ၂ ယောက်နဲ့ အင်းလျားလမ်းကို သွားခဲ့ပါတယ်။ လမ်းတစ်လျှောက် နှင်းအ၀ါလို့ ပြောလို့ ရမယ်ထင်တယ် ပိတောက်ပန်းတွေ၊ ငုဝါပန်းတွေ ကြွေထားတာ လမ်းဘေးတွေမှာ ၀ါနေတာ.. နောက် အင်းလျားလမ်း မရောက်ခင် လှည်းတန်း အကျော်မှာ ကားပိတ်နေတာနဲ့ လမ်းဆင်းလျှောက်ဖြစ်ပါတယ်။
အင်းလျားလမ်းကို ၀င်တော့ အရင်အတိုင်း မဏ္ဍပ်တွေ အများကြီး လူတွေ အများကြီးပါ.. အရင်နှစ်က ရှိခဲံတဲ့ မဏ္ဍပ်တွေက အရင်နေရာကိုပဲ ပြန်ယူကြပါတယ်။ Banana လိုပေါ့.. နောက် Channel V သူက အင်းလျားလမ်းမှာ အကြီးဆုံး တစ်ခုပါ.. နောက် အရှေ့ဘက်မှာ သံဆူးကြိုးတွေ ကာထားတာပါ။ နောက် Black Pearl, Eleven, YGN, Kiss စတာတွေပေါ့ လူတွေ အရမ်းတိုးရတယ်.. နားငြီးပါတယ်.. ကလေးမတချို့ စင်ပေါ်မှာ တွန့်ပြီး ကနေကြတယ်။ ဓာတ်ပုံလဲ ရိုက်သာရိုက်နေရတာ ရေပက်တော့ ဖုန်းက ကင်မရာလဲ ပျက်မှာ စိုးရိမ်နေရသေးတယ်.. သတိထားနေရင်းနဲ့ကို screen ထဲ ရေ၀င်သွားသေးတယ်.. နောက် အင်းလျားလမ်း အလယ်လောက်ရောက်တော့ လူတွေ လုံးဝကို woodstock ခွေထဲကလို တိုးနေတာနဲ့ အခြား သူငယ်ချင်းတွေ မဏ္ဍပ် တွေ ဆက်မသွားတော့ပဲ ပြန်လာခဲ့ပါတယ်။
ဒီနေ့ နေပူတော့ အသားတွေ အခု စာရေးနေတုန်း စပ်နေပါတယ်.. ဒါတောင် ထီးဆောင်းသေးတယ်။ နေ့လည်ဘက်က အင်းလျားလမ်းက အပြန် လှည်းတန်းက YKKO မှာ ကြေးအိုးစားတယ် နောက် Mr.Brown မှာ အအေးသောက်ပြီး ပြန်ခဲ့ပါတယ်။ မနက်ဖြန်တော့ ဘယ်မှသွားဖို့ အစီအစဉ် မရှိပါဘူး။ အိမ်နားက သူငယ်ချင်းနဲ့ အအေးဆိုင် ထိုင်ဖြစ်မယ် ဒီလောက်ပါပဲ။ မနက်ဖြန် လဲ ရိုက်ဖြစ်ရင် ဓာတ်ပုံ ထပ်တင်ပေးပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။
























Black Dream said,
Wrote on April 15, 2009 @ 11:06 pm
အခုလိုဝေမျှပေးတာ အရမ်းကျေးဇူးတင်တယ် ညီလေးရေ…။ ကိုယ်တို့လို အဝေးအရောက် နေတဲ့သူတွေအတွက် တကယ့်လိုအပ်ချက်ပဲ…။ နှစ်သစ်မှာ ပျော်ရွှင်အဆင်ပြေပါစေဗျာ..။
moe thout marn said,
Wrote on April 15, 2009 @ 11:57 pm
Wow !!! Thanks 4 ur sharing information. Sorry before im not seen this post. Great Job !!!!
Thank u very much!!!!!
Aung Sithu Khant said,
Wrote on April 17, 2009 @ 7:56 am
Thank you for sharing photos. it’s amazing…. but, i did’nt get a chance to join the festival…..
Is it this year festival more crowded than last year?
Thanks for photos again
Happy new year,
Sithu. (Bkk)