Virtual Box ~ Sun Microsystems

Virtualization ဆိုတာ အခုချိန်မှာ အရမ်းခေတ်စားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ အရင်တုန်းက Virtual Machine (VM) မျိုးကို လူသိပ်မသုံးကြပါဘူး။ ကျွန်တော်တောင် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ သူငယ်ချင်း LeoJack ပေးလို့ VMware ကို စသုံးဖူးတာပါ။ သူကတော့ VMware နဲ့ Virus တွေ စမ်းတယ်၊ မွေးတဲ့ အလုပ်လုပ်တဲ့ မွေးမြူရေးသမားပေါ့ =D ။
Virtual Machine ဆိုတာက workstation (Computer) တစ်လုံးပေါ်မှာ အခြား Multiple Operating System တွေနဲ့ အယောင် ကွန်ပျူတာတွေလုပ် network group တွေ လုပ်ထားလို့ရတာမျိုးပါ။ ဒါမျိုးက Terminal (Thin Clients) မျိုး နဲ့ မတူပါဘူး။ Thin Clients တွေမှာ clients တွေ အတွက် hardware လိုပါတယ်။ VM ကတော့ မိတ်ဆွေရဲ့ အိမ်သုံး ကွန်ပျူတာမှာတင်ကို လုပ်လို့ ရပါတယ်။ သူက မူရင်း OS တစ်ခုပေါ်ကို အခြေခံပြီး အယောင် OS သူ့ကို Guest OS (Computers) လို့ခေါ်တဲ့ ကွန်ပျူတာတွေ လုပ်ယူတာပါ။ အယောင်ကွန်ပျူတာတွေမှာ virus ၀င်လို့ သူ့ကို system restore ပြန်လုပ်လိုက်ရင် နဂိုအတိုင်းပြန်ရနိုင်တာမျိုးပါ။ နဲနဲတော့ ရှုပ်ချင်စရာပါ။ လက်တွေ့ စမ်းသုံးကြည့်ရင် သိပါလိမ့်မယ်။
Virtual Machine တွေက အခုချိန်မှာ အရေးပါလာတယ်.. ဆိုတော့ ဘာကြောင့် အရေးပါလာလဲ ဘာတွေ ကောင်းနေလို့လဲ ကြည့်ကြရအောင်ပါ။ Personal သုံးအတွက်ဆို virus, worm လို တိုက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ သူကိုယ်သုံးပြီး web surf လုပ်တယ်ဆိုပါဆို့ တကယ်လို့ virus အဲဒီ virtual PC မှာ ၀င်သွားခဲ့ရင် virtual PC ကို system restore လုပ်ရင်လုပ် ဒါမှ မဟုတ် အစက ပြန်တင်လိုက်ရုံပါပဲ.. ဆိုတော့ Data ကရော data ကို မူရင်း PC မှာ network ဆောက်ပြီး သိမ်းပေါ့။ ဒါမျိုးက Cloud Computing နဲ့ အခြေခံ သဘောချင်းတူပါတယ်။
Virtual Machine တွေ၊ Virtual Servers တွေ က ခေတ်စားလာတာက maintenance, high availability and disaster recovery လိုမျိုးတွေ ကြောင့်ပါ။ Servers တွေ အတွက် Virtual Grid Servers မျိုးတွေ လုပ်ယူထားနိုင်တယ်။

(စကားမစပ် အပေါ်က ပုံလေး အိုင်ဒီယာ မိုက်တယ်နော်.. ပုံကြည့်ပြီး နာမည်တွေ ပြောကြည့်ပါ
)
VM တွေ သုံးဖို့ အတွက် ဘာတွေ လိုသလဲ… ? တကယ်ပြောတာပါ မိတ်ဆွေ ကွန်ပျူတာ spec မြင့်ဖို့လိုပါတယ်။ At lease Core 2 Duo, 2 GB RAM မျိုးလောက်လိုပါတယ်။ အခု ကျွန်တော်ပြောတာက Vista ပေါ်မှာ VMware တင်ဖို့ အတွက်ပါ။ မိတ်ဆွေ စက်ပေါ်မှာ ဆောက်တဲ့ Virtual Machine အရေ အတွက်ပေါ်မူတည်ပြီး ပိုပြီး လိုပါလိမ့်မယ်။
VM မှာ နာမည် အကြီးဆုံးက VMware ပါ.. မြန်မာပြည်ဈေးကွက်ထဲမှာ ရနိုင်ပါတယ် နောက်ဆုံးထွက်ထားတာက VMware ESX Servers ပါ။ နောက် လွန်ခဲ့တဲ့ နှစ်တွေကမှ စလုပ်လာတဲ့ Microsoft ရဲ့ Virtual PC, Virtual Servers ဆိုတာမျိုးလဲ ရှိပါတယ်။ နောက် Linux မျိုးတွေ Solaris မျိုးတွေ အတွက် Jails, Containers, VServer မျိုးတွေ ရှိပါတယ်။ ကျွန်တော်တော့ အဲဒါတွေ မသုံးဖူးပါဘူး။ သုံးချင်ရင် Google ကို မေးပါလေ။
Macintosh အတွက်က Parallels Desktop, VMware က ထုတ်တဲ့ Fusion ရှိပါတယ်။ ကျွန်တော် အရင်ပြောခဲ့တဲ့ Boot Camp က Virtual မဟုတ်ပါဘူး။ နောက် Remote Desktop ကိုလဲ VM လို့ မခေါ်ပါဘူး။ နောက် အခုပြောမယ့် Sun Microsystems ရဲ့ Virtual Box ရှိပါတယ်။
အခုမှပြောမယ့်ဆီရောက်ပါပြီ Virtual Box ဆိုတာ Sun Microsystems က ထုတ်တဲ့ Hardware based Virtual Machine software တစ်ခုပါ။ မူရင်းစလုပ်တာက innotek ဆိုတဲ့ ဂျာမန် company ကလုပ်နေတာပါ။ Sun ကလဲ xVM ဆိုတဲ့ Virtual Machine Project ရှိပြီးသားပါ။ အဲဒါကို innotek ရဲ့ Virtual Box ကို ၀ယ်လိုက်ပြီး ဆက် develop လုပ်တာပါ။ သူ့မှာ Shared folder မျိုးကနေ မူရင်း OS နဲ့ Guest OS အကြား data ပြောင်းယူနိုင်တယ်။ နောက် Multi-Processing ရတယ်။

အကောင်းဆုံး အချက်ပြောဖို့မေ့နေတယ်.. Personal use အတွက် free ရနိုင်တယ်.. နောက် Cross-Platform ရနိုင်တယ်.. Windows 98, 2003, XP, Vista, Windows 7, Mac OS X, Ubuntu, Red Hat, Fedora, Mandriva, Debian, Xandros (Xandros ဆိုတာ Asus Eee PC တွေမှာ ပါတဲ့ linux kernal သုံး OS ပါ) , OpenSuse, OpenSolaris, FreeBSD တွေမှာ ရနိုင်ပါတယ်။ အစုံပဲပေါ့.. နောက် အလကားရတယ် *nix တွေမှာ လဲ Windows တွေ တင်လို့ ရနိုင်တယ်။ Mac မှာလဲ Windows, *nix တွေ တင်လို့ ရနိုင်ပါတယ်။ Mac OS ကိုတော့ ဘယ် platform မှာမှ Guest OS အနေနဲ့ တင်လို့ ရမှာမဟုတ်ပါဘူး။ Mac OS ပေါ်မှာသာ Guest Mac တင်နိုင်ပါတယ်။ တင်ချင်ရင်တော့ ကျွန်တော်အရင်က ပြောဖူးတဲ့ MSI Wind ပေါ်မှာ Hacked Mac လိုမျိုးနဲ့ တင်မှရပါမယ်။
အခုက တော့ Virtual Box ကို မိတ်ဆက် သဘောပါ detail ကိုတော့ နောက်ထပ် ထပ်တင်ပေးပါမယ်။ Virtual Box က 3D Virtual Box ပုံစံမျိုးတွေ hardware support (Depend on OpenGL usage) တွေ ရတဲ့အတွက် Game ပါ ဆော့ဖို့ အဆင်ပြေပါတယ်။ လက်ရှိတော့ ကျွန်တော် Mac မှာ Windows ကို Bootcamp နဲ့ရော Parallels နဲ့ပါ သုံးပါတယ်။ Parallels ကတော့ နောက်ဆုံးထွက်မှာကို bug တချို့ ရှိတယ်။ Virtual Box detail preview ကိုတော့ မကြာခင် ရေးပါမယ်။ Virtual Box ကို ဒီမှာ Download လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။


NYO said,
Wrote on April 22, 2009 @ 11:42 am
ကိုထူးတေဇာ ရေ . . .
ကျွန်တော်အနေနဲ့တော့ အဲလို VM လုပ်တဲ့အထဲမှာ Virtual Box ကို အကြိုက်ဆုံးပါပဲ။
Free ရတယ်။ Sun ရဲ့ Supporting ရှိတယ်။ သုံးရတာ ပေါ့တယ်။
ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည် ပြည်တွင်းကနေ Virtual Box ကို ဒေါင်းလုပ် လုပ်လို့မရတာ ပြဿနာပါပဲ။ Sun က မြန်မာ အိုင်ပီတွေကို banned ထားတယ်။ အဲဒီအခက်အခဲလေးတော့ ရှိနေတယ်။
Htoo Tay Zar said,
Wrote on April 22, 2009 @ 2:38 pm
Virtualbox.org မှာ download ယူလို့ ရတယ် ကိုနေယံဦး sun.com တင် မဟုတ်ဘူး.. ကျွန်တော် တောင် virtualbox.org က ပဲယူတာ.. =D
Talkii said,
Wrote on June 3, 2009 @ 11:56 am
I can use USB drive in Virtual Box. How about in VMware? Thanks for sharing.
Htoo Tay Zar said,
Wrote on June 3, 2009 @ 12:14 pm
@Talkii ~ VMware (Fusion, ESX Server) also support USB, VGA ports too. Check it out in Preferences for more detail. Thanks for your commet.. too