Are My Sites Up?


Are My Sites Up? ~ When your websites go down, shouldn't you be the first to know?

Are My Sites Up? (AMSU) ဆိုတာက tracking web site တစ်ခုပါ။ သူမှာ free နဲ့ premium (paid) ၂ မျိုးရှိပါတယ်။ Free မှာ ဆိုဒ် ၅ ခု ထည့်လို့ရပါတယ်။ သူက Google Analytics လို keyword, visitors စတာတွေ အကုန်လုပ်ပေးတာ မဟုတ်ပါဘူး site down time ကို စစ်ပေးတာပါ။

Are My Sites Up? Instant Site Checkr Snap

Free မှာ တစ်ရက်ကို ၂၄ ကြိမ် တစ်နာရီ တစ်ခါ စစ်ပေးပါတယ်။ premium မှာတော့ ၁၅ မိနစ် တစ်ကြိမ်လောက်ကို စစ်ပါတယ်။ စစ်လို့ ဆိုဒ်တွေ တစ်ခုခု down နေခဲ့ရင် timeout, error တစ်ခုခုဖြစ်နေခဲ့ရင် email, SMS (US only) ပို့ အကြောင်းကြားပေးပါတယ်။ Instant Site Checker ကနေလဲ ချက်ချင်း စစ်လို့ ရပါတယ်။

Premium Service မှာတော့ email အပြင် iPhone App, twitter တွေကနေပါ အကြောင်း ကြားပေးပါတယ်။ ဆိုဒ်ဘာကြောင့် down ရလဲ စတဲ့ error code ပြပေးပါတယ်။ RSS feed, Premium support, Keyword search တေပါ ရနိုင်ပါတယ်။ ဈေးကလဲ site အများကြီးကို manage လုပ်နေရတဲ့ သူတွေ အတွက် သက်သာတယ်လို့ ပြောလို့ ရတဲ့ ဈေးမျိုးပါ။ ဒီလို Site current status က Google Analytics မှာလဲ ပါပေမယ့် ဒီတစ်ခုကတော့ ပေါ့ပေါ့ပါးပါးနဲ့ email, twitter, app တွေကနေ အလွယ်တကူသိနိုင်လို့ အသုံးတည့်တယ်လို့ ပြောလို့ရပါတယ်။ Blog တွေထည့်ချင်လဲ အလွယ်တကူ ထည့်ထားနိုင်ပြီး ကိုယ့် ဘလော့ဂ်တက်မတက်ကို သိနိုင်ပါတယ်။



Related Posts

1 Comment so far »

  1. winnaing said,

    Wrote on May 14, 2009 @ 6:39 pm

    ကိုတေဇာရေ ဒီ ပစ္စည်းကတော့တော်တော်လေး အသုံးတည့်သဗျာ။ ကျေးဇူးအထူးတင်ကြောင်းပါ။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: