Customer Support from MSI


MSI Motherboard

လွန်ခဲ့တဲ့ ၄ ရက်လောက်က ရန်ကုန်က Micro Star International (MSI) Dealer Smart Computer ရှိတဲ့ ၃၆ လမ်းကို ပြန်ရောက်ခဲ့တယ်။ အိမ်က desktop ဘာဖြစ်မှန်း မသိပဲကြွသွားလို့ ခင်ဗျ.. စက်က MSI P35 Neo2 ၀ယ်ထားတာပါ။ အကောင်းကြီးကနေ တစ်ခေါက်တော့ BIOS screen logo တက်ပြီး ဘာမှ မလာတော့ဘူး အဲဒီ ပုံပဲပြနေတာ BIOS ၀င်မရ၊ keyboard၊ Mouse မသိဖြစ်နေလို့ သွားပြင်ရတယ်။

စက်က 2008 ၁ လပိုင်းတုန်းက ၀ယ်ထားတာပါ။ 2 years warranty ရှိပေမယ့် ပြည်တွင်းမှာ တကယ်ရော အလုပ်ဖြစ်ရဲ့လားလို့ စိတ်ထဲ ထင်နေခဲ့တယ်.. service center ရောက်တော့ သူတို့က စက်ကို ကြည့်ပြီး warranty လဲရှိတာကြောင့် ပြင်ပေးမယ်လို့ ပြောပါတယ်။ စက်က အသစ်လဲရမယ် ပုံဖြစ်နေတယ် ဒါပေမယ့် သူတို့မှာ လဲပေးဖို့ ကျွန်တော်စက်နဲ့ မော်ဒယ်တူတဲ့ board မရှိတာကြောင့် ၁ ပတ် သို့ ၂ ပတ်လောက် စောင့်ပါလို့ ပြောပါတယ်။ ဒီကြားထဲ သုံးဖို့ အတွက် အခြား motherboard တစ်ခုလဲ အစားထိုးပေးထားမယ် ပြောပါတယ်။ စိတ်ထဲကတောင် မဆိုးဘူးလို့ ထင်မိတယ်.. ဒီလို service မျိုးတွေက အခုမှ ရလာတာပါ။ ဒါက ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်လာတာတွေရဲ့ကောင်းကွက်တစ်ခုပါ။ Customer ကို အလေးထားလာ ကြတယ်။ နာမည်ကို ထိန်းလာကြတယ်။ အခုတော့ ကျွန်တော် စောင့်နေတယ် အသစ်ရောက်ရင် သွားယူရပါမယ်။ စိတ်ထဲကတွေးမိတာ တကယ်ပဲ ဈေးကွက်စီးပွားရေး စနစ်ကျင့်မယ်ဆိုရင်တော့ ISP တွေကိုပါ ပေးလုပ်သင့်တယ် ထင်ပါတယ်.. ဒါဆိုရင် အခုလို hardware company တွေလိုမျိုး Customer ကို အလေးထားလာလိမ့်မယ်။ အခြား Internet အခြေခံ အလုပ်လုပ်သူတွေပါ အများကြီး အဆင်ပြေသွားမယ်လို့ မြင်မိတယ်။

စကားမစပ် – အီသီယိုးပီးယားနိုင်ငံမှာ ISP (Internet Service Provider) ၁၀ ခုလောက်ရှိတယ်လို့ အရင်တုန်းက ကတည်းက ကြားဖူးတယ်။ အခုဆို ပိုများနေလောက်ပါပြီ :D



Related Posts

1 Comment so far »

  1. shanghtin said,

    Wrote on June 8, 2009 @ 9:21 pm

    nice service i have ever been either when i lived in MM :D u can say getting better :) :)

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: