Myamar ICT Exhibition May 2009

၃ရက်နေ့က တပ်မတော် ခန်းမမှာ လုပ်တဲ့ ICT Exhibition May 2009 ပွဲကို ရောက်ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့က စလုပ်တာဖြစ်ပြီး ၃ ရက်နေ့က နောက်ဆုံးနေ့ပါ။ အစက မအားတာနဲ့ နေမကောင်းတာနဲ့မို့ မသွားတော့ဘူးလို့ တွေးထားတာ.. နောက်ဆုံးရက်နေ့မှာ laptop ဖုန်စုတ်စက်လေး ၀ယ်ရင်ကောင်းမယ်ထင်လို့ အမေနဲ့ သွားဖြစ်ပါတယ်။

ပုံမှန်ဆို အရင် Exhibition တွေတုန်းက ဖွင့်ပွဲရက်ကစရောက်ဖြစ်နေကြပါ.. အခုတော့ နောက်ဆုံးရက်သွားဖြစ်ပါတယ်။ နောက်ဆုံးရက်မို့ ဖြစ်မယ် လူနဲနဲများပါတယ်။ အ၀င်ဝမှာ ညာဘက်မှာ Mystery Zillion ပွဲကို sponsor ပေးခဲ့တဲ့ MicroPeacock company ရဲ့သင်တန်းလက်ခံနဲ့ Networking ပြိုင်ပွဲ ရှိတယ်။ တစ်ဖက်မှာက Asustek ရဲ့ OverClocking ပြိုင်ပွဲ ရှိပါတယ်။ Asustek က ပြည်တွင်းမှာ Over Clocking နည်းပညာအတွက် ဆင်မင်နာ ၃ ကြိမ်လောက် Personal Computer Magazine, MCPA တို့နဲ့ တွဲလုပ်ခဲ့ပြီးသားပါ။ အခုပွဲကိုလဲ ပြိုင်ဖို့ ဂျာနယ်တွေ၊ သတင်းစာတွေကနေ ခေါ်ခဲ့ပါသေးတယ်။

ပထမဆုက ၃ သိန်းဆိုလို့ ကျွန်တော်တောင် ပိုက်ဆံမရှိတာနဲ့ အစက ၀င်ပြိုင်မလို့ပါပဲ။ နောက်တော့မှာ ကိုယ့်စက်နဲ့ကိုယ်ပြိုင်ရမယ် ဆိုလို့ ပိုက်ဆံမရခင် အိမ်က ရှိတဲ့ motherboard လေးကြွသွားမှာ စိုးလို့ မပြိုင်ဖြစ်ပါဘူး။ ပြီးတော့ အိမ်က board က MSI ဆိုတော့ ၀င်ပြိုင်ရင်တောင် brand အရ ရဖို့ မလွယ်နိုင်ဘူး။
အ၀င်ဝမှာတော့ သင်တန်းတွေ၊ ကွန်ပျူတာ အရောင်းဆိုင်တွေရဲ့လက်ကမ်းကြော်ငြာတွေ အများကြီးဝေကြပါတယ်။ အတွင်းဘက်ကတော့ လူလဲများတယ် ပူလဲပူပါတယ်။ အတွင်းဘက် အ၀င် ညာဘက်မှာ Asus ရှိပါတယ်။ ဘယ်ဘက်မှာ Unique ရှိပါတယ်။ Unique က brand အစုံရောင်းတဲ့ဆိုင်ပါ.. authorized dealer ဘယ်တစ်ခုမှ ယူမထားပါဘူး။ ဒါပေမယ့် ဒီလို နေရာကောင်းကို လေလံနဲ့ ယူနိုင်တာ အံ့သြစရာပါ။ သူက brand တော်တော်များများကို အောက်လမ်းက သွင်းပါတယ်။ Warranty လဲပေးပါတယ်.. ဈေးက dealer တွေ ရောင်းတဲ့ ဈေးနဲ့ နဲနဲလေး သက်သာပါတယ်။ ကျွန်တော်တော့ မ၀ယ်ဖြစ်ပါဘူး dealer မှာပဲ ၀ယ်ဖြစ်တယ် service ကြတော့ တရားဝင်ကိုယ်စားလှယ်မှာ အားသာချက် အများကြီးရှိတယ်။

ဆိုင်ခန်းတွေများပါတယ် ပြည်တွင်းမှာ တဖြည်းဖြည်း တရားဝင် ကိုယ်စားလှယ် ယူရောင်းတာတွေများလာတယ်။ အခုလုပ်တဲ့ပွဲမှာ အသစ်ပါလာတာ brother မိတ္တူ၊ ပရင်တာ တရားဝင် ကိုယ်စားလှယ်ပါလာတယ်။ A Open မောက်စ်၊ headphone တွေ သွင်းတာမျိုးရှိလာတယ်။ ဆိုင်ကြီးတွေ တရားဝင်ကိုယ်စားလှယ်တွေများလာတော့ ဒီလို ပြပွဲတွေမှာ အလယ်အလတ်တန်းရှိတဲ့ ကွန်ပျူတာဆိုင်တွေတောင် မပါလာတော့ဘူး။ တဖြည်းဖြည်းနည်းလာတယ် ဆိုင်ခန်းခကို သူတို့နဲ့ ပြိုင်လေလံဆွဲဖို့ မလွယ်နိုင်ပါဘူး။ တရားဝင်ကိုယ်စားလှယ်တွေက ပြပွဲ ကုန်ကျစရိတ်တွေကို မူရင်း company ကနေ ထုတ်ပေးတဲ့ အတွက် ယူနိုင်ကြတာများပါတယ်။

ပြပွဲအ၀င် ဘယ်ဘက်ကပ်ရက်မှာ အမြဲတမ်းရှိနေကြ ဆက်သွယ်ရေးနှင့် စာတိုက်ရဲ့ EPS, အမြန်ချောပို့ ပြခန်းရှိပါတယ်။ Sony တီဗီကြီးနဲ့ အမြန်ချောပို့ရဲ့ လုပ်ငန်းတွေကို တီဗီမှာ ပြထားပါတယ်။ ဖြတ်သွားတုန်း ဘေးက ပြောတာတောင် ကြားမိလိုက်သေးတယ်.. တီဗီက Display အကြီးကြီးနဲ့ ပြနေတဲ့ ဗီဒီယိုခွေက ကွာလတီနဲ့ က တန်တောင် မတန်ဘူးဆိုပဲ =D တစ်ဖက်မှာတော့ Toshiba, Epson, MSI, Acer, Sony, LG, THome ပြန်ခန်းတွေရှိပါတယ်။
တစ်ဖက်မှာတော့ RedLink, brother, Viewsonic, Hasee, Foxconn, T Land, A Open, Info-Gate, D Link, Trendnet တို့ရှိပါတယ်။ ပြပွဲတွေက ခဏတိုင်းလိုလို ဖြစ်နေတော့ သွားတောင်မသွားချင် ဖြစ်နေပါပြီ။ Exhibition ထက် အရောင်းပဲလုပ်နေကြတာပါ။ Nvidia triple SLI, ATI Crossfire, Eee PC, Laptop တွေ ဒါတွေပဲ မြင်နေရတယ်။ မော်ဒယ် ကလေးမတွေလဲ တဖြည်းဖြည်း တစ်ပွဲထက် တစ်ပွဲ ရုပ်ဆိုးလာတယ် ထင်တယ် =D ပြပွဲမှာ ဘာမှကို စိတ်မ၀င်စားတော့ သလိုဖြစ်ပါတယ် ပူလဲပူတာကိုး.. နဲနဲစိတ်ဝင်စားလို့ ကြည့်မိတာဆိုလို့ Sony CyberShot camera ကြည့်ဖြစ်ပါတယ်။ ၀ယ်ဖို့ကတော့ မတတ်နိုင်ပါဘူး.. နောက် Sony ရဲ့ Bravia TV တွေ ကြည့်ဖြစ်ပါတယ် အရမ်းကြည်ပြီး ကာလာ အရမ်းကောင်းပါတယ်။ ၀ယ်နိုင်ခဲ့ရင်တောင် သူ့အတွက် ဖွင့်ဖို့ HD DVD, Blu Ray မျိုးတွေ ဒီမှာ မရှိဘူး =D Wii, PS3 တွေ ဆော့လိုက်ရရင်တော့ တော်တော် ကောင်းမှာပဲလို့ တွေးမိသား။

ပတ်ကြည့်လိုက်တယ် ဘာမှ စိတ်မ၀င်စားတော့သလိုပဲ (ပိုက်ဆံမရှိတာလဲပါတယ်=D) နောက်တော့ လက်ကမ်းကြော်ငြာနဲနဲ ယူလိုက်တယ် အပျင်းပြေဖတ်ရအောင်လို့ ဓာတ်ပုံနဲနဲပဲ ရိုက်ဖြစ်ပါတယ်။ သင်္ကြန်တုန်းက ရိုက်လိုက်တာ ရှိတဲ့ ဖုန်းက ကင်မရာလေး ချူချာသွားတယ် ဖုန်းကလဲ အားသွင်းရင် မ၀င်ချင်သလိုဖြစ်သွားတယ်၊ နောက်ဘက်က speaker က မလာတော့ဘူး အဲဒါလေးနဲ့ နဲနဲပဲ ရိုက်ဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ နေပူတာရယ် ဘာမှ နည်းပညာ အသစ်မပါတာကြောင့် ပျင်းဖို့ ကောင်းပါတယ်။ ခန့်မှန်းကြည့်ရတာတော့ ဒီနှစ်ထဲမှာ နို်ဝင်ဘာ၊ ဒီဇင်ဘာ ၀န်းကျင်လောက်မှာ နောက်တစ်ခေါက် အဟောင်းထုတ်ပွဲ Exhibtion ပွဲ ထပ်လုပ်ဖြစ်ဦးမယ် လို့ ခန့်မှန်းမိတယ်။


ကလျာ said,
Wrote on May 7, 2009 @ 6:26 pm
တကယ် အမေနဲ့သွားတာလား
ကိုထူးတေဇာရဲ့ infomation က တကယ်သွားကြည့်ခဲ့တာထက်တောင်
ပိုစုံလင်တယ်။
ကျေးဇူးပါ
strike said,
Wrote on May 8, 2009 @ 4:06 am
ဒီနေ့မှcommentပေးလို့ရလို့…ကျေးဇူးဗျာ ပုံတွေအတွက်
သားဖြူ said,
Wrote on May 10, 2009 @ 9:45 pm
လာသွားပါတယ်…။ မရောက်တာတောင် အတော်ကြာပီ…။
Talkii said,
Wrote on May 15, 2009 @ 10:50 am
အဟောင်းထုတ်ပွဲတဲ့လား။ စကားလုံး မော်ဒယ်မလေးတစ်ယောက်လိုပဲ အပေါ်ယံကတော့ လှနေတဲ့သဘောပေါ့။
tex said,
Wrote on May 21, 2009 @ 3:08 am
hi!!!!!!!!!
mohmoh said,
Wrote on January 15, 2010 @ 12:19 pm
ဟုတ်ပါတယ်အခုကသိပ်ပြီးစိတ်ဝင်စားစ၇ာမကောင်းတော့ဘူးပြပွဲတွေက