Once Again On Yangon-Mandalay High Way

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ရန်ကုန် ကနေ မန္တလေး ကို အလုပ်လုပ်ဖို့ အတွက် လာဖြစ်ပါတယ်။ အခု အကြိမ်က ဒီနှစ်ထဲမှာ ဒုတိယ အကြိမ်ပါ။ ပထမ အကြိမ်ကလဲ မဖွင့်ရသေးတဲ့ Yangon – Mandalay High Way ကနေ သွားခဲ့တာပါ။ အခုရေးမှာက ခရီးအကြောင်းထက် လမ်းအကြောင်းကို ရေးမလို့ပါပဲ။ အထူးအဆန်း ကိစ္စ မဟုတ်ပေမယ့် မသွားဖူးသေးတဲ့ သူတွေ အတွေ့အကြုံ ပြောချင်တဲ့ သဘောပါ။
အခု Yangon ~ Mandalay High Way ကို လွန်ခဲ့တဲ့ ၂ လလောက်က တရားဝင် ဖွင့်ခဲ့ပါပြီ။ အခုဆိုရင် Express Car တွေ တော်တော် များများလဲ အဲဒီ လမ်းက သွားပါတယ်။ ကျွန်တော်လဲ Express နဲ့ပဲ သွားခဲ့တာပါ။ လမ်းက ထောက်ကြန့် ဘက်မှ စပါတယ်။
လမ်းက အရင် နှစ်စ က သွားခဲ့တဲ့ အတိုင်းပါပဲ.. ဖွင့်လိုက်တယ် ဆိုပေမယ့် ဘာမှ ထူးထူးခြားခြား ပြောင်းလဲ မသွားပါဘူး။ အ၀င်မှာ အခွန်ကောက်တဲ့ ဂိတ် တစ်ခုရှိပါတယ်.. နောက် ဖြူးမြို့ နားမှာ တစ်ခု၊ နေပြည်တော် အ၀င်မှာ တစ်ခု ရှိပါတယ်။
လမ်းက ၆ လမ်းသွား လုပ်နေတယ် ထင်တာပဲ လက်ရှိကတော့ ၄ လမ်းသာ ရပါတယ်။ နောက် လမ်း အလယ်ကျွန်းမှာ တော့ ဘာပင်မှ မစိုက်ရသေးပါဘူး။ လမ်းအလယ်ကျွန်း မြင်တော့ အရင် တရုတ်ဘက်က ကွန်မြူနစ်တွေ ခေတ်လောက်က အမေရိကန် က ရန်ကုန် မန္တလေး လမ်းကို 6 လမ်းသွား ဖောက်ပေးမယ်လို့ ကမ်းလှမ်းတာကို ဖတ်ဖူးတာ သတိရမိတယ်… အဲဒီတော့ တရုတ်က ဘာ ကမ်းလှမ်းလဲဆိုတော့ လမ်း အလယ်ကောင်က ကျွန်းကို သူတို့ လုပ်ပေးမယ်လို့ ကမ်းလှမ်းတာလေးကို သတိရမိတယ် =D
လမ်းက အကောက်ခွန်ဂိတ်တွေက Express Car တွေ ဘယ်လောက်ပေးရလဲ မသိပေမယ့် ကုန်တင်ကားတွေ အတွက် ၁ သိန်းနီးပါးလောက် ပေးရတယ်လို့ ဂျာနယ်မှာ ဖတ်မိတယ် WOW။ ပြီးတော့ သူ့မှာ prepaid စနစ်လဲလုပ်ထားတယ်.. prepaid lane က လမ်း အလယ်ကျွန်းနဲ့ ကပ်ရပ်လမ်းတွေ ဖြစ်ပါတယ်။ ကိုက် ၁၀၀ လောက် အကွာကတည်းက ဓာတ်တိုင်ကနေ sensor တွေ တပ်ထားတာ တွေ့ရတယ်.. prepaid car က လက်မှတ်ကို လေကာမှန် dashboard အပေါ်နားမှာ ထားရမယ်လို့ ဖတ်မိတယ်။ ခရီး ခဏတိုင်းသွားနေတဲ့ သူတွေ အတွက် အလုပ်ရှုပ်သက်သာပါတယ်။

လမ်းမှာ အခုထိတော့ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ဂိတ်မရှိပါဘူး။ နောက် လမ်းမှာ Rest Places စားသောက်ဆိုင်တွေ သိပ်မရှိပါဘူး။ ဖြူးမြို့နားမှာ တစ်နေရာသာရှိပါတယ် စားစရာလဲ ဘာမှ ကောင်းကောင်းမရပါဘူး။ ဆိုင်ကလဲ ၅ ဆိုင်လောက်ပဲ ရှိပါတယ်။ လမ်းက High Way တွေ အတိုင်း ဘယ်မြို့မှ မဖြတ်ပါဘူး.. မြို့တွေနားနီးမနီးကိုတော့ GSM ဖုန်းတွေက signal ရှိမရှိနဲ့ ခန့်မှန်းလို့ ရပါတယ်။ လမ်းမှာ ဓာတ်ဆီဆိုင်၊ ကားပြင်ဆိုင် နဲ့ အခြား ဘာဆိုင်မှကို မရှိပါဘူး။
High Way လမ်းလို့ သတ်မှတ်ထားပေမယ့် လမ်းဘေးမှာ လမ်းညွှန် ဆိုင်းဘုတ် တစ်ခုမှ မရှိသေးပါဘူး။ ၁၀ ခုလောက် စားသောက်ဆိုင် ပြတဲ့ ဘုတ်မျိုးတော့ တွေ့မိပါတယ်.. နောက် လမ်းပြုပြင်ဆဲ ဆိုင်းဘုတ်တွေ တွေ့မိတယ်။ လမ်းမှာ PCO လမ်းဘေး ဖုန်းဆိုင်လေးတွေ တွေ့မိပါတယ်။ ကားတစ်ခုခု ဖြစ်ရင် ဆက်လို့ လွယ်နိုင်ပါတယ်။
လမ်းက High Way ဖြစ်ပြီး ကားတွေ အများစုက အရှိန်မြင့်မောင်းကြပါတယ် ဒါပေမယ့် လမ်းက အကာ အရံ မရှိတဲ့ ကျွဲ၊ နွား၊ ခွေး တွေ တက်ကြပါတယ်.. ရုတ်တရတ်ဆို ရှောင်ဖို့ မလွယ်ပါဘူး။ ကျွန်တော် စီးလာတဲ့ ကားတောင် ခွေးပေါက်လေးတွေ ရှောင်ရင်း ယိမ်းထိုးသွားသေးတယ်။ မကြာသေးခင် ကလဲ ကိုယ်ပိုင် ကားတစ်စီး လမ်းပေါ်တက်လာတဲ့ ခွေးကို ရှောင်ရင် မှောက်သွားတာ ၂ ယောက် ပွဲချင်းပြီး ဆုံးတယ်လို့ ကြားရပါတယ်။
ကားလမ်းက concrete ခင်းထားတာဖြစ်ပါတယ်။ အထူက ၁ ပေကျော်လောက် ရှိပါတယ်.. နောက် စက်နဲ့ ဖြတ်ယူထားပါတယ်။ လမ်းက ကွန်ကရစ်ဖြစ်လို့ ကားတွေ သွားရင် လိုရာခရီးကို အမြန်ရောက်နိုင်တဲ့ အားသာချက်ရှိသလို ကားဘီး ပန်းအမြန်ပါးတဲ့ ပြသနာ ရှိပါတယ်။ လမ်းက လက်ရှိ ဖောက်နေဆဲ ဖြစ်တာမို့ ခဲအသေးလေးတွေ ရှိပြီး slip ရိုက်နိုင်ပါတယ်။ လမ်းက အသွားအပြန်လမ်း ခွဲထားပေမယ့် တချို့ နေရာတွေမှာ ဖောက်လို့ မပြီးသေးတာကြောင့် တစ်ဖက်လမ်းကြောကို ပြောင်းမောင်းရတတ်ပါတယ်။ ညဘက်ဆိုရင် အဲဒီလို နေရာတွေ သတိထား မောင်းသင့်ပါတယ်။
ကားလမ်းက လက်ရှိ နေပြည်တော် အထိ ပေါက်ပါတယ်။ နေပြည်တော် ရောက်ပြီးရင်တော့ အရင် လမ်းဟောင်းက ပြန်မောင်းပါတယ်။ Express Bus တွေက အခုလပိုင်းတွေမှာ လမ်းသစ်က ပြောင်းမောင်းကြတဲ့ အတွက် အချို့ လမ်းဆင်းမယ့် သူတွေ မမေးပဲ စီးလာတဲ့ အခါ လမ်းမှာ ဒုက္ခရောက်တတ်ပါတယ်။ ဥပမာ မန္တလေးကနေ တောင်ငူ အထိစီးမယ်ဆိုလဲ ကားက လမ်းသစ်မှာ တောင်ငူမြို့ကို အနီးနားက သာဖြတ်တဲ့ အတွက် ဆင်းရင် သွားဖို့ ဆိုက်ကားတောင် တွေ့ရမှာ မဟုတ်ပါဘူး။ ကားစီးမယ်ဆိုရင် သေသေချာချာမေး သင့်ပါတယ်။
အခု ကားလမ်းဖွင့်လိုက်တဲ့ အတွက်ကြောင့် ရန်ကုန် နေပြည်တော်ကို ၄ နာရီဝန်းကျင်နဲ့ အရောက်သွားနိုင် လာပါတယ်။ လမ်းက ရန်ကုန် မန္တလေး အထိဖောက်မှာ ဖြစ်ပြီး ပုဂ္ဂလိက company ၆ ခု နဲ့ ဆောက်လုပ်ရေး တို့က ဖောက်လုပ်ထားတယ် လို့ သိရပါတယ်။ မြစ်သား အကျော်ကစပြီး ရင်တော့ လမ်းက အသစ်ဖောက်ထားတဲ့ အတိုင်း လမ်းကျယ်ပြန်ဖြစ်သွားတာကို သတိထားမိမှာပါ။ အဲဒီ လမ်းကတော့ ကတ္တရာလမ်းတွေ ဖြစ်သွားပါပြီ။ မန္တလေး အထိ ဖောက်ထားပြီးသားဖြစ်ပါတယ်။ Toll Gate မှာ တောင် ငယ်ငယ်က သူငယ်ချင်းတွေ အလုပ်လုပ်နေတာ တွေ့ခဲ့မိသေးတယ်။
အခု ဖောက်နေတဲ့ High Way သာ 100% ပြီးခဲ့ရင် ရန်ကုန် မန္တလေးကို ၈ နာရီ အတွင်း အရောက်သွားနိုင် လာပါမယ်။ အရင် ထက် တိုတောင်းတဲ့ အချိန်အတွင်း ခရီးသွားနိုင်လာပါမယ်၊ ခရီးပန်း တာမျိုး သိပ်ခံစားရတော့ မှာ မဟုတ်ပါဘူး။ အချို့ အပိုင်းတွေ ပြင်ဆင်လိုက်ပြီ ဆိုရင် US မှာ လို နိုင်ငံတွင်းကို ကိုယ်ပိုင် ကားနဲ့ နိုင်တဲ့ အချိန်မျိုး ဖြစ်လာနိုင်တယ်လို့ ခန်မှန်းမိပါတယ်။

တောင်ငူသား said,
Wrote on May 28, 2009 @ 8:11 pm
တောင်ငူမှာ ဆင်းမယ်ဆိုရင် မြို့ထဲဖက်ကို မူလလမ်းဟောင်းထိ တောက်လျှောက် လမ်းဖောက်ထားပါတယ်။ ၂၀၀၈ ဒီဇင်ဘာ ပြန်တုန်းကတော့ မြေနီလမ်းကြမ်းပဲရှိသေးတယ်။
အဲဒီလမ်းကြီးနဲ့ အနီးဆုံးလို့ ပြောနိုင်တာက တောင်ငူတက္ကသိုလ်ပါ။ ကျောင်းဖွင့်ချိန်ဆိုရင်တော့ ကျောင်းနားကနေ လိုင်းကားစီးပြီး မြို့ထဲသွားလို့ရပေမယ့် ကျောင်းဆီရောက်ဖို့တောင် လှမ်းပါသေးတယ်။ ကျောင်းကနေ မြို့ထဲထိကတော့ တောက်လျှောက် ကတ္တရာလမ်းပါ။
Like or Dislike:
0
0
nayzinlatt said,
Wrote on May 28, 2009 @ 9:03 pm
အသုံးမကျတဲ့နေပြည်တော်ကိုမောင်ထူးတေဇာကလာထောင်နေတယ်ကွာ
မင်းဒီလိုကုန်ကျမယ့်ပိုက်ဆံကိုဧရာဝတီိုင်းကနာဂစ်ဒဏ်ခံစားရတဲ့လူတွေကိုလှုဒါန်းပါလားကွာ
မင်းတော်တော်လေးကိုအသုံးမကျတဲ့ကောင်ပဲကွ
Like or Dislike:
0
0
လီယိုဂျက် said,
Wrote on May 29, 2009 @ 10:49 am
အဲဒီလိုပြောလို့ဘယ်ရမလဲ။
မြို့တစ်မြို့လုပ်တယ်ဆိုတာ အကြောင်းပြချက်ရှိရပါတယ်။
နေပြည်တော်နေရာက မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းကျပါတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးက အချိန်ကုန်သက်သာစွာနဲ့ အစိုးရရုံးပိုင်းဆိုင်ရာကိစ္စတွေကိုလုပ်နိုင်လာပါတယ်။ ရန်ကုန်မှာရုံးထားလိုက်ရင် မြစ်ကြီးနားကသူတွေ အရမ်းဝေးသွားပြီးအဆင်မပြေဘူးလေ။ ဒါလေးကိုလည်းစဉ်းစားစေချင်တယ်။ အဆိုးဘက်ကချည်းဘဲမကြည့်ဘဲ အကောင်းဘက်ကလဲ ကြည့်စေချင်ပါတယ်။
Like or Dislike:
0
0
တေဇာ said,
Wrote on June 27, 2009 @ 6:42 am
တကယ်တမ်း ပြောရရင်.. ဘာမှမရှိတဲ့ နေရာကနေ မြို့ ကြီးထောင်တာဆိုတော့ နှမြော ဖို့ ကောင်းတယ်ဗျာ။ ရှိပီးသားကို maintainance လိုက် ရင်တောင် လန်ထွက်သွားလောက်တယ်။ အဲလောက်လည်း ကုန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ အကြောင်းနဲ့ သူ တော့ ရှိမှာပေါ့ လေ။ ဖြစ်သွားပီ ဆိုတော့လည်း ဘယ်တတ် နိုင်မလဲ။ အကောင်းဘက်က ကြည့်ပီး ဘာပဲပြောပြော အဆင်ပြေ တာလေးတော့ ရှိသွားတယ် ပြောရမှာပဲ… ။
Like or Dislike:
0
0