hit counter

Thanks People for featuring My Designs

Valentine's Day Wallpaper

DeviantArt မှာ account တစ်ခု လုပ်ထားပြီး အားမှ လုပ်ဖြစ်တဲ့ designs လေးတွေ ကြည့်ရင်း စိတ်ကူးရလို့ Google မှာ ရှာကြည့်လိုက်တယ်။ အမှန်တော့ Design Web Sites, Blogs တွေ မှာက လက်ရှိခေတ်စားနေတာ Compilation တွေ အရမ်းပဲ ရေးကြတော့ ကျွန်တော့်ရဲ့ စုတ်ပြတ်နေတဲ့ ပုံလေးတွေများ ပါကောင်းရဲ့ ဆိုပြီး ရှာကြည့်တာပါ။

တွေ့တာကတော့ အရင် ၂၀၀၈ တုန်းက Valentines’ Day အတွက် လုပ်ထားဖူးတဲ့ Wallpaper ကို Compilation Blog Posts တွေထဲမှာ အများဆုံးတွေ့တယ်။ နောက် RSS Stamps Icons တွေကိုတော့ RSS icons compilation တွေမှာ ပါတာတွေ့ ရပါတယ်။ နောက် Blogger Xmas icons set နဲ့ ဘာမှ မဟုတ်ပဲ လျှောက်လုပ်ထားတဲ့ Blogger Wallpaper ဆိုတာလဲ တွေ့မိပါတယ်။ အဲဒါတွေထဲမှာ အကုန် ပြီးစလွယ် အပျင်းပြေလုပ်ထားတာ တွေကြည့်ပါပဲ Valentine’s Day Wallpaper တစ်ခုသာ အချိန် နဲနဲ ယူပြီး လုပ်ထားတာပါ။

michael_amott_esp_guitar_by_tayzar44

ဘာပဲ ပြောပြော ကျွန်တော့်ရဲ့ အစုတ် အပြတ် designs တွေကို သူတို့ရဲ့ Magzines, Blogs, Gallery တွေမှာ designer နာမည် original link တွေနဲ့ အတူတကွ ထည့်ပေးတဲ့ အတွက် သူတို့ကို လေးစားရပါတယ်.. ကျေးဇူးလဲ တင်ပါတယ်။ သူတို့ link မပေးလဲဖြစ်တာကို ထည့်ပေးကြတယ် နောက် ကျွန်တော် သဘောကျတာက ကျွန်တော်လုပ်ထာတဲ့ ဒီဇိုင်း တွေကို သူတို့တွေ web site မှာ သုံးချင်ရင် ကျွန်တော့်ကို email ပို့ပြီး ခွင့်တောင်းကြတယ်။ သူတို့ သာမတောင်းရင် ကျွန်တော်သိမှာ တောင်မဟုတ်ဘူး.. စိတ်ဓာတ်တွေ တော်တော် ကောင်းတာပဲလို့ လေးစားမိပါတယ်။

Featured In


Related Posts

2 Comments so far »

  1. အပ်မိန် said,

    Wrote on June 2, 2009 @ 7:47 am

    အုပ်ဒယ်..သူတို့တွေက copyright ကိုကောင်းကောင်းနားလည်ဒယ်..xxx

  2. Htoo Tay Zar said,

    Wrote on June 4, 2009 @ 12:10 am

    ဟုတ်တယ်ဂျ မြန်မာတွေပဲ ကော်ပီရိုက်ကို ကော်ဖီ လုပ်သောက်နေတာ… အဟင်းဟင်း စကားမစပ် ဒီမှာ Disney Land ဆိုပြီးတောင် ရှိသေးတယ်တဲ့ အံရော

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: