Tweetie ~ Another twitter client for Mac

tweetie ဆိုတာ Mac အတွက် အသစ်ထွက်ထားတဲ့ twitter client တစ်ခုပါ။ ထွက်ထားတာ မကြာသေးပါဘူး.. မထွက်ခင်ကတဲက နာမည်ကြီးနေခဲ့တာပါ မထွက်ခင်က သူ့ရဲ့ teaser video ကြည့်လို့ ရတယ်။ ပုံမှန် Adobe AIR based twitter client တွေနဲ့မတူပဲ Mac only အနေနဲ့ ခွဲထွက်တဲ့ တစ်ခုပါ။
သူ့မှာ function တော်တော်များများပါပါတယ်။ Retweet (Repost), Reply, Direct Message, User Information, Search (including trends) တွေရတယ်။ နောက် API တွေနဲ့ အလုပ်လုပ်တဲ့နေရာမှာ ပုံမှန် AIR based တွေထက် မြန်ပါတယ်။ UI က စိတ်ဝင်စားဖို့ကောင်းတဲ့ tab-view ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ Timeline, Reply, DM, Search တွေပါတယ်။ တစ်ခုခုမှာ new message, reply, update တွေရှိရင် alert စက်ဝိုင်းလေးပေါ်ပါတယ်။
Interface က Mac built in transition တွေ သုံးထားလို့ တော်တော် မိုက်ပါတယ်။ avater တစ်ခုခုကို ကလစ်လုပ်လိုက်ရင် Zoom In Effect သုံးတယ်။ Tab တစ်ခုနဲ့ တစ်ခု ပြောင်းရင် Object push effect နောက် breadcrumb effect တွေ သုံးထားပါတယ်။ Follower, Followed လုပ်ထားတဲ့ သူတွေရဲ့timeline တွေ၊ ယူဇာ အသစ်တွေကိုပါကြည့်လို့ရပါတယ်။ တစ်ခါတဲ follow လုပ်လို့ ရပါတယ်။ URL shortening အတွက် services တွေ တစ်ခါတဲပါပါတယ် ကိုယ်ကြိုက်ရာ ရွေးသုံးနိုင်တယ်။ bit.ly ကတော့ default ပါ။ Image အနေနဲ့က yFrog default ပါပြီး အခြား tinypic စတာတွေ ပါပါတယ်။
အရင်က ကျွန်တော် TweetDeck သုံးပေမယ့် အခုတော့ tweetie ကိုပဲ သုံးဖြစ်ပါတော့တယ်။ tweetie ကို ထုတ်တဲ့သူကတော့ အဆန်းမဟုတ်ပါဘူး iPhone က tweetie App ကို ရေးတဲ့ သူပါပဲ။ Idonesia က တစ်ယောက်ပဲ ရေးထားတာပါ။ tweetie ကို အလကားသုံးလို့ ရပေမယ့် သူ့မှာ timeline ထဲမှာ ကြော်ငြာတွေပါပါတယ်.. အဲဒါတွေ မပါချင်ဘူးဆိုရင်တော့ $20.0 ပေးရပါလိမ့်မယ်။ ကျွန်တော်တော့ free ပဲသုံးပါတယ်။ ကြော်ငြာက timeline မှာ tweet 30 လောက်နေမှ တစ်ခါလောက်လာတာ ဆိုတော့ မျက်စိ မရှုပ်ပါဘူး.. နောက်ကြော်ငြာတွေကနေ Application အသစ်တွေပါ သိရပြီးသားဖြစ်တာပေါ့ =D အခြား twitter client အသစ်တွေလဲ မကြာမီ review လုပ်ပါဦးမယ် မျှော် =D ။ ။



TweetStats ~ Analytics for twitter | My Burmese Blog said,
Wrote on June 15, 2009 @ 11:21 pm
[...] Application ပါ.. ကျွန်တော် အမြဲသုံးတာက Tweetie နဲ့ များသောအားဖြင့် Twitter Web Site ကနေ [...]
Like or Dislike:
0
0
WordPress 2.9 Screenshot Leak!! | My Burmese Blog said,
Wrote on July 5, 2009 @ 11:50 pm
[...] တက်တာဆိုလို့ Twitter တစ်ခုပဲ Tweetie က နေတက်လာပါတယ်.. ဒါနဲ့ လုံးဝ blog [...]
Like or Dislike:
0
0
Happy Birthday to 4 Years Old Twitter | My Burmese Blog said,
Wrote on March 21, 2010 @ 11:50 pm
[...] သုံးရင်တော့ ရုံးမှာကော အိမ်မှာပါ Tweetie နဲ့ သုံးပြီး phone မှာတော့ TweetDeck ကို [...]
Like or Dislike:
0
0
Seesmic for iPhone « My Burmese Blog said,
Wrote on May 22, 2010 @ 4:23 am
[...] နောက်မှရေးပါတော့မယ် ဖတ်ချင်ရင် Tweetie desktop ကို အရင်ဖတ်လို့ရပါတယ် [...]
Like or Dislike:
0
0
Sparrow ~ New Mail Client for Mac « My Burmese Blog said,
Wrote on December 28, 2010 @ 12:25 am
[...] ဖြစ်ပါတယ်။ အရင်က ပြောဖူးတဲ့ twitter client Tweetie နဲ့ တူပါတယ်။ အခုထိ free [...]
Like or Dislike:
0
0