All About TrackPad & Gestures

အစက MacBook တွေရဲ့ TrackPad တွေ အကြောင်းကို အခြား guide လို post ထဲမှာ စုရေးမလို့ စဉ်းစားထားတာပဲ နောက် မထူးပါဘူး ထင်လို့ အခုလို ခွဲရေးလိုက်ပါတယ်။ MacBook တွေမှာ Buttonless Trackpad ကို ပထမဆုံးစသုံးတာက 2007 မှထွက်တဲ့ MacBook Air မှာ ပထမဆုံးပါလာတာပါ။ သူက Glass ဖန်နဲ့ လုပ်ထားတယ်။ သူ့အပေါ် ထုထည်ကြီးတဲ့ ပစ္စည်းမျိုးကျရင် ကွဲနိုင်ပါတယ်။

Mac မှာက touch pad စတာမျိုးတွေ မခေါ်ပဲ Track Pad လို့သာခေါ်ပါတယ်။ သူ့မှာ ဘာ ခလုပ်မှ မပါပါဘူး။ အကောင်းဆုံး အလုပ်လုပ်တာကတော့ Multi-Touch ရတာပါ။ iPhone မှာ အလုပ်လုပ်သလိုပါပဲ။ Multi-Touch, Gesture အလုပ်လုပ်ပုံကို တစ်ခုခြင်း ကြည့်ကြည့်ရအောင်ပါ…
Tapping

Mac TrackPad က default အားဖြင့် PC NoteBook တွေလို tap ဖွဖွလေး ထိပေးရုံနဲ့ မရပါဘူး။ mouse click လုပ်သလို ဖိပြီး ကလစ်လုပ်ရပါတယ်။ အဲဒါကို ပြင်ချင်ရင် Menu Bar က Apple logo ကို click လုပ်ပါ။ ပြီးရင် System Preferences ထဲက Hardware မှာ ရှိတဲ့ TrackPad ကို click လုပ်လိုက်ပါ။
ပြီးရင်တော့ အောက်မှာ ပြထားတဲ့ ပုံလိုမျိုးမှာ Tap to Click ကို ရွေးလိုက်ရင် tap လုပ်လို့ ရပါပြီ..
Scrolling or Moving
TrackPad ထဲမှာ တော်တော် အသုံးဝင်တဲ့ feature လို့ ပြောလို့ ရပါတယ်။ Web Page တွေမှာ အောက်ဖက်ကို scroll လုပ် ဆင်းချင်တဲ့ အခါ လက် ၂ ချောင်းနဲ့ အောက်ကို ကြိုက်တဲ့ နေရာက နေဆွဲပြီး ဆင်းနိုင်ပါတယ်။ Mouse သုံးသလို ဘေးဘက်က scroll bar ကို သွားဆွဲ စရာမလိုပါဘူး။ နောက် ဓာတ်ပုံတွေ၊ pdf တွေ ကြည့်တဲ့ အခါ ကိုကြည့်ချင်တဲ့ နေရာကို လက် ၂ ချောင်းနဲ့ ဆွဲရုံပါပဲ။
Secondary Click
Mac မှာ Secondary Click (Right Click) အရင်က သုံးစရာ မလိုပါဘူး။ Leopard မှာမှ စပြီး Right Click ပါလာတာပါ။ နောက် Windows ကို မှာ အတွက် Right Click လိုတဲ့ အခါ အခုလို သတ်မှတ်ထားလို့ ရပါတယ်။ အပေါ်က ပြောခဲ့တဲ့ အတိုင်း System Preferences ထဲက Trackpad မှာ Secondary Click ကို Bottom Right Corner /or/ Bottom Left Corner ကို်ယ် နှစ်သက်သလို သတ်မှတ်ထားနိုင်ပါတယ်။
ဒါမှမဟုတ် TrackPad ပေါ်လက် ၂ ချောင်းတင်ပြီး ညာဘက် လက်ချောင်းကို ကလစ်လုပ်ယူနိုင်ပါတယ်။
ဒါမှမဟုတ်လဲ TrackPad ပေါ်ကို လက် ၂ ချောင်း တပြိုင်နက်ထဲ tap လုပ်ပြီး Right Click အဖြစ်သုံးနိုင်ပါတယ်။
Pinch (Zooming), Rotate & Screen Zoom
Gesture ရတဲ့ TrackPad ရဲ့ သုံးလို့ ကောင်းတဲ့ features တွေက အခုမှ စပါတယ်။ ဓာတ်ပုံကို Preview နဲ့ ဖွင့်ထားပြီး Zoom လုပ်ချင်တယ်ဆိုရင် iPhone မှာလိုပဲ လက် ၂ ချောင်းတင်လိုက်ပါ.. ပြီးရင် စုထားတဲ့ လက် ၂ ချောင်းကို ဖြည်းဖြည်းချင်း ချဲလိုက်ရင် Zoom In ဖြစ်ပါတယ်။ ပြန်စုရင် Zoom Out ဖြစ်ပါတယ်။ အခုပြောမယ့် Gesture တွေက Applications တိုင်းမှာ အလုပ်လုပ်ပါတယ်။ ဥပမာ – Preview, iPhoto, Photoshop, Illustrator
Rotate

ဓာတ်ပုံတွေ၊ ebook တွေကို Landscape ကနေ Portrait ဖြစ်စေ Portrait ကနေ Landscape အဖြစ် ပြောင်းဖို့ အတွက် TrackPad ပေါ်မှာ လက် ၂ ချောင်းတင်ပြီး တစ်ချောင်းကို ကိုယ်လှည့်ချင်တဲ့ ဘက်ကို ၀ိုက်ယူပြီး ပြောင်းနိုင်ပါတယ်။
Screen Zooming
Screen Zooming ကတော့ Graphic Design မျိုးတွေ လုပ်ရင် အသုံးဝင်ပါတယ်။ Monitor Screen ပေါ်က အသေးစိတ်ကျတဲ့ pixel လေးတွေကြည့်ဖို့ သုံးနိုင်ပါတယ်။ သူ့ကို သုံးဖို့ Control key ကို ဖိထားပြီး လက် ၂ ချောင်းသုံးပြီး ကိုယ် အနီးကပ် ကြည့်ချင်တဲ့ Pixel တွေ အထိ ကြည့်နိုင်ပါတယ်။
Swipe to Navigate
Swipe to Navigate ကတော့ လက်ချောင်း ၃ ချောင်းကို သုံးပြီး ပြောင်းနိုင်တာပါ။ ဓာတ်ပုံတွေကို preview ဒါမှမဟုတ် iPhoto နဲ့ ဖွင့်ထားတယ်ဆိုရင် လက်ရှိကြည့်နေတဲ့ပုံကနေ နောက်တစ်ပုံကို ပြောင်းချင်ရင် လက် ၃ ချောင်းနဲ့ အောက်ဖက်ကို ဒါမှမဟုတ် ဘေးတိုက် ပွတ်လိုက်ရုံပါပဲ။ ebook ဖတ်ရင်လဲ နောက် စာမျက်နှာကို ကူးဖို့ သုံးနိုင်ပါတယ်။
Four Fingers for Expose’ and Switch Applications
လက်ချောင်း ၄ ချောင်းကတော့ Expose’ လို့ ခေါ်တဲ့ application over view function (only on Leopard) အတွက်သုူံးပါတယ်။ လက်ချောင်း ၄ ချောင်းနဲ့ အပေါ်ကို တင်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ application windows တွေ အကုန်လုံး minimize လုပ်သလို သဘောမျိုးဖြစ်သွားပြီး desktop screen ကို မြင်ရပါမယ်။
ဒါမှမဟုတ်ပဲ အောက်ကို ဆွဲမယ်ဆိုရင်တော့ Expose’ လို့ ခေါ်တဲ့ လက်ရှိ ဖွင့်ထားတဲ့ application windows တွေကို ပြပေးပါတယ်။
လက်ချောင်း ၄ ချောင်းကို အပေါ်အောက် မဆွဲပဲ ဘေးတိုက် (အလျားလိုက်) ဆွဲလိုက်ရင်တော့ လက်ရှိဖွင့်ထားတဲ့ application icons တွေ မြင်ရမှာပါ ပြီးရင် ကိုယ် ကြည့်ချင်တဲ့ apps icon ကို ကလစ်လုပ်ကြည့်ရုံပါပဲ။
Expose’ & Spaces – Hot Corners
Mac မှာ TrackPad features တွေက တော်တော်လေးကောင်းပေမယ့် portable မဖြစ်တဲ့, TrackPad မပါတဲ့ iMac, Macmini, Power Mac တွေ အတွက်ကတော့ Hot Corners လို့ ခေါ်တဲ့ OS X ရဲ့ အသုံးဝင်တဲ့ feature ရှိပါသေးတယ်။ အဲဒါက screen ရဲ့ ထောင့် အစွန်းတွေမှာ ကိုယ်လိုချင်တဲ့ shortcut တွေ ထားနိုင်တာပါ။
အဲဒါတွေ သတ်မှတ်ထားဖို့ Apple Menu – System Preferences ထဲက Expose’ & Spaces ကို ကလစ်လုပ်ပါ။ ပြီးရင် Expose’ tab မှာ အောက်မှာပြထားတဲ့ အတိုင်း ကိုယ်လိုချင်တဲ့ shortcuat သဘောမျိုး သတ်မှတ်ထားလိုက်ရင် ရပါပြီ။ အောက်ပုံက ကျွန်တော် သုံးလေ့ရှိတဲ့ အတိုင်း သတ်မှတ်ထားတာပါ။ အဲဒါဆိုရင်တော့ Dashboard သုူံးချင်တဲ့ အခါ အပြင် ခဏသွားချင်လို့ Screensaver ခေါ်ထားပြီး အခြားလူ သုံးလို့ မရနိုင်အောင် ကာကွယ်ထားခဲ့ တာမျိုးတွေ သုံးနိုင်ပါတယ်။
Confuse with My Article? So Here ~Multi-touch TrackPad Tips from Genius
ကျွန်တော်ပြောတာ စာနဲ့ပုံနဲ့ ဆိုတော့ နဲနဲ ရှုပ်နေမယ်.. အသေးစိတ်ကို ကြည့်ချင်ရင် System Preferences ထဲမှာ၊ User Guide Pdf / Book (comes along with Mac) ဒါမှမဟုတ် အခုအောက်မှာ ပြထားတဲ့ Guide Video ကိုကြည့်ချင်းအားဖြင့် အခြား Finder, Web Browser, Text Editor စာတာတွေမှာပါ သုံးလို့ ရတာကို သိရမှာပါ။






မောင်ပြုံး said,
Wrote on June 20, 2009 @ 6:29 pm
HP မှာတော့ မရ..
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 24, 2009 @ 11:03 pm
Windows Laptop တချို့ မှာ မကြာခင်ရတော့မယ်လို့ ကြားရတယ်… laptop ထုတ်သူတွေထည့်မယ်တဲ့ ဒါပေမယ့် Windows Vista က နဂို Native ကိုက multitouch support မလုပ်တော့ Windows 7 ထိစောင့်ရမယ် ထင်တယ်
Like or Dislike:
0
0
Apple updates iMac, MacBook & New Magic Mouse | My Burmese Blog said,
Wrote on October 22, 2009 @ 10:13 pm
[...] ကျွန်တော် အရင်ရေးခဲ့တဲ့ trackpad guide လိုကို လုပ်ပါတယ်။ 70$ နဲ့ ရောင်းပြီး [...]
Like or Dislike:
0
0