Earth ~ Disney Nature

Disney Nature က ဒီနှစ် ၂၀၀၉ အတွက် Documentry Video တစ်ခု Earth Day မှာ နိုင်ငံခြားမှာ ရုံတင်ပါတယ်။ Earth လို့နာမည် ပေးထားပြီး အဲဒီ Movie က Animal တွေ နဲ့ ကမ္ဘာအကြောင်း ရိုက်ထားတာပါ။ ရိုက်ထားတာ အရမ်းကောင်းပါတယ်.. ကမ္ဘာပေါ်မှာ ဒီလိုမျိုး အရမ်းလှတဲ့ နေရာတွေ ရှိ အကောင်တွေ ပေါင်းစုံရှိမှန်း သိရတယ်။ ရိုက်ထားတာတွေက အတော်အချိန်ပေးထားရတယ်ဆိုတာ သိသာပါတယ်။ နေ၀င်တာမျိုးကို ရိုက်ဖို့တောင် အချိန်တော်တော် ပေးရရင် သူတို့လို တိရိစ္ဆာန်တွေ နဲ့ ရှုခင်းအလှတွေ တွဲရိုက်ရတာ ပိုစိတ်ရှည်ပြီး ကျွမ်းကျင်မှ ရမယ်ဆိုတာ သိသာပါတယ်။

ဒီလို ဇာတ်လမ်လမ်လဲ မဟုတ်တဲ့ video မျိုးတွေ ကျွန်တော် လို လူမျိုးပဲ ကြိုက်မယ်ထင်ထားတာ Box Office မှာ Rank က 17 ရှိနေတယ်။ Fast & Furious, Knowing တောင် သူ့နောက်မှာ ရှိနေတယ်။ Documentary Video တစ်ခုအနေနဲ့ ၀င်ငွေ $31,112,280 လောက်ဝင်ထားတာကလဲ စိတ်ဝင်စားစရာပါ။ တကယ်တော့ ဗီဒီယိုက Disney တစ်ခုထဲ မဟုတ်ပါဘူး BBC, Green Light Media နဲ့ Discovery Channel တို့ပေါင်းပြီး ရိုက်ကူးထားပါတယ်။ ပင်ဂွင်းတွေ၊ ဝေလငါးတွေ၊ polar bear တွေရိုက်ထားတာကလဲ Antarctica တိုက်ကို သွားချင်စိတ်ပေါက်လာတယ်။ ဒီမှာ ပူနေလို့ ထင်တယ် အဲဒီ ပင်ဂွင်းဆိုတဲ့ ကွတကွတ သွားတဲ့ အကောင်တွေ မနာလို ဖြစ်လာတယ်။ သူ့ trailer နောက်ခံ အသံကလဲ orchestra သံနဲ့ တော်တော်ကို နားထောင်လို့ ကောင်းပါတယ်။ အဲဒီ သံစဉ်ကိုပဲ Slumdog Millionaire မှာလဲ သုံးထားတယ်။ နောက် ကမ္ဘာကို ရိုက်ထားတာက အပြာလုံးကြီးနဲ့ ဂေါ်လီလုံးလိုပဲ ကြည့်လို့ တော်တော်ကောင်းတယ် =D
Watch Disney Earth Trailer Here


Disney ~ Oceans (Earth Day 2010)

Earth Day 2010 မှာတော့ Disney Nature ကပဲ Oceans ဆိုတဲ့ Documentary Video ပြပါဦးမယ်။ သူကတော့ သမုဒ္ဒရာ အကြောင်းပဲ ရိုက်ထားတာပါ။ trailer ကြည့်ရတာနဲ့ တင် ကြည့်ချင်စိတ်ပေါက်သွားမယ်။ Jelly Fish တွေ ဘာမှန်းမသိတဲ့ ရေနက်ပိုင်းက အကောင်တွေ၊ ရေငုပ်ပြီး ငါးဖမ်းတဲ့ ငှက်တွေနဲ့ သူလဲ ၀င်ငွေကောင်းမယ့် ပုံပါပဲ။ ဘာရယ်မဟုတ်ပါဘူး အပြင်မှာလဲ ကျွန်တော်လို့ ကမ္ဘာပေါ်၊ သမုဒ္ဒရာထဲက သတ္တ၀ါတွေ၊ ရူခင်းတွေ ကြည့်ရတာ ၀ါသနာပါတဲ့ သူတွေ အများကြီး ရှိပါလားလို့ Box Office ကြည့်ရင်း စိတ်ကူးရလို့ ရေးတာပါ။ ဒီ Trailer တွေကို HD နဲ့ ကူးပေးတဲ့ Exiter ကိုလဲ ကျေးဇူးတင်ပါတယ်။ စကားမစပ် လောလောဆယ်မှာ Yahoo!! Box Office မှာ မြန်မာ အကြောင်းရိုက်ထားတဲ့ Documentary Video တစ်ခု တက်နေတာလဲ တွေ့ခဲ့ရတယ်။
Watch Disney Oceans Trailer Here




winkabar said,
Wrote on June 3, 2009 @ 11:29 pm
အဲဒါသွားကြည့်မယ်ဆို လွတ်သွားတယ် မကြည့်ဖြစ်လိုက်ဘူး။ Yahoo!! Box Office မှာ UP က ၁ ရနေတယ်နော်။ သူက ရုံအပြည့်ပဲ။ ကြည့်လို့တော့ကောင်းပါတယ်။ ဒါပေမဲ့ သူက ကြေငြာသလောက်တော့မကောင်းဘူး။
Htoo Tay Zar said,
Wrote on June 4, 2009 @ 12:02 am
UP ကတော့ ထိပ်ဆုံး ရောက်နေတယ် ညီမ… ကြည့်တော့ မကြည့်ရသေးဘူး.. အကိုကတော့ UP ထက် Earth ကို ပိုကြည့်ချင်တယ်…. ဒီမှာလဲ 3D ရုံတွေ ရှိခဲ့ရင် တော်တော်ကောင်းမှာပဲ