God Is A Girl

Groove Coverage

ဒီနေ့တော့ အလုပ်က ပင်ပန်းလို့ ဘာမှလဲမရေးနိုင်ဖြစ်နေတာနဲ့ သီချင်းတစ်ပုဒ်သာ တင်ပါရစေ… Germany က Groove Coverage ရဲ့ God Is A Girl ဆိုတဲ့ သီချင်းပါ။ သီချင်းနာမည်က တစ်မျိုးဆန်းပါတယ် သီချင်းက techno/dance ဆန်တဲ့သီချင်းမျိုးပါ။ ဒီသီချင်းကို ပထမဆုံးနားထောင်ဖူးတာက ဟိုအရင် သူငယ်ချင်းတစ်ယောက် မွေးနေ့မှာ ရွှေတိဂုံဘုရား မြောက်ဖက်က M3 မှာ သီချင်းသွားဆိုတုန်းကပါ။

အစပိုင်း ပုံမှန်ကိတ်လှီးကြ သီချင်းဆိုကြရာကနေ အရှိန်ရသွားတော့ ကမယ် ဖြစ်ကုန်တာကနေ သီချင်းဖွင့်ရင်း ဒီသီချင်းကို စနားထောင်ဖူးပါတယ်။ အဆိုတော်ရဲ့အသံကောင်းတဲ့ အပြင် သီချင်း arrange လုပ်ထားပုံက သီချင်းကို ကြားရတာ အဝေးကလာတဲ့ အသံမျိုးနဲ့ နောက် လေထဲကလွင့်လာတဲ့ပုံစံမျိုး ခံစားရပါတယ်။ နောက် keyboard ကလဲ တီးထားတဲ့ အသံက လွမ်းဖို့ ကောင်းပါတယ်။ Dance သီချင်းမျိုးဆိုပေမယ့် အရမ်းကြီးလဲ မဟုတ်ပါဘူး.. နားထောင်နေရင်းနဲ့ တစ်ခုခုကို လွမ်းသလိုလို ခံစားရတယ်..

စာသားတွေက ကောင်မလေး တစ်ယောက်ကို ဘုရားသခင် ပါလို့ ဆိုထားတာပါ…. စာသားက ရုတ်တရတ်ဆိုရင်တော့ နဲနဲလေး ရိုင်းသလို ခံစားရနိုင်ပေမယ့် သမီးတစ်ယောက် ဆုံးရှုံးသွားရတဲ့ မိခင် တစ်ယောက်က သူ့သမီး အတွက်ရေးထားတာပါ ဆိုတာသိရင်တော့ ရိုင်းမယ်လို့ ထင်မိမယ် မထင်ပါဘူး။ ဒီသီချင်းက Groove Coverage ရဲ့ နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို သူတို့ လင်မယားရဲ့ ကား အက်စိဒင့်မှာ ဆုံးသွားခဲ့တဲ့ သမီးလေး အတွက် ရေးပေးခဲ့တဲ့ သီချင်းတစ်ပုဒ်လဲ ဖြစ်ပါတယ်… ကျွန်တော် အမြဲလိုလိုလဲ နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ… မိတ်ဆွေလဲ နှစ်သက်မယ်လို့ ထင်ပါတယ်…

Groove Coverage ~ God Is A Girl

Groove Coverage – God is a girl

Remembering me, discover and see,
All over the world, she’s known as a girl,
To those who are free, their minds shall be keep,
Forgotten as the past, ’cause history will last.

God is a girl, wherever you are,
Do you believe it, can you receive it,
God is a girl, whatever you say,
Do you believe it, can you receive it,
God is a girl, however you live,
Do you believe it, can you receive it,
God is a girl, she’s only a girl,
Do you believe it, can you receive it?

She wants to shine, forever in time,
She is so driven, she’s always mine,
Clearly and free, she wanted to be,
A part of the future, a girl like me,
There is a sky, eliminating us,
Someone is out there, that we truly trust,
There is a rainbow, for you and me,
A beautiful sunrise, eternally.

God is a girl, wherever you are,
Do you believe it, can you receive it,
God is a girl, whatever you say,
Do you believe it, can you receive it,
God is a girl, however you live,
Do you believe it, can you receive it,
God is a girl, she’s only a girl,
Do you believe it, can you receive it?

More Tracks On Last.fm

Groove Coverage On Last.fm



One Comment

  1. dr.somebody July 6, 2010

    ဒီသီချင်းကို တော်တော် ကြိုက်ပါတယ်။ ကျနော်ဆီမှာ ရှိတာက (album version)ပါ..။ ယောင်္ကျားလေး ဆိုတာဗျ..။ techno/dance ထက်ပိုနားထောင်လို. ကောင်းသလိုပဲ..။

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 9