Happy Birthday to Myself!!
ဒီနေ့ က လွန်ခဲ့တဲ့ နှစ်က June 25 လိုပါပဲ ကျွန်တော် အသက် တစ်နှစ်ထပ်ကြီးသွားတဲ့ နေ့ပါ။ မွေးနေ့က လုပ်လေ့မရှိတာကြောင့် ဒီနှစ်လဲ ပုံမှန်ပဲ ထင်ထားတာ ဘယ်သူမှ မသိလောက်ဖူးပေါ့… ၂၃ ရက်နေ့လောက်ကတည်းက Happy Birthday ဆုတောင်းတွေ ရလာနေတော့ ကျွန်တော့်အကောင့်မှာ setting မှာ တစ်ခုခုမှားနေလားလို့ ပြန်ကြည့်ဖြစ်တယ်။ ကြည့်ရတာ ကြိုပြီး ဆုတောင်းပေးထားတာ ထင်ပါတယ်။
လုပ်စရာရှိတဲ့ အလုပ်တွေ တစ်နေကုန်လုပ်ပြီးတော့ ပုံမှန်ပဲ ညဘက် အိပ်တော့မလို့ စဉ်းစားထားတာ အမ က Birthday Cake ဖယောင်းတိုင် ထွန်းပြီးယူလာတော့မှ အံ့သြသွားတယ်။ Surprise!! ဘယ်သူမှ မသိလောက်ဖူးထင်ထားတာ.. မနှစ်ကလိုပါပဲ စင်ကာပူက အမ ပို့ပေးတာပါ.. ဒါနဲ့ ဓာတ်ပုံတစ်ချို့လဲ ရိုက်လိုက်သေးတယ်… ညက ၁၂ လောက်ဆိုတော့ ဘယ်သူမှ မရှိတော့ဘူးလေ.. ကျွေးစရာ သူငယ်ချင်းလဲ မရှိတော့ ဓာတ်ပုံ တစ်ချို့ ရိုက်တယ် အခုတော့ စာရေးနေတုန်း တော့ အကောင်း အတိုင်းပါပဲ.. မနက်ရောက်မှ ဘုရား ဆွမ်းတော်တင်ရမယ်၊ လူကြီးတွေကိုလဲ birthday cake ကျွေးရပါမယ်.. ပြီးရင်တော့ ကျွန်တော်တစ်ယောက်တဲ စားတော့မယ်
စင်ကာပူက အမနဲ့ တောင် လှမ်းပြီး web cam ကနေ ကိတ်ကိုပြသေးတယ်.. နောက် ရန်ကုန်က အမေ ဆီကို ညဘက် ဖုန်းခေါ်သေးတယ်.. အမေက တရားစခန်းသွားတော့ ညီနဲ့ပဲတွေ့တယ်.. နောက်မှ အမေကို မွေးနေ့လက်ဆောင်တောင်း ရမယ် =D ဒီနှစ်က ထူးခြားပါတယ် ကျွန်တော် မန္တလေးမှာ ရောက်နေတာ မွေးနေ့မှာ အမှန်တော့ ကျွန်တော့်ကို မန္တလေး မှာပဲ မွေးတာပါ.. မွေးပေးခဲ့တဲ့ ဒေါက်တာ ဂူးဝါး ဆိုတာတောင် အခုထိ ရှိသေးတယ်။ အဲဒီမှာ အင်တာနက် ကဖေးတောင် ဖွင့်ထားပါသေးရဲ့။ နောက် ဆုတောင်းပေးကြတဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ လဲ ဆုတောင်းပေးတာ တိုက်ဆိုင်တယ် ထင်တယ်.. ၂၅ ရက် မနက် ၁ နာရီ ၀န်းကျင်လောက်တွေ ကြည့်ပဲ အမှန်တော့ ကျွန်တော်က မနက် ၁ နာရီလောက်မှာ မွေးခဲ့တာပါပဲ =D
ဒီနှစ်မွေးနေ့မှာတော့ အရင်နှစ်ကလို blog ဖော် blog ဖက် အကို အမ တွေကို မပြုစုလိုက်နိုင်ပါဘူး။ အခု မိုးလင်းတာနဲ့ ငယ်ပေါင်း မန်းလေးက သယ်ရင်းတွေကို ဖုန်းဆက် ချိန်းပြီး လိုက်ကျွေးပါမယ်… နောက် ဘုရားသွားဖြစ်ပါမယ်.. အရင်နှစ်ကလို အမေ ကိုတော့ မကန်တော့နိုင်ဘူး… စိတ်ထဲကပဲ မှန်းကန်တော့ရပါမယ်။ တဖြည်းဖြည်းနဲ့ အကုသိုလ်တွေ လုပ်ပြီး အသက်ကြီးလာတာကို သတိပေးဖို့ကတော့ နောက်ဆုံးမှ သတိရပါတယ်။ ဒါနဲ့ banner လဲ ပြင်လိုက်ပါတယ်… တဖြည်းဖြည်းနဲ့ ကိုယ့်ထဲက hardware တွေ warranty ကုန်လာတော့မယ်.. နောက်ဆုံး update တွေလဲ နောက်ဆို support လုပ်တာ ရပ်သွားတော့မှာ၊ memory ကလဲ တဖြည်းဖြည်း ပျောက်ကုန်ဦးမယ်၊ hand တာတွေ ဖြစ်လာဦးမယ်၊ virus အသစ်တွေလဲ ကိုက်ချင်ကိုက်ဦးမှာ.. နောက်ဆုံး Blue Screen Of Death (BSOD) မလာခင် အထိတော့ အကောင်းဆုံးလုပ်နိုင်ဖို့ ကြိုးစားရဦးမယ်။
ကျွန်တော့် မွေးနေ့အတွက် အမ Khin Mar Lar Aung ပို့ထားတဲ့ ကဗျာလဲရှိသေးတယ် အခု တင်လိုက်တော့မယ်။
“Happy Birthday ..Htoo Tay Zar”
မောင်ကလေးရေ……
ဒီကနေ့ မှာပြည့်မြောက်တဲ့
မောင်ကလေးရဲ့ မွေးနေ့ ရက်မြတ်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ငြိမ်သက်အေးချမ်းခြင်း
ကိုယ်၏ကျန်းမာ ဘေးကင်းခြင်းနှင့်
ပြီးပြည့်စုံနိုင်ပြီး
ရင်မှဖြစ်သောဆန္ဒအားလုံးအား
လက်တွေ့ ဘဝအဖြစ်ထပ်တူထပ်မျှ
အကောင်အထည်ဖော်နိုင်ပါစေ။
ဘိုးဘွား၊ မိဘ၊ ဆရာသမား
ဆွေမျိုးညာတိ လူအများက
ဂုဏ်ယူဝင့်ကြွားအားထားရတဲ့
သားကောင်းသားမြတ် လုပ်ပါလေ။
ညီလေး၊ ညီမလေး ၊ လူငယ်များနဲ့ 
ငါတို့ သူတို့ သူငယ်ချင်းတတွေ
လေးစား၊ အားကျ အတုယူရတဲ့
ရှေ့ ဆောင်လမ်းပြ ကြယ်တပွင့်လို
မောင်ကလေး လင်းလက်နိုင်ပါစေ။
ရောင်စုံချယ်ထား လောကကမ္ဘာရဲ့
မာယာကြွယ်ကြွယ်လောကဓံကြားမှာ
လဲကျတိုင်း ပြန်ထလျှောက်လို့ 
ပစ်တိုင်းထောင်ရုပ်လေးလို
အပြုံးမပျက်၊ အမုန်းမဖက်တဲ့
အဖြူစဉ်ဆုံး မေတ္တာတရားနဲ့ 
မောင်ကလေး ရပ်တည်နိုင်ပါစေ။
သောကတွေ ကင်းဝေး
လောဘတွေ ကင်းဝေး
အတ္တအရိပ်နဲ့ ဝေး
မာနအရိပ်တွေနဲ့ ကင်းဝေးလို့ 
ဘဝတာတိုတိုလေးမှာ
အစစ်မှန်ဆုံးသော
မေတ္တာတရားနဲ့ 
လောကရဲ့ အလှတရားကို
မောင်ကလေး ရှာတွေ့ နိုင်ပါစေ။
***အေးချမ်းတဲ့ ဘဝပိုင်ရှင် ဖြစ်ပါစေ***
ကျွန်တော့် မွေးနေ့အတွက် FaceBook, Email (E-Card), Twitter, Gtalk တို့ကနေ ဆုတောင်းပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ပါတယ်လို့ ပြောပါရစေ ခင်ဗျာ။
My Birthdays’ Articles
Another Birthday Cake ~ 2008
Happy Birthday ~ 2008
Happy Birthday ~ 2007



Black Dream said,
Wrote on June 25, 2009 @ 4:32 am
happy birthday ပါ ညီရေ…။
Like or Dislike:
0
0
moe thout marn said,
Wrote on June 25, 2009 @ 6:16 am
Happy Birthday !!! I wish all the best and get the successful life. ^~^
Like or Dislike:
0
0
Myo Kyaw Htun said,
Wrote on June 25, 2009 @ 7:20 am
Happy Birthday ပါ ညီလေး ထူးတေဇာရေ
Like or Dislike:
0
0
တေဇာ said,
Wrote on June 25, 2009 @ 9:59 am
Happy Birthday ပါ ကို ထူးတေဇာ…
Like or Dislike:
0
0
soe wai said,
Wrote on June 25, 2009 @ 11:01 am
happy birthday ပါဗျာ။ အသက်တစ်နှစ်ကြီးသွားပြီနော်။ လုပ်စရာရှိတာတွေ တက်သုတ်ရိုက်တော့ဗျ…….
Like or Dislike:
0
0
NYO said,
Wrote on June 25, 2009 @ 11:52 am
ဟာ မွေးနေ့လား . . .
မသိပါဘူးဗျာ။ မနေ့က မွေးနေ့မှန်းမသိဘဲ မေးခွန်းတွေအများကြီး ဆက်တိုက်မေးလိုက်မိတယ်။ oops!
မွေးနေ့မှာ Relax မဖြစ်ဘဲ အလုပ်များသွားတာပေါ့။
ပျော်ရွှင်ပါစေဗျာ။ ရှေ့ဆက်ပြီး စစ်မှန်သော ဘ၀လက်တွဲဖော်နဲ့လည်း အမြန်တွေ့နိုင်ပါစေလို့
Like or Dislike:
0
0
Minn Yoon said,
Wrote on June 25, 2009 @ 12:39 pm
Happy Birthday သယ်ရင်းရေ… အီးကဒ်တွေ များနေမှာစိုးလို့ မပို့တော့ဘူး.. ဟီးဟီး
Like or Dislike:
0
0
christy said,
Wrote on June 25, 2009 @ 1:24 pm
မွေးနေ့မှာပျော်ရွှင်ပါစေနော်……..=D
Like or Dislike:
0
0
ပန်းခရေ said,
Wrote on June 25, 2009 @ 1:49 pm
မွေးနေ့မှာပျော်ရွှင်ပါစေ..
Like or Dislike:
0
0
K said,
Wrote on June 25, 2009 @ 3:03 pm
Happy Birthday!!!
Like or Dislike:
0
0
kom said,
Wrote on June 25, 2009 @ 6:46 pm
happy birthday
Like or Dislike:
0
0
sin dan lar said,
Wrote on June 25, 2009 @ 7:26 pm
Happy Birthday!
Like or Dislike:
0
0
MrDBA said,
Wrote on June 25, 2009 @ 9:32 pm
မနက်က FaceBook မှာ ဆုတောင်းပေးထားသေးတယ်။ ခုတစ်ခေါက်လာပြန်ကြည့်တာ။ ပျော်ရွှင်ပါစေ။
Like or Dislike:
0
0
waihin said,
Wrote on June 25, 2009 @ 11:36 pm
မွေးနေ့မှာပျော်ရွှင်ပါစေအစ်ကို။
အလည်လာတာပါ။
Like or Dislike:
0
0
emoracket said,
Wrote on June 27, 2009 @ 7:36 pm
Happy birthday ပါ။
Like or Dislike:
0
0
Talkii said,
Wrote on June 29, 2009 @ 7:12 pm
Late Happy Birthday wish!
အရင်နှစ်တွေထက်ပိုပြီး အောင်မြင်တဲ့ အလုပ်တွေ လုပ်နိုင်ပါစေဗျာ။
တကယ်တော့ လူဆိုတာ virtual machine ပေါ်က PC တွေပဲ မဟုတ်လား။ အငှားလာနေကြတာလေ။
Regards,
Talkii
Like or Dislike:
0
0