Junk Mails In Inbox
မနေ့က လုပ်စရာမရှိတာနဲ့ Gmail ထဲဝင်ပြီး ရှိနေတဲ့ email 3000 ကျော်ကို စပြီးဖျက်ဖြစ်တယ်။ email က တကယ်တော့ ဖတ်ပြီးရင် မဖျက်ဖြစ်ဘူး ဒီမှာက Gmail ၀င်ရတာ ခက်တာရယ်၊ ကိုယ်က အင်တာနက် ကဖေးက သုံးရတာ ဆိုတော့ အချိန်လဲ နှမြောတာ ပါပါတယ်။ မနေ့ကတော့ ကွန်နက်ရှင်လဲ ကောင်း မဆိုးတာနဲ့ ဖျက်ဖြစ်ပါတယ်။
အီးမေး မဖျက်တာရယ်၊ မဖတ်တာရယ်က ကြာနေတော့ ရေမချိုးထားသလိုပဲ ရှုပ်ပွနေတယ်။ ဖျက်တော့ အခြား hosting ကပေးလာတဲ့ အီးမေးတွေ၊ အမျိုးတွေဆီက အီးမေးတွေ၊ password reset လုပ်ထားတဲ့ အီးမေးလ်တွေ မဖျက်ချင်ဘူး လွယ်လွယ်နဲ့ မြန်မြန်ဖျက်ချင်တယ်.. အဲဒီတော့ ပထမဆုံး အလာများတဲ့ email ကို စ စစ်ထုတ်ပြီးဖျက်ရတယ်။ Search Mail မှာ twitter လို့ ရိုက်လိုက်တယ် twitter က လာတဲ့ email တွေထွက်လာတယ် select all delete လုပ်တယ်။ လုပ်တယ် လုပ်တယ်… တော်တော်ကြာတယ် အဲဒီကောင်က လာတာ ၁၂၀၀ ၀န်းကျင်လောက်ရှိတယ်။ တစ်ယောက်ယောက် follow လုပ်တာနဲ့ Direct Message တွေပို့ကြတာနဲ့ ရှုပ်နေတာ.. နောက် ဒုတိယ အများဆုံးက FaceBook ပါပဲ ဘယ်သူက add လိုက်ပြန်ပြီ ဘယ်သူကတော့ မင်း ကွန်မန့်ရေးထားတဲ့ status ကို ထပ်ရေးပြန်ပြီနဲ့ လာလိုက်တာ မနည်းဘူး။
တကယ်တော့ FaceBook ကို ကျွန်တော် ၀င်တာနဲပါတယ်..ပေါင်းသင်းဆက်ဆံရေး၊ social skill ညံ့ပါတယ်.. စကားပြောနဲတာလဲ ပါမယ်ထင်တယ် အရင်ကဆို လုံးဝ ၀င်ခဲတယ် အရင်က Interface က ရှုပ်ပြီးတော့ Application Invite လုပ်တာတွေ ဆော့ထားတဲ့ ဂိမ်းတွေနဲ့ ပြည့်နေတာ အခုမှ interface အသစ်က ရှင်းသွားတာ.. နောက်ဆိုးတာက ဘယ်သူက မင်း comment ပေးထားတဲ့ status ကို ထပ်ပေးသွားပါတယ် ဆိုတာမျိုးတွေ.. setting ထဲမှာ ပြင်လို့ ရပေမယ့် အရင်က ပျင်းတာနဲ့ ကွန်နက်ရှင်ကြောင့်နဲ့ မပြင်ဖြစ်ဘူး။ နောက် များတာကတော့ ကျွန်တော် alert လုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဆိုဒ်တွေ ဆီကပေါ့.. ဆိုဒ်အသစ်တွေ မထွက်သေးတဲ့ applications တွေ၊ web apps ဆိုဒ်တွေမှာ ထွက်ရင် အကြောင်းကြားပေးဖို့ email ပေးခဲ့တာများတာမို့ ပါ။
နောက် Adobe, Apple, Deviantart, GoogelAds, StatCounter လိုမျိုး တွေက လစဉ်လာတာရှိတယ်။ ဟာသ Forward Mail တွေလာတာ ရှိပါတယ်။ အနဲဆုံးကတော့ လူပို့တဲ့စာပါပဲ.. လာတာဆိုလို့ အခြား အမျိုးတွေဆီက တစ်ခါတလေမှ ဓာတ်ပုံပို့ပေးတာ၊ နောက် အကူအညီလိုရင် သတိရတတ်တဲ့ သူငယ်ချင်း တချို့ ဆီက လာတာမျိုးပဲ ရှိပါတယ်။ အခုတော့ အကျင့်လုပ်နေရတယ်.. လူပို့တာ မဟုတ်ရင်ဖျက်ဖို့ နဲ့ လူပို့ ရင် အခုဖတ် အရေးမကြီးရင်ဖျက်၊ အရေးကြီးရင် star တပ်ပေးလိုက် ဒါပါပဲ။ မဟုတ်ရင် Inbox က ရှုပ်နေတော့မှာ Mail Alert လိုမျိုးသုံးရင်လဲ လူမြင်မကောင်းဘူး စာတွေက ထောင်ကျော်နဲ့ ဆိုတော့.. အပေါ်ကပုံကတော့ ဒီအတိုင်းပဲ inbox ထဲက mail ကို graph ဆွဲကြည့်တာပါ။ လူတိုင်းလဲ အဲဒီလို လူမရေးတဲ့ alert စာမျိုးတွေ အများဆုံး ကြုံနေရမှာပဲ ထင်တယ်။






kom said,
Wrote on June 11, 2009 @ 11:11 pm
မှန်တယ်။ ရာဟူးးမေးလ်ဆိုရရင်လဲ စပန်းတွေနဲ့ပြည့်နေတာ သုံးရာလောက်ရှိတယ်။မနိုင်ဘူးဖျက်ရတာ။