Keynotes from Apple WWDC 09

ဒီနေ့ June 8 ရက် (မြန်မာစံတော်ချိန် june 9 ရက် နံနက် ၁ နာရီ) မှာ Apple ရဲ့ World Wide Developer Conference (WWDC 09) ကို San Fransisco မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်လဲ နေမကောင်းပေမယ့် Conference က အရေးပါတဲ့ ဖိုင်နယ် ဘောလုံးပွဲ တစ်ပွဲလို လက်လွတ်မခံနိုင်တာကြောင့် တိုက်ရိုက် သတင်းတွေကို track လုပ် ဖတ်ရပါတော့တယ်။ WWDC 09 သတင်းက ဒီရက်ပိုင်းမှာ tech blog, web site, postcast တွေမှာ နေရာ အနှံ့တွေ့ရဦးမှာပါ။ ကျွန်တော်ကတော့ twitter, Gizmodo live blog ကနေ အဓိက ထားပြီး WWDC က တိုက်ရိုက် သတင်း၊ ဓာတ်ပုံတွေကို ကြည့်ပါတယ်။
WWDC 09 က Apple သမိုင်းမှာ ပထမဆုံး ticket အမြန်ရောင်းရတဲ့ စံချိန်ချိုးထားတာပါ။ ဒီနေ့က WWDC အဖွင့်နေ့ပေမယ့် အရင်လို Steve Jobs မပါပါဘူး။ သူက အလုပ်ပြန်ဝင်နေပြီလို့ ကြားရပေမယ့် Keynote အတွက် ပေါ်မလာခဲ့ပါဘူး။ အဓိက ထားပြောသွားတာက Phil Schiller က ပဲပြောသွားပါတယ်။
ဒီနေ့ ပွဲမှာ
MacBook, MacBook Pro, MacBook Air Hardware Changed
Apple portable computer line update လုပ်သွားပါတယ်.. ထူးထူးခြားခြားတော့ မဟုတ်ပါဘူး Unibody MacBook, MacBook Pro တွေမှာ SD card reader built in ပါလာပါတယ်။ နောက် Unibody မှာ MacBook မရှိတော့ဘူး MacBookPro လို့ သာ အကုန်ပြောင်းခေါ်ပါတယ်။ ၁၃ လက်မ က အစပါ။ ကျွန်တော်ဝယ်တာ ၇ လလောက်စောသွားတယ် မဟုတ်ရင် MacBook Pro ဆိုတဲ့ စာသားနဲ့ ရမှာ =D . MacBook Pro လို့ အကုန်ပြောင်းခေါ်လိုက်တာရယ် SD card ပါလာတာရယ်၊ နောက် 100 စီ ဈေးကျသွားတာရယ် ရှိပါတယ်။ ကျန်တာ ဘာမှ မထူးပါ။
ဒါဆို MacBook series မရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ရှိပါတယ် အရင်တုန်းက MacBook white, black တွေကို MacBook လို့ ခေါ်ပါမယ်။ သူတို့တွေမှာ လဲ လွန်ခဲ့တဲ့ ၂ ပတ်က update လုပ်ထားတာ hardware spec က Unibody တွေနီးပါးရှိပြီး ဈေးက 999$ က စပါတယ်။ နောက် MacBook Air မှာ Hardware up to spec အသစ်ပြောင်းသွားတယ် ဈေးက 1499$ ဖြစ်သွားပါတယ်။
Snow Leopard

Snow Leopard အကြောင်းကတော့ သူက 64 bits OS ဖြစ်လာပါမယ်။ Dock icons တွေက 3D Animation support လုပ်ပါမယ်.. redering engine ပါလာပါလိမ့်မယ်။ Built in stacks, expose တွေ upgrade ဖြစ်ပါမယ်။ Spotlight တွေမှာ ရှာတာမြန်လာပါမယ်။ နောက် Apple Safari 4 ပါလာပါမယ့်.. Safari 4 က CSS 3, HTML 5 ကို support လုပ်ပါတယ်။ Acid test 100/100 အပြည့်ရထားတယ်။
နောက် သူ့ရဲ့ Javascript Engine က Google Chrome ထက် အများကြီး မြန်ပါမယ်။ လက်ရှိ အချိန်မှာ ကမ္ဘာအမြန်ဆုံး browser လို့ ပြောလို့ ရပါတယ်။ Quick Time X (10) က interface လုံးဝ အသစ်တွေ ပြောင်းပါမယ်။ https streaming support လုပ်ပါမယ်။ နောက်သူရဲ့ icon ပါ အသစ်ပြောင်းသွားပါတယ်. ဒီလို features တွေ အများကြီးပါလာပေမယ့် သူ့ရဲ့ hard disk space နေရာယူတာက အရင် leopard ထက် နည်းမယ်လို့ ဆိုပါတယ်။ September မှာ Leopard ယူဇာတွေဆီကို 29$ နဲ့ အရောက်ပို့ ပေးပါလိမ့်မယ်။
iPhone OS 3.0 And New iPhone Device Called iPhone 3G S
iPhone OS 3.0 ကို အစောပိုင်းမှာ စပြီး ပြောပါတယ်။ 3.0 မှာ push notification ပါလာပါမယ်.. ၃ မျိုးပါ text, graphic, audio နဲ့ အလုပ်လုပ်ပါမယ်။ နောက် Tathering လို့ ခေါ်တဲ့ iPhone က အင်တာနက်ကို laptop (Mac or PC) ကို share လုပ်သုံးနိုင်လာပါမယ်။ နောက် Find My iPhone ဆိုတာက လက်ရှိ iPhone location ကို အခြား ကိုယ့် မိသားစုဝင်တွေနဲ့ ရှဲနိုင်ပါမယ်။ ဒါက Google Latitude လိုမျိုးပါ။
နောက် iPhone game တချို့ App တချို့ အကြောင်းပြောပါတယ်။ နောက် iPhone 3.0 ကိုသုံးပြီး Line 6 Guitar Amp ကို control လုပ်ပြသွားပါတယ်။ အသစ်ထွက်ထားတဲ့ iPod shuffle လို voice control ရလာပါတယ်… နောက် copy, paste, undo တွေရပါပြီ။ Spotlight ကိုလဲထည့်ထားပါတယ်။ iPhone OS 3.0 ကို June 17 မှာ စဖြန့်ပါမယ်.. အရင် အတိုင်းပဲ iPhone user တွေအတွက် free upgrade ရမှာပါ။ iPhone SDK လဲ ဒီနေ့ every developers တွေ စပြီး ယူလို့ ရပါပြီ။
နောက်တော့ သတင်းတွေ ထွက်နေတဲ့ အတိုင်း iPhone အသစ် အကြောင်းကို Phil Schiller က စပြောပါတယ်။ သူ့ကို iPhone 3GS လို့ ခေါ်ပါတယ်.. S ဆိုတာက Speed ကို ဆိုလိုတာပါတဲ့။ iPhone အသစ်မှာ အရင် တစ်ခုထက် speed မြန်တာအပြင် 30fps ရတဲ့ 3.2 Megapixels Video Camera ပါလာပါတယ်။ Video ကို color birghtness တွေ ချိန်နိုင်ပြီး Apps developer တွေ အတွက် API လဲ ထုတ်ပေးထားပါတယ်။
ဈေးတွေကတော့ iPhone 3GS 8GB က AT&T ကနေ 200$ နဲ့ ရမှာဖြစ်ပြီး အရင် 3G 8GB ကတော့ 99$ ဖြစ်သွားပါတယ်။ 16GB 3G ကတော့ 149$ ဖြစ်သွားပါတယ်။ June 19 မှာ စဖြန့်ပါမယ်။ Tathering လို App မျိုးကို လက်ရှိမှာ AT&T network က support မပေးနိုင်သေးပါဘူး။ မကြာခင်မှာတော့ ရမယ်လို့ ပြောသွားပါတယ်။
WWDC 09 ရဲ့ ဒုတိယမြောက်နေ့ အဖြစ် ဒီနေ့ည ၁၂ လောက်မှာ ဆက်လုပ်ဦးမှာ ဖြစ်ပါတယ်။







New iPod Touch To Roll Out On September? | My Burmese Blog said,
Wrote on July 16, 2009 @ 11:44 pm
[...] ပြောထားပါတယ်။ ဒီဆိုဒ်က WWDC 09 မတိုင်ခင်ကတည်းက Apple မှာ iPhone [...]
Apple Going to Make Big Mistakes | My Burmese Blog said,
Wrote on August 12, 2009 @ 11:47 am
[...] for that tooApple said No Apple NetBook!!New iPod Touch To Roll Out On September?App Store Turns 1Keynotes from Apple WWDC 09All About TrackPad & GesturesAsus S101 Vs MacBook [...]
WWDC 10 is coming!! « My Burmese Blog said,
Wrote on April 28, 2010 @ 10:19 pm
[...] အရေးပါလိမ့်မယ်။ ဒီနှစ်က မနှစ်က 2009 WWDC ကလို OS X [...]