hit counter

Let’s Fix OutLook!!

FixOutLook.Org Screenshot

Microsoft က 2010 အတွက် Office Suite မှာပါလာမယ့် Outlook မှာ HTML email (News Letter Mail) တွေအတွက် သူက rendering engine အသစ်စသုံးမယ်လို့ အတည်ပြုလိုက်ပါပြီ။ အမှန်တကယ်တော့ အဲဒီ သုံးမယ်ဆိုတဲ့ rendering engine က Standard မရှိပါဘူး.. ဆိုလိုတာက နောက်ထပ် ၅ နှစ်လောက်ကြာတဲ့ အထိကို Email News Letter HTML တွေအတွက် table layout ပဲသုံးရမှာပါ။ နောက် background image, text-shadow, rounded-corner တွေ မရနိုင်ပါဘူး။

အမှန်တော့ Microsoft က အခုချိန်မှာ အဆုံးစွန်ထိတက်ပြီးလို့ ပြန်ကျတဲ့ အချိန်ရောက်နေပါပြီ… ပြီးတော့ အမှားတွေ ဆက်တိုက်လုပ်နေတယ်.. Internet Explorer 8 ဆိုရင်လဲ Standard Acid 3 ကို အချို့ အစိတ်အပိုင်းသာ pass ဖြစ်ပါတယ်။ နောက်သူလုပ်တာကို Standard ဖြစ်ချင်တဲ့ အတွက် အများလုပ်တာကို သူက လစ်လျှူရှုထားတယ်။ အမှန်ဆိုရင် Outlook ဟာ Email Standards ကို အတိအကျ မဟုတ်တောင် အဆင့်တော်တော်များများကို လိုက်နာသင့်တာပါ။ အခုတော့ သူလုပ်ချင်ရာလုပ်ပါတော့မယ်.. အဲဒီတော့ အခု သူက Outlook ကို Beta အနေနဲ့ စမ်းသုံးခွင့်ပေးထားပါတယ်။ ကျွန်တော်တို့ လုပ်သင့်တာက အားလုံး စုပေါင်းပြီး Email ပို့ပြီး feedback ပေး ဒါမှမဟုတ် Twitter မှာ အဲဒီ အကြောင်းကို www.fixoutlook.org ဆိုတဲ့ link နဲ့ အများပါဝင် အာရုံစိုက်အောင် လုပ်ပြီး Microsoft ကို တားကြရအောင်ပါ။ တားမရရင်ကော…. မရရင် ရှင်းပါတယ် ဆက်လွှတ်ထားလိုက်ရုံပေါ့…

သူအရင်လုပ်ခဲ့တဲ့ Internet Explorer 6 ပြသနာလိုပါပဲ သူကတော့ user ရဲ့ လုံခြုံမှုကို ဂရုမစိုက်တာ လုံးဝသိသာနေပါတယ်.. အဲဒါကြောင့်လဲ လူတွေအားလုံး Firefox, Safari, Chrome, Opera လို အပြိုင်အဆိုင် bench marks တွေနဲ့ ကောင်တွေကို ပိုသုံးလာကြတာ အထင်အရှားပဲလေ… လောလောဆယ်တော့ ကျွန်တော်တို့ Twitter မှာ အဲဒီအကြောင်း twit ကြရအောင်ပါ။ FixOutLook.Org ကလဲ ဒီဇိုင်းဆန်းပါတယ်.. Twitter API ကို သုံးပြီး real time FixOutLook.Org twitters တွေရဲ့ avatar ကို background လုပ်သုံးထားပါတယ်… ပိုမိုက်တာက tableless layout ပါ…နောက် ajax auto reload လဲသုံးထားသေးတယ် WOW =D Cool!! FixOutLook.Org ကို ဒီနေ့ နေ့လည်လောက်ကမှ Campaign Monitor က စပြီးလုပ်ပါတယ်.. ဒါပေမယ့် အခု လက်ရှိအချိန်မှာ အဲဒီ ဆိုဒ်အကြောင်း Tweet သူပေါင်း 15,338 ကျော်ရှိနေပါပြီ…

စကားမစပ် – ကျွန်တော့် avatar ပုံလေးတောင် FixOutLook.Org မှာတွေ့ခဲ့ရသေးတယ်။ ↓Here↓

tayzar44 in Fix OutLook

ပြောဖို့ မေ့သွားတယ်…. Email အတွက် Outlook မသုံးရင် ဘာသုံးမလဲ… အလကားရပြီး သုံးရလွယ်ကူတဲ့ ThunderBird (Available for Linux, Windows, Mac) သုံးမှာပေါ့.. ဒါမှမဟုတ် Mac အတွက်က PostBox လိုနောက်ထပ် free မျိုးကို သုံးမှာပေါ့..


Related Posts

2 Comments so far »

  1. mmhan said,

    Wrote on June 24, 2009 @ 11:14 pm

    Looks like every link to fixoutlook.org you got there is linked fixoutlook.com, just letting ya know.. =)

  2. Htoo Tay Zar said,

    Wrote on June 24, 2009 @ 11:21 pm

    @mmhan ~ Oops!! hee hee I need to fix first before OutLook =D Sorry, for wrong typo and thanks for correcting Bro

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: