Skin, Sticker Designs From Infectious

ဒီနေ့ မနက်ကတည်းက Firefox နဲ့ Infectious တို့ ပေါင်းထားတဲ့ Firefox Sticker Project ထိုင်ကြည့်နေဖြစ်ပါတယ်။ Skin, Stickers တွေကြည့်ရင်း အရူးပိုးကပြန်ထလာတယ်.. ပြီးတော့ သူတို့ဆီမှာက ပြထားတာတွေက ကျွန်တော် ကြိုက်တဲ့ ပစ္စည်းမျိုးတွေမှာ design ဆင်တာဖြစ်နေတယ်.. ဥပမာပေါ့ ~ Skateboard, Laptop, iPhone, Stickers တွေပေါ့.. ကား sticker တွေလဲမိုက်ပါတယ်.. ဒါပေမယ့် ကားစီးနိုင်တဲ့ ဘ၀ မဟုတ်လို့ သိပ်စိတ်မ၀င်စားမိဘူး.. သဘောကျတာကတော့ Laptop Skin ပေါ့နော် နောက် အခုရက်ပိုင်းတွေမှာ Vector Art တွေကို မျက်စိကျနေတဲ့အပြင် အဲဒီလို creature တွေ alien တွေ ပိုကြိုက်နေတာ.. တိုက်ဆိုင်သွားတယ်။

Infectious က designer တွေက အကုန်ပဲ Illustration, Vector, Silhountte, Trible Arts တွေပဲ လုပ်ကြတာ သတိထားမိတယ်.. Design တွေ တကယ်မိုက်ပါတယ်.. အကြိုက်ဆုံးကတော့ Obama ကို KISS Design လုပ်ပေးထားတဲ့ အိုင်ဒီယာ အမိုက်ဆုံးပါပဲ.. skate မစီးရတာလဲ ကြာပါပြီ.. အရင် ဆော့တုန်းက LeoJack နဲ့ စီးတာ ပထမဆုံးနေ့မှာပဲ ပလက်လဲတယ်.. အိမ်ထဲမှာလဲ ဘာယူယူ စီးတယ်.. ခုန်တာရသွားတယ်.. flip ရတယ် 360 turn ရတယ်.. နောက်ဆုံးတစ်ခေါက်မှာ တော့ ခုန်ပါများလို့ အထဲက ဘီးကွဲသွားတယ် ဘောစိတွေ ထွက်ပြီးကတဲက မ၀ယ်နိုင်တော့ပဲ ဖြစ်သွားတာ.. တကယ်တော့ Tony Hawk လဲ အရူးအမူးဖြစ်နေသေးတယ်.. နောက် walkman စကိတ်စီးရင်း နဲ့ Blink 182, Green Day, Good Charlotte, Zebra Head, Offspring, Rancid လို သီချင်းတွေ နားထောင်ရတာလဲ အခုထိကြိုက်တုန်းပဲ.. အသက်ကြီးမှ ပြန်ပြီးလုပ်တော့မယ် lol =P


ပြောရရင် Infectious Skin တွေကြိုက်နေတာ အပြင် အလုပ်မရှိတော့တဲ့ အတွက် အဲဒီမှာ ရှိတဲ့ Skateboard Design Contest ၀င်ပြိုင်ရင်ကောင်းမလား စဉ်းစားနေတာ.. အခု ရက်ပို်င်းတွေ အလုပ်တော့ နဲနဲများနေသေးတာ.. နောက် အဲဒီက ပြိုင်မယ်ဆိုတဲ့ Artist တွေကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို သနားသွားမိတယ်.. မပြိုင်တော့ပါဘူးလေလို့.. သို့သော်လဲ runner up ဖြစ်ရင်တောင် ဆုရမယ်ဆိုတော့ အားတက်သွားပြန်တယ်.. Idol ဆုမရတဲ့ Adam Lambert (I think he may be Gay!! =P ) ကတောင် ပိုအောင်မြင်သေးတာပဲလို့ ကိုယ့်ဖက်ကိုယ် စိတ်က ပြန်ယက်ပြန်ရော… အိုနောက်ဆုံးတော့ လုပ်ချင်မှ လုပ်မယ်ဆိုပြီး ဖြစ်သွားတယ်.. အခုတော့ စကိတ်စီးချင်တဲ့ ပိုးထနေပါတယ်..




မသက်ဇင် said,
Wrote on June 19, 2009 @ 7:10 pm
လာလည်ပြီး ဖတ်သွားပါတယ်
ခင်မင်လျက်
Like or Dislike:
0
0
မောင်ပြုံး said,
Wrote on June 20, 2009 @ 6:30 pm
ကျွန်တော်လည်း laptop skin ၀ယ်ရတော့မယ်ထင်တယ်.. corver က စုတ်ပြတ်သတ်နေပီ.. ဟီး.. ကိုယ့်ဘာသာကိုယ်ပဲ sticker ကို print ထုတ်တာကောင်းမယ်.. =)
Like or Dislike:
0
0
Talkii said,
Wrote on June 23, 2009 @ 11:07 pm
http://www.webdesignerdepot.com/2009/06/80-creative-ways-to-customize-your-macbook/
skin တွေကြည့်ပြီး Mac သုံးတတ်ချင်လာတယ်။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 24, 2009 @ 11:01 pm
အမှန်တော့ အဲဒီ အိတ်တွေက Mac မဟုတ်လဲ ထည့်လို့ ရပါတယ်ဗျာ… အဲဒီ Designer Depot ကိုက ပန်းသီး ဆိုပြီးပိုနေတာ
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 24, 2009 @ 11:02 pm
အင်း ဟုတ်တယ် ကိုယ့်ဒီဇိုင်းနဲ့ ကိုယ်ထုတ်လို့ ရရင် ပိုမိုက်မယ်
ဒီမှာက ready made ရောင်းတဲ့ ဆိုင်တောင် မတွေ့မိဘူး
Like or Dislike:
0
0