Transformers ~ Revenge Of The Fallen

Transformers စက်ရုပ်ကားကရဲ့ ဒုတိယမြောက်ကား Revenge Of The Fallen မကြာခင် ထွက်ပါတော့မယ်။ ဇာတ်ကားက trailer ကို ဒီနှစ်အစောပိုင်းကတည်းက ကြည့်လို့ရပါတယ်။ အဲဒီတုန်းက စက္ကန့် ၃၀ စာလေးပဲရှိသေးတယ်။ အခုတော့ ၂ မိနစ် လောက်ကြာတဲ့ HD Trailers တွေ ကြည့်လို့ ရနေပြီ။ Transformers က အရင်တုန်းက ဂျပန်ကလုပ်တဲ့ ကာတွန်းကားပါ အခုကတော့ လူ နဲ့ 3D Robot တွေ ပေါင်းထားတဲ့ ဒုတိယမြောက်ကားပါ။
ဇာတ်လမ်းတော့ ဘယ်လိုလဲ မပြောတတ်ပေမယ့် trailer ကြည့်ရတာတော့ effect တွေ တော်တော်မိုက်ပါတယ်။ နောက် စက်ရုပ်တွေက French နဲ့ Egypt ကို ကျတာတွေ့တယ်။ အခု ဇာတ်ကားတွေ သတိထားမိတာက သူတို့ ကားတွေ ကမ္ဘာအနှံ့မှာ လူကြည့်များအောင်ထင်တယ်.. landmarks တွေကို တကားတဲ အများကြီးထည့်ရိုက်လာကြတယ်။ ဒီကားထဲမှာ Eiffel Tower, Egypt က ပိရမစ်တွေ နောက် အခြား လူသိများတဲ့နေရာ တွေပါတယ်။ စက်ရုပ်တွေ transition လုပ်တာ အရင်ကားထက် ပိုမိုက်လာပါတယ်။ Effect တွေက ရုပ်ရှင်ရုံမှာ ကြည့်ရရင် အတော်ကောင်းမယ်။
Transformers Revenge Of The Fallen SoundTracks ကလဲ နာမည်ကြီး band တွေ အများကြီးပါပါတယ်။ Linkin Park က တော့ အဓိကပါပြီး Nickle Back, Avenged Sevenfold, The Used, Green Day, Hoobstand, Staind စတာတွေပါတယ်။ အခု ပါတဲ့ Linkin Park သီချင်းကိုပဲ နားထောင်ဖူးပေမယ့်.. အရင် အခွေက Goo Goo Dolls ရဲ့Before It’s Too Late နဲ့ သူတို့ရဲ့ What I’ve Done လောက် မကြိုက်ပါဘူး။ အခြားသီချင်းတွေလဲ နောက်မှပဲ နားထောင်ဖြစ်ပါဦးမယ်။
Transformers Revenge Of The Fallen ကို အရင် 2007 Transformers မှာ ထွက်ခဲ့တဲ့ အတိုင်း ရုံတင်မယ့်ရက်ကို 6.24.09 လို့ ရေးထားပါတယ်။ ဒီကိုတော့ ဘယ်တော့ ရောက်မလဲ မသိပါဘူး အဆင်ပြေရင်တော့ သွားကြည့်ဖြစ်ပါဦးမယ်။ 2007 ရန်ကုန် နေပြည်တော်မှာ တင်တုန်းက ကြည့်ဖို့ လုပ်ထားပြီးတော့မှ မြို့လယ်မှာ စစ်ကားပြနေတယ်ဆိုလို့ မကြည့်လိုက်ရဘူးဗျာ =D အခွေထွက်ရင်လဲ ကြည့်ဖြစ်ဦးမှာ မဟုတ်ပါဘူး ကျွန်တော်က High Quality မဟုတ်ရင် မကြည့်သေးဘူး.. ဖီလင်အောက်လို့ဗျာ အခုတော့ ကြော်ငြာလေးတွေ အောက်မှာ ကြည့်ကြည့်ပါဦးနော်..

















exiter said,
Wrote on June 18, 2009 @ 10:20 am
အဲဒီကားကျွန်တော်ကြည့်ချင်လို့ဆိုပြီးအင်တာနက်ကဒေါင်းတာ နောက်ဆုံးဖိုင်က error တက်သွားတယ်ဗျာ CRC error တဲ့ဗျာ .. စိတ်လေတယ် … rapidshare ကဒေါင်းလုပ်ရမယ့် link လေးတွေ့ရင်ပေးပါဦးဗျ .. ကျွန်တော်ရှာတာနှံ့နေပြီ ..
Neo said,
Wrote on June 19, 2009 @ 1:03 am
အတော်မိုက်တယ် ရိုက်ချက်တွေက . မီဂန် အခုကားမှာ နည်းနည်းဝနေတယ် .
ဒါပေမဲ့လဲ ကြည့်ကောင်းတာပါပဲ
Talkii said,
Wrote on June 24, 2009 @ 2:30 pm
မနေ့က ဒေါင်းထားတာ 900 MB ရှိတယ်ဗျ။ ဘယ်လိုပေးရမလဲ။ ကြည့်တော့မကြည့်ရသေးဘူး။
Htoo Tay Zar said,
Wrote on June 24, 2009 @ 10:59 pm
အမှန်တော့ ကြည့်ချင်ပါတယ်ဗျာ… အဲဒီလောက်ကြီး ဆွဲနိုင်တဲ့ အင်တာနက် မရှိလို့ဗျ…. 200, 300 MB လောက်ဆိုရင်ကို စဉ်းစားနေရပြီ
Htoo Tay Zar said,
Wrote on June 24, 2009 @ 11:03 pm
ဟုတ်လား ကျွန်တော် မကြည့်ရသေးဘူး ရိုက်ထားတာတွေကတော့ တော်တော်ကောင်းတာ နမူနာ ကြည့်ရတယ်
Htoo Tay Zar said,
Wrote on June 24, 2009 @ 11:05 pm
Link က ကိုတော်ကီ သိတယ်ဆိုပဲ…
Talkii said,
Wrote on June 29, 2009 @ 6:53 pm
မှားသွားလို့ ဆောရီး။ ကြည့်နေရင်းနဲ့ ကြည့်ပြီးသားလိုလိုဖြစ်နေပါတယ်လို့။ ပြီးခါနီးမှာ Transformers 1 ကို ဒေါင်းလုပ်လုပ်ထားတာမှန်း သဘောပေါက်သွားတယ်။ ပိန်းပါ့။
ကျွန်တော်က torrent (around 250 Mbs) ကနေ လုပ်ထားတာပါ။