TweetStats ~ Analytics for twitter

TweetStats ဆိုတာက Twitter usage, trends, uptime, tweet condense တွေကို ရှာပေးတဲ့ web application တစ်ခုပါ။ Analytics လုပ်လို့ ရတာပေါ့။ ကျွန်တော်လဲ စမ်းကြည့်တော့ အောက်မှာ တင်ထားတဲ့ result တွေ ထွက်လာပါတယ်။ Graph တွေ အတွက် သူက flash သုံးထားပါတယ်။ Twitter User Name ထည့်လိုက်ရင် သိရပါပြီ… ပြပေးတာကတော့ အစုံပါပဲ အပေါ်က ပုံက ကျွန်တော်ရဲ့ Daily tweets Count ပါ။
အခု အောက်ကပုံကတော့ ကျွန်တော် သုံးတဲ့ Application ပါ.. ကျွန်တော် အမြဲသုံးတာက Tweetie နဲ့ များသောအားဖြင့် Twitter Web Site ကနေ သာများပါတယ် အရင်ကတော့ loading လဲမြန် X Platform ရတဲ့ Tweetr AIR ကို သုံးပါတယ်။

အခု အောက်ကပုံကတော့ ကျွန်တော့်ရဲ့ Updates တွေကို ဘယ်သူတွေက အများဆုံး Retweet ပြန်လုပ်သလဲ ဆိုတာကို ပြပေးတာပါ။ @Minervity က အများဆုံးပြန်လုပ်ပါတယ်။

အခြား stats တွေလဲ အများကြီးပြပေးပါတယ်။ အပြည့်အစုံကိုတော့ TweetStats မှာ စမ်းကြည့်လိုက်ပါ။
