Using Gtalk with iChat And Adium


Using iChat for Gtalk

လွန်ခဲ့တဲ့ အပတ်က 10 Reasons Why You Should Not Buy Mac ပို့စ်မှာ ကွန်မန့်နဲ့ မေးသွားတဲ့ အတွက် တင်လိုက်တာပါ။ သူမေးတာက iChat မှာ Gtalk (Google Talk) ရပါသလား တဲ့။ ဟုတ်ကဲ့ ရပါတယ်. Mac မှာ Google က Gtalk ထုတ်ပေးမထားပါဘူး။ ဒါပေမယ့် Mac OS X မှာ တခါတဲပါပြီးသား iChat နဲ့ သုံးလို့ရပါတယ်။


Setting Up Gtalk in iChat

iChat

Set Up လုပ်ဖို့က iChat ကို ဖွင့်လိုက်ပါ။ ပြီးရင် Menu bar က iChat > System Preferences (Command+,) မှာ Accout ဆိုတာ ရှိပါတယ်။ အဲဒီမှာ Account အသစ်ကို ကလစ်လုပ်ရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ရွေးစရာပေးထားပါတယ်။

iChat Account

ရွေးစရာက MobileMe, .Me, AIM, Jabber, GooogleTalk Account တွေရှိပါတယ်။ အဲဒီထဲမှာ iChat ရဲ့ advanced features တွေဖြစ်တဲ့ voice chat, video chat, screen sharing, file sharing တွေထဲမှာ Jabber, Gtalk account ကို သုံးခဲ့မယ်ဆိုရင် မူရင်း Gtalk က အလုပ်လုပ်တဲ့ Voice Chat, File Sharing နှစ်မျိုးပဲ ရပါမယ်။ Full features ရချင်ရင်တော့ iChat account ဒါမှမဟုတ် AIM အကောင့်လိုပါတယ်။

Can I Open Multiple Gtalk in iChat?

iChat Tabbed

ဟုတ်ကဲ့ တစ်ပြိုင်တဲ Gtalk အကောင့် အကုန်သာမက MobileMe, AIM အကောင့်တွေပါ တစ်ခါတဲ ဖွင့်ထားလို့ရပါတယ်။ Menu bar က iChat > System Preferences (Command+,) က use this account ဆိုတာလေးတွေ ရှိတာကို check လုပ်ထားရင် တပြိုင်ထဲ multiple accounts တွေ ဖွင့်နိုင်ပါတယ်။

Is There Others IM?

Adium

iChat မဟုတ်ပဲ Gtalk ကို သုံးလို့ ရတာ Adium ဆိုတဲ့ Open Source Application တစ်ခု ရှိပါတသေးတယ်။ သူက တော့ support လုပ်တာတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

Adium မှာလဲ account မျိုးစုံကို တပြိုင်တဲ ဖွင့်ထားလို့ ရပါတယ်။ Menu bar က Adium > System Preferences (Command+,) ထဲက Accounts မှာ သွားကြည့်လို့ရပါတယ်။ Adium က Yahoo! Messenger, QQ, Bonjour, LiveJournal စတာတွေ support လုပ်တယ်။ အသုံးကျတာကတော့ FaceBook Chat ကို support လုပ်ထားတာ FaceBook ကို browser သုံးပြီး chat စရာမလိုပါဘူး။ နောက်ဆုံးထုတ် Adium Beta version မှာ Twitter ကို ပါ update လုပ်လို့ ရနိုင်ပါတယ်။

Adium က Text Format ကို support လုပ်ပါတယ်။ Windows ကနေ Gtalk သုံးနေတဲ့ တစ်ဖက်က user ကို Mac ကနေ Adium သုံးပြီးပြောနေရင်တော့ သိသာမှာ မဟုတ်ပါဘူး။ Gtalk ကို Linux (Ubuntu, OpenSuse,…) စတာတွေကနေ Pidgim နဲ့ သုံးနေတဲ့ user မျိုးနဲ့ chat ရင်တော့ Text Format အလုပ်လုပ်ပါတယ်။ ဥပမာ – text color, bold, italic, font size စတာတွေ အလုပ်လုပ်ပါတယ်။ Hyperlink ပါ အလုပ်လုပ်ပါတယ်။ လက်ရှိ Gtalk မှာ direct URL (http:// , www.) မျိုးတွေသာ လုပ်ပါတယ်.. hyperlink အလုပ်မလုပ်ပါဘူး။ Adium ကို Gtalk account ၂ ခုနဲ့ သုံးမယ်ဆိုရင်တော့ တစ်ခု သတိထားပါ.. Adium က account တစ်ခုက Gtalk Friends တွေ ကျန်တဲ့ အကောင့် တစ်ခုမှာ မရှိသေးဘူးဆိုရင် အလိုလို invite လုပ်ပါတယ်။ iChat မှာတော့ ဘယ် ၂ ခုဖွင့်ဖွင့် အဲဒါမျိုး မဖြစ်ပါဘူး။

အခုပြောခဲ့တဲ့ iChat, Adium ၂ မျိုးလုံးက Mac OS X ရဲ့ အသုံးဝင်တဲ့ everythings drag & drop ကို support လုပ်ပါတယ်။ ဥပမာ – သူငယ်ချင်းကို ဖိုင်ရှဲချင်တယ်ဆိုပါစို့ File Sharing ကနေ ဖိုင်ကို browse လုပ်ပြီး share နိုင်သလို.. share ချင်တဲ့ ဖိုင်ကို drag လုပ်ပြီး ကိုယ် share ချင်တဲ့ အကောင့်ပေါ် ဆွဲတင်ပေးလိုက်ရုံပါပဲ။ နောက် သူတို့မှာ Friends တွေကို မြင်သာအောင် Group တွေနဲ့ Family, Friends, CoWorkers စသဖြင့် ခွဲထားနိုင်ပါတယ်။

iChat မှာပါတဲ့ screen sharing က ဘာလုပ်ဖို့လဲ ဆိုတော့ ဆိုပါစို့ – ကိုယ်က ခရီးသွားနေတယ်.. အိမ်က ကျန်ခဲ့တဲ့ Mac မှာရှိတဲ့ ဖိုင်လိုချင်တယ် ဆိုရင် iChat ရဲ့ screen sharing ကိုသုံးပြီး remote desktop လိုမျိုး ကိုယ်လိုချင်တဲ့ ဖိုင်ကို Internet ပေါ်ကနေ လှမ်းပြီး browse လုပ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် အိမ်မှာ ကျန်ခဲ့တဲ့ အမေ နဲ့ chat တယ် အမေက ကွန်ပျူတာ ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဖူး အမေနဲ့ video chat လုပ်ချင်တယ်ဆိုရင် အမေကို လှမ်းပြီး iChat က screen sharing ကို ဖွင့်ခိုင်းလိုက်ပါ.. ပြီးရင် အမေနဲ့ iChat ကနေ video chat မျိုး အလွယ်တကူ လုပ်နိုင်ပါတယ်။

Adium Supported IMs





Related Posts

3 Comments so far »

  1. CrossLoop ~ Screen Sharing | My Burmese Blog said,

    Wrote on July 13, 2009 @ 11:22 pm

    [...] ပြောခဲ့သလိုပဲ Mac.com account ကိုသုံးပြီး iChat မှာ အလွယ်တကူ လုပ်လို့ [...]

    Like or Dislike: Thumb up 0 Thumb down 0

  2. maung tun said,

    Wrote on December 20, 2010 @ 11:38 am

    ichat နဲ့ gtalk ကို connect လို့မရဘူး မြန်မာပြည်မှာ ဘာလိုလုပ်လို့ရမလဲမသိဘူး

    Like or Dislike: Thumb up 0 Thumb down 0

  3. Htoo Tay Zar said,

    Wrote on December 20, 2010 @ 10:19 pm

    Yes bro, No one from Myanmar cannot use those iChat and Adium after Myanmar ISP server problems. People are using from Gmail. That’s all for now bro. I’ll let you know when it’s back.

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: