hit counter

Archive for July, 2009

Fun Booth

MYT - Fun Booth

Fun Booth ဆိုတာက Mac Application တစ်ခုဖြစ်ပြီး ဓာတ်ပုံ ရိုက်တဲ့ အခါ သုံးပါတယ်။ Mac OS X ရဲ့built in Photo Booth နဲ့ ပုံစံတူပါတယ်။ မတူတာက Mac တွေရဲ့ iSight Camera ကိုသုံးပြီး ပုံကို ကြည့်တဲ့ အခါ Face Detection နဲ့ အလိုလျောက်ပုံထဲက မျက်နှာတွေမှာ ကိုယ်ထည့်ချင်တဲ့ ဦးထုပ်၊ မျက်နှာဖုံး၊ နှုတ်ခမ်းမွေးလို အရာတွေ ထည့်လို့ ရပါတယ်။ Real Time ထည့်ပေးတာပါ။

Read the rest of this entry »

New iPod Touch To Roll Out On September?

iPod Touch 2Gen

iPod Touch ကို Apple က မကြာခင်မှာ update လုပ်တော့မယ်လို့ သတင်းတွေ အင်တာနက်မှာ ဖတ်ရပါတယ်။ ဒါနဲ့ ပဲ ဖြစ်နိုင်မဖြစ်နိုင် လိုက်ရှာဖတ်မိတယ်။ အမှန်တော့ လိုချင်နေတာလဲ ပါတာပေါ့.. ဆိုဒ်တွေမကြည့်ခင် အခြေအနေကိုလဲ တွက်ကြည့်ပါတယ်.. Apple က update လုပ်မယ်ဆိုတာ ဖြစ်နိုင်လောက်ပါတယ်။

Read the rest of this entry »

Ornagai {English ~ Myanmar Dictionary}

Ornagai ~ English - Myanmar Dictionary

Ornagai ဆိုတာက English Myanmar Dictionary ၀ဘ်ဆိုဒ် တစ်ခုပါ။ Ornagai မှာ အင်္ဂလိပ်စာကနေ မြန်မာ စာ (အဘိဓာန်) အလွယ်တကူ ရှာနိုင်သလို မြန်မာ ကနေ အင်္ဂလိပ်စာကိုလဲ ပြန်ရှာလို့ ရပါတယ်။ Ornagai ဆိုဒ်က ရိုးရှင်း တက်တာမြန်သလို ရှာတဲ့ အခါမှာလဲ Google လို auto suggestion ထည့်ပေးထားပါတယ်။ Result မှာ noun, verb, adj, adv စတာတွေကို ခွဲပေးထားတဲ့ အပြင် voice spelling ပါထည့်ပေးထားပါတယ်။

Read the rest of this entry »

CrossLoop ~ Screen Sharing Tool

CrossLoop ~ Screen Sharing

CrossLoop ဆိုတာ Screen Sharing အလွယ်တကူလုပ်နိုင်ဖို့ ၀န်ဆောင်မှုပေးတဲ့ ဆိုဒ်တစ်ခုပါ။ သူငယ်ချင်း အချင်းချင်း screen share လုပ်ရုံတင်မကပဲ အဲဒီဆိုဒ်မှာ မိတ်ဆွေရဲ့ Softwares, Anti-Virus, iPhone လို topic မျိုးတွေနဲ့ free technical support လုပ်ပေးနေတဲ့ သူတွေလဲ ရှိပါတယ်။ Screen Sharing က Mac မှာ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ Mac.com account ကိုသုံးပြီး iChat မှာ အလွယ်တကူ လုပ်လို့ ရပါတယ်။

Read the rest of this entry »

Blogger Supports Twitter, Recent Posts, Comments Widgets

Blogger Twitter Widget

Google ရဲ့ Draft Blogger (Blogspot) မှာ Picasa photos, Twitter Updates, Recent Posts, Recent Comments တွေကို မနေ့က စပြီး widget အနေနဲ့ အလွယ်တကူ ထည့်လို့ရပါပြီ။ အရင်ကလဲ အဲဒါတွေ ထည့်ချင်ရင် ကိုယ့်ဖာသာ RSS feed, Twitter update JS ဖိုင်တွေနဲ့ ထည့်ရင်ရပေမယ့် အခုတော့ တရားဝင်စပြီး အလုပ်လုပ်တာပါ။

Read the rest of this entry »

App Store Turns 1

App Store Turns 1

မနေ့က 7 ရက်နေ့က Apple ရဲ့ App Store 1 နှစ်ပြည့်တယ်လို့ iTunes မှာ ဖတ်ရတယ်။ အဲဒီ အတွက် သူတို့ iTunes Page တစ်ခုလုပ်ထားပြီး iPhone Game, Apps တချို့ကို စုစည်းပေးထားပါတယ်။ အမှန်တော့ အဲဒါတွေထက် iPod Touch တွေ discount လုပ်ပေးသင့်တာ :D လောလောဆယ်တော့ iPod Touch မှာ အသစ်ထွက်မယ့် 3rd Gen မှာ camera ပါလာနိုင်တယ်လို့ သတင်းတချို့ ကြားနေရတယ်။ ဘာပဲပြောပြောပါ… Happy Birthday App Store

Open Web Tools Directory ~ Mozilla Labs

Mozilla Open Web Tools Directory

Mozilla Labs ကနေ ဒီနေ့ Open Web Tools ဆိုတာကို စပြီး launch (Labs) လုပ်ပါတယ်။ ဒါနဲ့ Open ဆိုတော့ အလကားရမယ် လေ့လာလို့ ရမယ်ဆိုပြီး ၀မ်းသာအားရ ပြေးကြည့်ပါတယ်။ ကွန်နက်ရှင်က မကောင်းတော့ Refresh 5 ခါလောက်နဲ့ ၁၀ မိနစ်လောက် စောင့်လိုက်မှ မြင်ရပါတော့တယ်။ Open Web Tools ဆိုတဲ့ အတိုင်း powerful open source web based/ web technologies တွေကို စုစည်းထားတာကို တွေ့ရပါတယ်။

Read the rest of this entry »

Blog Analytics 2009

Blog Analytics

ကျွန်တော့် blog မှာ ပြီးခဲ့တဲ့ ၄ လစာလောက် အ၀င်အထွက် စာဖတ်သူစာရင်းကို မနေ့ညက ပြန်ကြည့်ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကို ပြန်ပြီး တင်ထားတာပါ။ အခု စာဖတ်သူဖတ်နေတဲ့ ဒီ blog မှာ tracking system 5 ခုရှိပါတယ်။ အမှန်တော့ စာဖတ်သူတွေ ဘယ်လို article မျိုးကို ကြိုက်ကြသလဲ.. ဘယ် ဆိုဒ်တွေက ညွှန်းလို့ ရောက်လာသလဲ၊ Search Engine တွေမှာ ဘယ်လို ရှာပြီး လာခဲ့သလဲကို သိချင်လို့ ထည့်ထားတာပါ။

Read the rest of this entry »

WordPress 2.9 Screenshot Leak!!

WordPress Wireframe

WordPress ရဲ့ အသစ်ထွက်မယ့် version 2.9 ပုံကို ဒီမှာ ကြည့်လို့ရပါပြီ… :D တကယ်တော့ မဟုတ်ပါဘူး အရင်အပတ်က connection အရမ်းမြန်ခဲ့တဲ့ အကြောင်းကို ပြချင်လို့ပါ blog ရေးမယ်ဆိုပြီး ၀င်လိုက်တာ အကြာကြီး ၅ မိနစ်နီးပါးလောက်စောင့်လိုက်တော့ အဲဒီပုံမှာ ပြထားတဲ့ အတိုင်းတက်လာတယ် ပုံတင်ဖို့ upload ကလစ်လုပ်တော့ Lightbox တက်မလာဘူး… စိတ်ကုန်သွားတယ်ဗျာ.. အဲဒီအချိန်တုန်းက Gtalk လဲမတက်ဖူး တက်တာဆိုလို့ Twitter တစ်ခုပဲ Tweetie က နေတက်လာပါတယ်.. ဒါနဲ့ လုံးဝ blog မလုပ်လိုက်ရဘူးပေါ့ဗျာ.. =D အခုလဲ မကောင်းသေးပါဘူး အရင်ထက်တော့ နဲနဲလေး ပိုတက်လာတာပဲ ရှိသေးတယ်။ ဘယ်လိုများ လုပ်စားရပါ့မလဲ.. outsourcing ဆိုတာ ဝေးပြီ…