Blog Analytics 2009


Blog Analytics

ကျွန်တော့် blog မှာ ပြီးခဲ့တဲ့ ၄ လစာလောက် အ၀င်အထွက် စာဖတ်သူစာရင်းကို မနေ့ညက ပြန်ကြည့်ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကို ပြန်ပြီး တင်ထားတာပါ။ အခု စာဖတ်သူဖတ်နေတဲ့ ဒီ blog မှာ tracking system 5 ခုရှိပါတယ်။ အမှန်တော့ စာဖတ်သူတွေ ဘယ်လို article မျိုးကို ကြိုက်ကြသလဲ.. ဘယ် ဆိုဒ်တွေက ညွှန်းလို့ ရောက်လာသလဲ၊ Search Engine တွေမှာ ဘယ်လို ရှာပြီး လာခဲ့သလဲကို သိချင်လို့ ထည့်ထားတာပါ။

ထည့်ထားတာတွေ Google Analytics, MyBlogLog, StatCounter, WP Stat (WordPress Plugin), StatPress (WordPress Plugin) တွေသုံးထားပါတယ်။ Loading time အတွက် လျှော့ဖို့ စဉ်းစားပေမယ့် တကယ်တန်းတွက်ကြည့်လိုက်တော့ ဖိုင်ဆိုဒ်လေးတွေက သေးပြီး လျှော့လဲ ပိုပြီးသိသိသာသာ မြန်လာမှာ မဟုတ်တာနဲ့။ ဒီအတိုင်းထည့်ထားတာပါ။ အဲဒီ 5 ခုလုံးမှာ အားသာချက်တွေ တစ်ခုစီရှိကြပါတယ်။

အခုအောက်ကပုံတွေက တော့ Google Analytics က result တွေပါ။ Google Analytics က ထည့်ထားတာ ၁ လလောက်ပဲ ရှိပါသေးတယ်။ အရင် blogspot မှာတုန်းက ထည့်ထားတယ်။ အသစ်ပြောင်းပြီး ကတည်းက မထည့်ဖြစ်တာပါ။ လက်ရှိ အခု blog က ပုံမှန်နည်းပညာမျိုး၊ web အကြောင်း၊ personal (တခါတလေ) ရေးတာမျိုးသာရှိပေမယ့် Search Engine Keyword တွေမှာ အဆန်းတွေ နဲ့ရောက်လာတာမျိုးတွေလဲ ရှိပါတယ်။ အထူးခြားဆုံးလို့ပြောရရင် နေ့တိုင်းနီးပါး ကျွန်တော့်ဆိုဒ်ကို Google မှာ www.htootayzar.com လို့ ရှာပြီးမှာ တစ်ဆင့် ရောက်လာတာ ၁၃ ယောက် လောက်အမြဲလိုလို ရှိပါတယ်။ ကြည့်ရတာ search box ထဲမှာ (Address box နဲ့မှားပြီး) ကျွန်တော့် လိပ်စာကို ထည့်မိပြီး ရောက်လာကြတယ် ထင်ပါတယ်။

Traffic Sources

Traffic Source ကတော့ ကျွန်တော့်ဆီမှာ ရှင်းပါတယ်။ ကွန်ပျူတာနဲ့ ဆိုင်တာတွေ ရေးမိတော့ လာတဲ့သူအများစုက Search Engine ကနေ computer အကြောင်းရှာရင်း ရောက်လာတာ အများဆုံးပါပဲ။ Referral ဆိုဒ်တွေက ဒုတိယ အများဆုံးလာပါတယ်။

Traffic Sources

Browsers Usage

Web Browsers သုံးတာ အများဆုံးကတော့ Firefox က အများဆုံးဆိုလို့ ၀မ်းသာရပါတယ်။ Internet Explorer သုံးတဲ့သူတွေက ဒုတိယ အများဆုံးပါ။ အမှန်တော့ ကျွန်တော့် blog မှာ IE 6 fix တွေ ထည့်မထားတဲ့ အတွက် တစ်ခါတစ်ရံ box model ပုံပျက်နေတာ တွေ့ရနိုင်ပါတယ်။

Chart

Country

Map
ကျွန်တော့် blog ကို အများဆုံးလာရောက် အားပေးဖတ်ရှု့ ကြတာက မြန်မာ နဲ့ စင်ကာပူက အများဆုံးပါပဲ။ နောက် US က တတိယ ဆိုတော့ သူကတော့ စာဖတ်သူလို့ တွက်လို့ မရနိုင်ဘူး.. US ကလာတဲ့ visitor အများစုက Apple, iPhone, Adobe Air လိုမျိုးတွေ ရှာရင်းလာကြတာတွေ ဆိုတော့ မြန်မာလို တတ်တဲ့ သူတွေ မဖြစ်နိုင်လောက်ပါဘူး။ နံပတ်လေးက ပြောစရာမရှိပါဘူး.. နံပါတ် ၅ က UAE က လာကြတာတွေကိုတော့ ကျွန်တော် မြန်မာလို့ပဲ ယူဆပါတယ်.. ဘာလို့လဲဆိုတော့ ကျွန်တော်လဲ တစ်ခါတစ်လေ UAE ကပဲ blog ရေးတာကိုး ခင်ဗျ =P

Country

Referral Sites {I like to say Thanks Bros & Sis for Referring}

Refferral List

ကျွန်တော့် blog ရဲ့ အကြီးဆုံး traffic လမ်းကြောင်းလို့ ပြောလို့ရပါတယ်။ အခြား Blogs, Sites တွေ ကနေ ညွှန်းပေးကြတာပါ။ ကျွန်တော့် blog post တွေကို RSS reader တွေမှာ share လုပ်ပေးကြတယ်၊ Blog Sidebar ကနေ Share လုပ်ပေးကြတယ်၊ နောက် Blog Roll မှာ ကျွန်တော့်ကို သတိတရ ထည့်ပေးကြတဲ့ ညီအကို၊ မောင်နှမ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကျွန်တော်က အခြား Blogs တွေကို RSS reader ကပဲ ဖတ်ပြီး ကဖေးက သုံးရတာ ဖြစ်လို့ ဆိုဒ်တွေကို သွားပြီး မလည်ဖြစ်၊ ကွန်မန့် မရေးဖြစ်ပါဘူး။ အဲဒီ အတွက် မိတ်ဆွေလဲ အလွန်နဲပါတယ်.. ဒီလို လူသိနဲတဲ့ blog ကို အခုလို link ပေးကြတယ်၊ Share လုပ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော့် blog က ဖတ်မယ့်သူကို ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ညွှန်းပေးကြတဲ့ ညီအကို၊ မောင်နှမတွေ၊ Forum တွေ ကို အခု မှတ်မိသလောက် ပြန်ပြီး Lists လုပ်ထားလိုက်ပါတယ်။ ကျွန်တော်ရေးဖို့ ကျန်နေတဲ့ မိတ်ဆွေတွေလဲ အများကြီး ရှိပါဦးမယ်..

Blogs

Forums

Search Keywords

Keyword တွေမှာ အများဆုံးလာတာကို ပြောပါဆိုရင် MRTV4 ဆိုတဲ့ စာကားလုံးကို ပြောရပါလိမ့်မယ်။ တစ်နေ့ကို အယောက် ၂၀ ၀န်းကျင်လောက် နေ့တိုင်းဝင်လာပါတယ်။ အမှန်က ကျွန်တော်ရေးထားတာ MRTV4 Web Site အကြောင်းရေးထားတာပါ။ ဒါကို အများစုက ကျွန်တော့် ဆိုဒ်က MRTV4 တရားဝင် ဆိုဒ်ထင်ပြီး သီချင်းတောင်းနေကြတယ်။ သတင်းတွေ ပြန်လွှင့်ပေးဖို့ ပြောကြပါတယ်။ ကျွန်တော်က ရေးသာရေးတာ အဲဒါမျိုးကြတော့ ခေါင်းခဲရပါတယ်.. အိမ်မှာက TV တောင် မကြည့်တာ (အင်တာနာ မတက်တာ) 5 နှစ်နီးပါးလောက်ကို ရှိပြီဆိုတော့ တစ်ခါတစ်လေမှ သူများအိမ်မှာ ကြည့်ဖြစ်တာမျိုးပဲ ရှိတယ်။

နောက် WordPress Framework, Satan Face from 9/11, Apple MacTouch Prototype, ဒွေး, Burma တို့ကလဲ ကျွန်တော့် ဆိုဒ်ရဲ့နာမည်ကြီး keywords တွေပါ။ အဲဒါတွေကနေလာပါတယ်.. နောက် Ultra-Surf လဲပါသေးတယ်။ နောက် ကျွန်တော်ရဲ့ရာသီအလိုက် Post တွေကလဲ ဘလော့ဂ်ကို လူအ၀င်များအောင် စွမ်းဆောင်ပေးပါတယ်.. ဥပမာ – သင်္ကြန်၊ သီတင်းကျွတ်၊ New Year, Christmas, Blog Day လိုမျိုးတွေပါ။

List

Blog မှာ အထက်က ပြောခဲ့သလို Stat တွေ အပြင် အခြား RSS feed stat တွေလဲရှိပါသေးတယ်။ ဘယ် reader မျိုးနဲ့ ဖတ်တယ်၊ အသုံးများတဲ့ Screen Resoultion, Avg. Time တွေလဲ ရှိသေးပေမယ့် မတင်တော့ပါဘူး။ လက်ရှိမှာတော့ RSS subscribe လုပ်ထားသူက 150 ကျော်သာလျှင်ရှိပါတယ်။ ဒါက ပုံမှန်ဆိုရင် နဲတယ်လို့ ပြောလို့ ရပေမယ့်၊ ကျွန်တော့်လို Social skill မကျွမ်းတဲ့ သူတစ်ယောက် အဖို့တော့ များတယ်လို့ ပြောလို့ ရပါတယ်။ နောက် နေ့စဉ်ဆိုဒ်ကို bot တွေလဲ လာပါတယ်.. Google bot, Yahoo, Ask, Bing, Google Adsense bot, Feedburner အစရှိတာတွေ လာပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် blog လေးကို ဘယ်ကပဲ ရောက်လာရောက်လာ ၀င်ရောက်ဖတ်ရှု့ ကြသူတွေ၊ subscribe လုပ်ဖတ် ကြသူတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ Search Engine ကနေ မြန်မာစာ မတတ်ပဲ ရောက်လာကြတဲ့ မိတ်ဆွေများကိုလဲ “Thank You!!” ပါ ခင်ဗျား =D



Related Posts

10 Comments so far »

  1. kom said,

    Wrote on July 7, 2009 @ 1:54 am

    လာဖတ်သွားတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  2. မျက်လုံး said,

    Wrote on July 8, 2009 @ 12:46 am

    Google Analytic Stat တွေကို Blog မှာ Live ပြပေးတဲ့ Widget အရင်တုန်းက ရှိတယ်ဗျ။ Google Analytic က နောက်ပိုင်း Version မြှင့်ပြီးနောက်ပိုင်းမှာ အဲဒီ Widget က အလုပ်မလုပ်တော့ဘူး။

    ဒါပေမယ့် Google Analytic က နေ့တိုင်း ပို့ပေးတဲ့ Analytic Report(XML/PDF) ကို ဘလော့မှာ Widget အနေနဲ့ ပြန်ပြလို့ရအောင် လုပ်လို့ရနိုင်မယ်။

    Like or Dislike: Thumb up 0 Thumb down 0

  3. MrDBA said,

    Wrote on July 8, 2009 @ 8:36 am

    http://getclicky.com/ ဆိုတာလေးလဲ ကောင်းတယ်။ သူက Google Analytic နဲ့မတူတာက နေ့ချင်းဒေတာရတယ်။ Google ကတစ်ရက်နောက်ကျပြီးမှ သိရတယ်။ http://getclicky.com/ ကဖရီးဗားရှင်းမှာတောင် အသုံးတည့်တာတွေ တော်တော်များနေပြီ။ စမ်းကြည့်ပါလား။
    ကျွန်တော့်ဆီကလာတဲ့ လင့်ကတော့ အရေအတွက်နည်းမှာပါလေ။ ကျွန်တော့်ဆီတောင် လူသိပ်မလာတာဆိုတော့။

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar said,

    Wrote on July 9, 2009 @ 9:03 am

    @ ကိုမျက်လုံး ~ Google Analytics ကို blog admin panel ထဲတင်ပြအောင် လုပ်လို့ရတဲ့ plug in ရှိတယ် အကို… ကျွန်တော်တော့ မစမ်းဖူးဘူး..

    @ MrDBA ~ GetClicky မိုက်တယ် အကိုရေ တော်တော်ကောင်းတာပဲ ကြိုက်သွားပြီ… ကျေးဇူးပါ အကို… လူကတော့ ကျွန်တော့်ဆီလဲ မထူးပါဘူးအကို လာဖတ်တဲ့သူ နည်းပါတယ်.

    Like or Dislike: Thumb up 0 Thumb down 0

  5. သဉ္ဖာ said,

    Wrote on July 9, 2009 @ 9:32 am

    “ကျွန်တော်လဲ တစ်ခါတစ်လေ UAE ကပဲ blog ရေးတာကိုး ခင်ဗျ ” ဆိုတာကို ဖတ်ပြီး နည်းနည်းတောင် ကြောင်သွားတယ်။ ယူအေအီးများ သွားလည်သလားပေါ့။ နောက်မှ သဘောပေါက်သွားတယ် :D

    Like or Dislike: Thumb up 0 Thumb down 0

  6. ကောင်းခန့် said,

    Wrote on July 9, 2009 @ 12:27 pm

    လမ်းမှားပြီးရောက်လာသော ဆိုဒ်လေးပါ ။ ပညာရပ်ဆိုင်ရာများ အတော်စုံလင်ပါသည် ။ စာဖတ်သူသက်သက်ပါ ။ ကွန်ပျူတာနဲ့ပတ်သက်ပြီးဗဟုသုတနည်းသူပါ ။ နောက်လည်းလာဖတ်ပါဦးမည် ။တစ်ခုလောက်ဖြေကြားပေးပါ ။ စီဘောက်စ် မှာ ပညာရပ်ဆိုင်ရာမေးခွန်းများကို မေးတဲ့အခါ မေးလ်မှ တဆင့် တခါတရံ စိတ်အနှောင့်အယှက်ဖြစ်စရာ မေးလ်များ လက်ခံ
    ရပါတယ် ။ ကိုယ့်မေးလ်လိပ်စာ ခြေရာမကျန်ခဲ့စေရန် မည်ကဲ့သို့ ပြုလုပ်
    ရမည်ကို ဖြေကြားပေးစေလိုပါတယ် ။ ကျေးဇူးတင်ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  7. Htoo Tay Zar said,

    Wrote on July 9, 2009 @ 5:21 pm

    Cbox မှာ email လိပ်စာ မထည့်ဘဲ.. နာမည်နဲ့ ရေးချင်တဲ့ message ထည့်ရင်လဲ ရပါတယ်.. စမ်းကြည့်ပါဦး.. Blog တွေမှာ Comment ရေးမယ်ဆိုရင်တော့ email မထည့်မနေရ ထည့်ရပါတယ်.. ဒါပေမယ့် ဘယ် blog ပိုင်ရှင်ကမှတော့ အခြားသူကို မပေးကြပါဘူး.. ကျွန်တော်ဆိုလဲ အခု မိတ်ဆွေထည့်ခဲ့တဲ့ email ကို မြင်ရတာပါပဲ. ဒါပေမယ့် ဘာမှ မလုပ်ပါဘူး လုပ်စရာလဲမရှိပါဘူး.. မိတ်ဆွေဆီလာတဲ့ email တွေက ကျွန်တော်ထင်တာ blog တွေကထက် social network (friendster, zorpia, facebook) တို့လိုကနေ လာတာမျိုး ဖြစ်မလား မသိပါဘူး

    Like or Dislike: Thumb up 0 Thumb down 0

  8. Htoo Tay Zar said,

    Wrote on July 12, 2009 @ 11:25 pm

    တစ်ခါတလေဆို UAE တင် မကဘူး ဂျာမနီ၊ အမေရိက၊ ရုရှားတို့ကပါ ရေးတယ်.. ပိုက်ဆံအတော်ချမ်းသာလို့ နိုင်ငံစုံပတ်ပြီး ဘလော့ဂ်ရေးတယ် ထင်စရာပဲ =D

    Like or Dislike: Thumb up 0 Thumb down 0

  9. Than Win Naing said,

    Wrote on July 16, 2009 @ 10:49 pm

    ကျွန်တော်လဲ တစ်ခါတစ်လေ UAE ကပဲ blog ရေးတာကိုး ခင်ဗျ

    :)
    :)
    :)

    Like or Dislike: Thumb up 0 Thumb down 0

  10. ထွေးငယ် said,

    Wrote on March 13, 2010 @ 2:28 pm

    blog visitors တွေနဲ့ ပတ်သက်ပြီး ဒီလိုပိုစ့်လေးတခု သေသေချာချာ ရေးထားတာ သဘောကျမိတယ်…
    ပြီးတော့ မနာလိုဘူးပေါ့လေ.. :)
    စစသုံးတုန်းက blog.com က အေးအေးဆေးဆေးပေါ့…
    ခုတော့ သူလည်း ကျော်ဖို့ခွဖို့ လိုနေတော့ UAE ကိုရောက်ဖြစ်ပါတယ်..:)

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: