CrossLoop ~ Screen Sharing Tool

CrossLoop ဆိုတာ Screen Sharing အလွယ်တကူလုပ်နိုင်ဖို့ ၀န်ဆောင်မှုပေးတဲ့ ဆိုဒ်တစ်ခုပါ။ သူငယ်ချင်း အချင်းချင်း screen share လုပ်ရုံတင်မကပဲ အဲဒီဆိုဒ်မှာ မိတ်ဆွေရဲ့ Softwares, Anti-Virus, iPhone လို topic မျိုးတွေနဲ့ free technical support လုပ်ပေးနေတဲ့ သူတွေလဲ ရှိပါတယ်။ Screen Sharing က Mac မှာ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ Mac.com account ကိုသုံးပြီး iChat မှာ အလွယ်တကူ လုပ်လို့ ရပါတယ်။
ဒါပေမယ့် Windows မှာတော့ Native Software မပါတဲ့ အတွက် အခုလို ဆော့ဝဲမျိုး သုံးရပါမယ်။ အခု software က Windows 2000 နှင့် အထက်က XP, Vista အပါအ၀င် အလုပ်လုပ်ပါတယ်။ နောက် Mac OS အတွက် လဲ သုံးချင်ရင် အခု အသစ်ရနေပါပြီ။ အခု software သုံးပြီး အနဲဆုံးတော့ အခြား ကွန်ပျူတာ ပြသနာ ဖြစ်နေသူတွေရဲ့ စက်ကို technical ပိုင်း ဆိုင်ရာကို အဝေး (အင်တာနက်) ကနေ တစ်ဆင့် လှမ်းပြီး ကူညီဖို့ အတွက်သုံးနိုင်သလို Online teaching အတွက်ပါသုံးနိုင်ပါတယ်။





သူရိန် said,
Wrote on July 14, 2009 @ 9:37 pm
Team Viewer နဲ့ဘာကွာလဲ ကိုထူးတေဇာ နဲနဲရှင်းပြပေးပါလား။